ကိုေအာင္ႏိူင္သူသို႔ ..အိပ္ဖြင့္ေပးစာ ။
ကိုေအာင္ႏိူင္သူခင္ဗ်ား………
ကြၽန္ေတာ္ အရင္ဆံုး ကိုယ့္ကိုကိုယ္ မိတ္ဆက္ေပးပါေစ ။ ကြၽန္ေတာ္ ေသာ္ဇင္ ၊ မနၱေလးသား အစစ္ပါ ။ မနၱေလးမွာ ေမြး မနၱေလးမွာပဲ ႀကီးျပင္းခဲ့တာပါ ။
အဲဒီေတာ့ ကြၽန္ေတာ္နဲ႔ ကိုေအာင္ႏိူင္သူက တၿမိဳ႕တည္းသားေတြပဲမဟုတ္လား ။ ကြၽန္ေတာ္နဲ႔ ကိုေအာင္ႏိူင္သူနဲ႔ တစ္ခါမွ မဆံုဖူးေပမဲ့ ကိုေအာင္ႏိူင္သူ ဒ /န မွာ လုပ္ေနကတည္းက ကြၽန္ေတာ္ ခင္ဗ်ား နာမည္ကို ရင္းႏွီးေနတာပါ ။
ကြၽန္ေတာ္သာ မဟုတ္ ၊ အျခား မနၱေလးေဒသခံေတြလည္း ခင္ဗ်ားနာမည္ကို ေကာင္းေကာင္းရင္းႏွီးေနၾကပါတယ္ ။ ဘာလို႔လည္းဆိုေတာ့ ခင္ဗ်ားက ဒုစ႐ိုက္မႈ ့မ်ားစြာကို ကိုယ္စြမ္း ဥာဏ္စြမ္း ရိွသမ်ွ ေဖာ္ထုတ္ႏိူင္ခဲ့လို႔ ေကာင္းသတင္းနဲ႔ ေက်ာ္ေဇာခဲ့တာေလ ။ ဒါကိုေတာ့ ခင္ဗ်ား လက္ခံေပးပါ ။ ကြၽန္ေတာ္က ခင္ဗ်ားအတြက္ ေလာ္ေပးေနတာ မဟုတ္ပါဘူး။
ေနာက္ပိုင္း ခင္ဗ်ား ရာထူးေတြ အဆင့္ဆင့္ တိုးၿပီး ထိပ္ပိုင္းကို ေရာက္သြားတဲ့ အတြက္လည္း မနၱေလးသားတစ္ေယာက္အေနနဲ႔ ဂုဏ္ယူမဆံုး ျဖစ္ရပါတယ္ ။ ကြၽန္ေတာ့္ထက္ နန္းေ႐ွ႕သားေတြကလည္း ဂုဏ္ယူေနၾကမွာပါ ။
ကိုေအာင္ႏိူင္သူေရ ………..
