(၅)ပေါင်နဲ့ဝယ်ထားတဲ့ စစ်တုရင်အရုပ်ကလေးကို ပေါင် (၇)သိန်းကျော်နဲ့ ပြန်ရောင်းနိုင်ခဲ့ပြီ
Endinbrugh အိမ်က အံဆွဲထဲမှာ သိမ်းထားတဲ့ အေဒီခေတ်က စစ်တုရင်ရုပ်တရုပ်ကို လေလံပွဲမှာ ပေါင် (၇၃၅၀၀၀)နဲ့ ရောင်းချခဲ့ပါတယ်။ အဲဒီအရုပ်ရဲ့ အရင်ပိုင်ရှင်က သက်တမ်းကြာမြင့်နေ ပြီဖြစ်တဲ့ Lewis စစ်တုရင်ရုပ်ကလေးမှန်း မသိခဲ့ပါဘူး။
ဒီစစ်တုရင်ရုပ်ကလေးကို (၁၈၃၁)ခုနှစ်က Lewis ကျွန်ပေါ်က သဲတောင်ပူစာထဲမှာ မြုတ်နေတာကို တွေ့ခဲ့ရတာပါ။ ဒါပေမယ့် ကျန်တဲ့ငါးခုကတော့ လှို့ဝှက်စွာပျောက်ဆုံးနေဆဲပဲ ဖြစ်ပါတယ်။ ဒီအရုပ်ကလေးရဲ့ ပိုင်ရှင်အသစ်နာမည်ကတော့ မဖော်ပြထားပါဘူး။
Sothebyလေလံဌာန ကတော့ ဒီအရုပ်က အေဒီခေတ်က စစ်တုရင်ရုပ်ဈေးကွက်မှာ ဈေးနှုံးက စံချိန်သစ်တင်ထားပါ တယ်လို့ ပြောပါတယ်။ Edinburgh က ရှေးဟောင်းပစ္စည်းရောင်းဝယ်သူတွေက မိသားစုအစဉ်အဆက် လက်ဆင့်ကမ်း အမွေပေးလာတဲ့ ပင်လယ်ဖျံကြီးရဲ့အစွယ်နဲ့လုပ်ထားတဲ့-
ဒီ (၈.၈ cm) အရွယ် အရုပ်ကလေးရဲ့ အရေးကြီးတဲ့အချက်ကို မသိကြပါဘူး။ လန်ဒန်မြို့က Sotheby လေလံဌာကို လေလံတင်ဖို့ မယူလာခင်ထိ ဒီအရုပ်ကလေးရဲ့ အရေးပါမှုကို မသိပဲနဲ့ (၅၅)နှစ်ကြာအောင် ရှာဖွေနေခဲ့ကြတာပါ။ Lewis စစ်တုရင်ရုပ်တွေဟာ လူအများစိတ်ဝင်စားကြပြီး-
၎င်းအရုပ်တွေဟာ ဗြိတိန်ပြတိုက်နဲ့ Edinbrugh မှာရှိတဲ့ စကော့တလန်အမျိုးသားပြတိုက်မှာ ရှိကြပါတယ်။ စကန်နေဗီးယားကျွန်းစုဝင် နော်ဝေးနိုင်ငံမှာ ပြုလုပ်ထားတာ ဖြစ်နိုင်ချေရှိပြီး ဥရောပရဲ့အရေးကြီးတဲ့ ယဉ်ကျေးမှု ပြယုတ်အဖြစ် တွေ့မြင်ကြရ ပါတယ်။
Sotheby ရဲ့ ကျွမ်းကျင်ရာဖြတ်အရာရှိအလက်ဇန္ဒားကတော့ ဒီအရုပ်ရဲ့တန်ဖိုးကို ထုတ်ဖော်ပြောလိုက်ချိန်မှာ မိသားစုဝင်တွေဟာ ပါးစပ်အဟောင်းသား ဖြစ်သွားတယ်လို့ ပြောပါတယ်။ အသစ်တွေ့ရှိတဲ့ ဒီအရုပ်ကလေးက အလွန်ထူးကြီးမားတဲ့ ရဲစွမ်းသတ္တိနဲ့
တန်ခိုးအဏာကြီးမားတဲ့ ဓား၊ ဒိုင်း၊ ခမောက်ဆောင်းထားတဲ့ လူရုပ်ကလေးတစ်ရုပ်ပဲ ဖြစ်ပါတယ်။ ထူးခြားတဲ့သဘောတရားတွေ မသိပေမယ့် မူလမိသားစုအတွက်တော့ ဒီအရုပ်ကလေးဟာ (၁၂)ရာစုနောက်ပိုင်း၊ (၁၃)ရာစုအစောပိုင်းတွေရဲ့ ရတနာလို့ သတ်မှတ်ခဲ့ကြတာပါ။
သေဆုံးသွားတဲ့ ပိုင်ရှင်ဟောင်းရဲ့ အမေကတော့ ဒီအရုပ်ကလေးကို မှော်စွမ်းအားတွေ ရှိတယ်လို့ ယုံကြည်ထားပါတယ်။ Lewis စစ်တုရင်ရုပ်အစုံက ထိုင်နေတဲ့ ဘုရင်ရုပ်၊ မိဖုရားရုပ်၊ စစ်ကဲရုပ်၊ မြင်းရုပ်နဲ့ မတ်တပ်ရပ်နေတဲ့ (ခေတ်သစ်စစ်တုရင်မှာ နယ်ရုပ်နဲ့တူတဲ့) အကြပ်ရုပ်တို့ ပါဝင်ပါတယ်။
Credit \\ original