ကြၽန္ေတာ္ ေျပာခ်င္တဲ့ အေၾကာင္းအရာက အခုမွ စမွာပါ ။
မေန႔က ခင္ဗ်ား သတင္းစာ ႐ွင္းလင္းပြဲလုပ္တဲ့ သတင္းကို ကြၽန္ေတာ္ ၾကည့္ျဖစ္ပါတယ္ ။ Victoria သမီးေလး အမႈ ့နဲ႔ ပတ္သတ္တဲ့ သတင္းစာ႐ွင္းလင္းပြဲကို ကြၽန္ေတာ္ ဘဝင္မက်တဲ့ အခ်က္ေလးေတြ ရိွလို႔ ဒီစာကို ေရးရတာပါ ။
အခု ကြၽန္ေတာ္ေျပာမဲ့ ကိစၥက အစြန္းႏွစ္ဖက္ကို မယိမ္းသလို ပုဂိၢဳလ္ေရးလည္း မပါ ပါဘူး ။
ခင္ဗ်ားဟာ ႏွစ္ေပါင္းမ်ားစြာ ရဲတပ္ဖြဲ ့မွာ က်င္လည္ခဲ့တဲ့ ပုဂိၢဳလ္ပါ ။ တပ္ဖြဲ ့ရဲ႕ အားနည္းခ်က္ ၊ အားသာခ်က္ေတြကို ခင္ဗ်ား အသိဆံုးျဖစ္မယ္ဆိုတာ သံသယမရိွပါဘူး ။
ဒါေပမဲ့ဗ်ာ
အခုျဖစ္သြားတဲ့ သက္ငယ္မုဒိန္းကိစၥမွာ တစ္ခိ်ဳ ့အခ်က္ေလးေတြ အံေခ်ာ္ေနတာကို ခင္ဗ်ား ပိုသိမွာပါ ။ ဒါေပမဲ့ သတင္းေထာက္ေတြ စာနယ္ဇင္းေတြေ႐ွ႕မွာ ေျပာခဲ့တာေတြက အမွန္ေတြဆိုရင္ေတာ့ ျပသနာ မရိွေပမဲ့ အကယ္၍ ဒီကိစၥမွာ ခင္ဗ်ား ေျပာၿပီးမွ ေနာက္ဆက္တြဲေတြ ထြက္လာခဲ့ရင္ဆိုတဲ့ အေတြးမိ်ဳး ကြၽန္ေတာ္ ေတြးမိပါတယ္ ။ ရဲလုပ္ငန္းဆိုတာ ဘယ္ေလာက္ သိမ္ေမြ ့နက္နဲလည္းဆိုတာ ကြၽန္ေတာ္ သိသင့္သေလာက္ သိပါတယ္ ။
ကြၽန္ေတာ္ မနၱေလးသားအခ်င္းခ်င္းမို႔ ညီအကိုလို သေဘာထားၿပီး ေမးခ်င္ပါတယ္ ။
၁ ။ သံသယ တရားခံက V ေလးကို လက္နဲ႔ထိုးသြင္းတယ္ဆိုတာ 100% ေသခ်ာပါသလား ။
၂ ။ အဲဒီလက္မွာ သုတ္ပိုးပါႏိူင္တယ္လို႔ ေကာက္ခ်က္ခ်တာေရာ 100% မွန္ႏိူင္ပါသလား ။
၃ ။ ေက်ာင္းပိုင္႐ွင္နဲ႔ အဖြဲ႔က ေက်ာင္းမွာ ျဖစ္တာ မဟုတ္ဘူးလ့ို တြင္တြင္ ေျပာေနေပမဲ့ ခင္ဗ်ားက ကေလးရဲ႕ အိမ္ရယ္ ကားရယ္ ဖယ္လိုက္ရင္ ေက်ာင္းမွာပဲ ျဖစ္ႏိူင္တယ္လို႔ ေကာက္ခ်က္ခ်တာ 100% မွန္ကန္ႏိူင္မလား ။
၄ ။ CCTVထဲကပံုကို ကေလးက လက္ညိဳးထိုးျပၿပီး အဲဒီကိုကိုလို႔ ေျပာတာကို 100% လက္ခံပါသလား ။
၅ ။ ဒုတိယအႀကိမ္ CID ကလႊဲေျပာင္း စစ္ေဆးေတာ့ ကိုကို ညီညီ ကိစၥက ဘာလို႔ မပါေတာ့တာလည္း ။
၆ ။ သက္ေသ မႏွင္းႏုက သူမေျပာခ်င္လည္း မေျပာပဲေနလို႔ရတယ္ဆိုတာကို ခင္ဗ်ား ေက်ေက်နပ္နပ္ႀကီး လက္ခံပါသလား ။ မေျပာခ်င္ရင္ ေျပာလာေအာင္ သိမ္ေမြ ့တဲ့နည္းနဲ႔ စစ္ရမွာ ( Psycho test ) ခင္ဗ်ားတို႔ CID ရဲ႕ တာဝန္ မဟုတ္လား ။
၇ ။ ကေလးရဲ႕ေျပာစကား
ကိုကိုလုပ္တာ
ဆရာမက ေရေဆးေပးေသးတယ္
ကိုကို႔ကိုလည္း ဆူတယ္ ဆိုတဲ့ စကားကို အေရးမလုပ္တာလား ။
မွတ္ခ်က္။ ကေလးကေတာ့ မလိမ္ေလာက္ပါဘူး ။
၈ ။ ေနာက္ဆံုးအခ်က္ပါ ။
အခင္းျဖစ္ၿပီးေနာက္ သမီးေလးကို ကိုကို ညီညီတို႔နဲ႔ ေခၚျပပါသလား ။
ကိုေအာင္ႏိူင္သူေရ……………..
ကြၽန္ေတာ္တို႔ မနၱေလးသားေတြ အမ်ားစုက လူတစ္ဖက္သားကို ကူညီခ်င္တဲ့ စိတ္ရိွၾကပါတယ္ ။ ခင္ဗ်ား ပိုသိပါတယ္ ။ ဆိုလိုတာက ကူညီတယ္ဆိုတဲ့ ေနရာမွာလည္း မတရားမႈ ့မွာ တရားတဲ့ဖက္ကို ကူညီၾကတာပါ ။
ဒီကိစၥက ကြၽန္ေတာ့္အျမင္ေျပာရရင္ ခင္ဗ်ား ဘဝနဲ႔ ဆိုင္တယ္ဆိုတာ သိမွာပါ ။ သတင္းစာ ႐ွင္းလင္းပြဲက ခင္ဗ်ား ဒိုင္ခံၿပီး ႐ွင္းသြားတဲ့အတြက္ ခင္ဗ်ားတာဝန္ယူရေတာ့မယ္ဆိုတာ သေဘာေပါက္ၿပီးသား ျဖစ္ပါလိမ့္မယ္ ။ ကြၽန္ေတာ္တို႔ကေတာ့ အမွန္ကိုပဲ လိုလားတာပါ ။
အကယ္၍ ( If ) ဆိုတဲ့ စကားျဖစ္လာရင္ေတာ့ တာဝန္ရိွတဲ့ ဝန္ထမ္းတစ္ေယာက္အေနနဲ႔ တာဝန္ခံေစခ်င္ပါတယ္ ။
ဘာပဲ ေျပာေျပာေပါ့ဗ်ာ ။
ခင္ဗ်ားေၾကာင့္ မနၱေလး ဂုဏ္တက္ခဲ့ရသလို ခင္ဗ်ားေၾကာင့္ မနၱေလးသားေတြ အ႐ွက္ မရေစခ်င္ဘူး ။ အမွန္တရားကို ျမတ္ႏိူးတယ္ဆိုတာကလည္း ေလာကီသားေတြအတြက္ အခိ်န္အကန္႔အသတ္ရိွတယ္ဆိုတာ ကြၽန္ေတာ္ နားလည္းပါတယ္ ။
ခင္ဗ်ားရဲ႕ တာဝန္ယူရဲ႕စိတ္ဓာတ္ကို ဒီထက္ ပိုျမႇင့္တင္ႏိူင္ပါေစလို႔ ဆနၵျပဳပါတယ္ ။
မနၱေလးသား ၊ နန္းေ႐ွ႕သား ၊ မုန္တိုင္ဇရပ္သား ပီသႏိူင္ပါေစ ။
ေလးစားစြာျဖင့္
ThawZin
CD:
Unicode Version
ကိုအောင်နိူင်သူခင်ဗျား………
ကျွန်တော် အရင်ဆုံး ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါစေ ။ ကျွန်တော် သော်ဇင် ၊ မန္တလေးသား အစစ်ပါ ။ မန္တလေးမှာ မွေး မန္တလေးမှာပဲ ကြီးပြင်းခဲ့တာပါ ။
အဲဒီတော့ ကျွန်တော်နဲ့ ကိုအောင်နိူင်သူက တမြို့တည်းသားတွေပဲမဟုတ်လား ။ ကျွန်တော်နဲ့ ကိုအောင်နိူင်သူနဲ့ တစ်ခါမှ မဆုံဖူးပေမဲ့ ကိုအောင်နိူင်သူ ဒ /န မှာ လုပ်နေကတည်းက ကျွန်တော် ခင်ဗျား နာမည်ကို ရင်းနှီးနေတာပါ ။
ကျွန်တော်သာ မဟုတ် ၊ အခြား မန္တလေးဒေသခံတွေလည်း ခင်ဗျားနာမည်ကို ကောင်းကောင်းရင်းနှီးနေကြပါတယ် ။ ဘာလို့လည်းဆိုတော့ ခင်ဗျားက ဒုစရိုက်မှု့များစွာကို ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ဖော်ထုတ်နိူင်ခဲ့လို့ ကောင်းသတင်းနဲ့ ကျော်ဇောခဲ့တာလေ ။ ဒါကိုတော့ ခင်ဗျား လက်ခံပေးပါ ။ ကျွန်တော်က ခင်ဗျားအတွက် လော်ပေးနေတာ မဟုတ်ပါဘူး။
နောက်ပိုင်း ခင်ဗျား ရာထူးတွေ အဆင့်ဆင့် တိုးပြီး ထိပ်ပိုင်းကို ရောက်သွားတဲ့ အတွက်လည်း မန္တလေးသားတစ်ယောက်အနေနဲ့ ဂုဏ်ယူမဆုံး ဖြစ်ရပါတယ် ။ ကျွန်တော့်ထက် နန်းရှေ့သားတွေကလည်း ဂုဏ်ယူနေကြမှာပါ ။
ကိုအောင်နိူင်သူရေ ………..
ကျွန်တော် ပြောချင်တဲ့ အကြောင်းအရာက အခုမှ စမှာပါ ။
မနေ့က ခင်ဗျား သတင်းစာ ရှင်းလင်းပွဲလုပ်တဲ့ သတင်းကို ကျွန်တော် ကြည့်ဖြစ်ပါတယ် ။ Victoria သမီးလေး အမှု့နဲ့ ပတ်သတ်တဲ့ သတင်းစာရှင်းလင်းပွဲကို ကျွန်တော် ဘဝင်မကျတဲ့ အချက်လေးတွေ ရှိလို့ ဒီစာကို ရေးရတာပါ ။
အခု ကျွန်တော်ပြောမဲ့ ကိစ္စက အစွန်းနှစ်ဖက်ကို မယိမ်းသလို ပုဂ္ဂိုလ်ရေးလည်း မပါ ပါဘူး ။
ခင်ဗျားဟာ နှစ်ပေါင်းများစွာ ရဲတပ်ဖွဲ့မှာ ကျင်လည်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ ။ တပ်ဖွဲ့ရဲ့ အားနည်းချက် ၊ အားသာချက်တွေကို ခင်ဗျား အသိဆုံးဖြစ်မယ်ဆိုတာ သံသယမရှိပါဘူး ။
ဒါပေမဲ့ဗျာ
အခုဖြစ်သွားတဲ့ သက်ငယ်မုဒိန်းကိစ္စမှာ တစ်ချို့အချက်လေးတွေ အံချော်နေတာကို ခင်ဗျား ပိုသိမှာပါ ။ ဒါပေမဲ့ သတင်းထောက်တွေ စာနယ်ဇင်းတွေရှေ့မှာ ပြောခဲ့တာတွေက အမှန်တွေဆိုရင်တော့ ပြသနာ မရှိပေမဲ့ အကယ်၍ ဒီကိစ္စမှာ ခင်ဗျား ပြောပြီးမှ နောက်ဆက်တွဲတွေ ထွက်လာခဲ့ရင်ဆိုတဲ့ အတွေးမျိုး ကျွန်တော် တွေးမိပါတယ် ။ ရဲလုပ်ငန်းဆိုတာ ဘယ်လောက် သိမ်မွေ့နက်နဲလည်းဆိုတာ ကျွန်တော် သိသင့်သလောက် သိပါတယ် ။
ကျွန်တော် မန္တလေးသားအချင်းချင်းမို့ ညီအကိုလို သဘောထားပြီး မေးချင်ပါတယ် ။
၁ ။ သံသယ တရားခံက V လေးကို လက်နဲ့ထိုးသွင်းတယ်ဆိုတာ 100% သေချာပါသလား ။
၂ ။ အဲဒီလက်မှာ သုတ်ပိုးပါနိူင်တယ်လို့ ကောက်ချက်ချတာရော 100% မှန်နိူင်ပါသလား ။
၃ ။ ကျောင်းပိုင်ရှင်နဲ့ အဖွဲ့က ကျောင်းမှာ ဖြစ်တာ မဟုတ်ဘူးလ့ို တွင်တွင် ပြောနေပေမဲ့ ခင်ဗျားက ကလေးရဲ့ အိမ်ရယ် ကားရယ် ဖယ်လိုက်ရင် ကျောင်းမှာပဲ ဖြစ်နိူင်တယ်လို့ ကောက်ချက်ချတာ 100% မှန်ကန်နိူင်မလား ။
၄ ။ CCTVထဲကပုံကို ကလေးက လက်ညိုးထိုးပြပြီး အဲဒီကိုကိုလို့ ပြောတာကို 100% လက်ခံပါသလား ။
၅ ။ ဒုတိယအကြိမ် CID ကလွှဲပြောင်း စစ်ဆေးတော့ ကိုကို ညီညီ ကိစ္စက ဘာလို့ မပါတော့တာလည်း ။
၆ ။ သက်သေ မနှင်းနုက သူမပြောချင်လည်း မပြောပဲနေလို့ရတယ်ဆိုတာကို ခင်ဗျား ကျေကျေနပ်နပ်ကြီး လက်ခံပါသလား ။ မပြောချင်ရင် ပြောလာအောင် သိမ်မွေ့တဲ့နည်းနဲ့ စစ်ရမှာ ( Psycho test ) ခင်ဗျားတို့ CID ရဲ့ တာဝန် မဟုတ်လား ။
၇ ။ ကလေးရဲ့ပြောစကား
ကိုကိုလုပ်တာ
ဆရာမက ရေဆေးပေးသေးတယ်
ကိုကို့ကိုလည်း ဆူတယ် ဆိုတဲ့ စကားကို အရေးမလုပ်တာလား ။
မှတ်ချက်။ ကလေးကတော့ မလိမ်လောက်ပါဘူး ။
၈ ။ နောက်ဆုံးအချက်ပါ ။
အခင်းဖြစ်ပြီးနောက် သမီးလေးကို ကိုကို ညီညီတို့နဲ့ ခေါ်ပြပါသလား ။
ကိုအောင်နိူင်သူရေ……………..
ကျွန်တော်တို့ မန္တလေးသားတွေ အများစုက လူတစ်ဖက်သားကို ကူညီချင်တဲ့ စိတ်ရှိကြပါတယ် ။ ခင်ဗျား ပိုသိပါတယ် ။ ဆိုလိုတာက ကူညီတယ်ဆိုတဲ့ နေရာမှာလည်း မတရားမှု့မှာ တရားတဲ့ဖက်ကို ကူညီကြတာပါ ။
ဒီကိစ္စက ကျွန်တော့်အမြင်ပြောရရင် ခင်ဗျား ဘဝနဲ့ ဆိုင်တယ်ဆိုတာ သိမှာပါ ။ သတင်းစာ ရှင်းလင်းပွဲက ခင်ဗျား ဒိုင်ခံပြီး ရှင်းသွားတဲ့အတွက် ခင်ဗျားတာဝန်ယူရတော့မယ်ဆိုတာ သဘောပေါက်ပြီးသား ဖြစ်ပါလိမ့်မယ် ။ ကျွန်တော်တို့ကတော့ အမှန်ကိုပဲ လိုလားတာပါ ။
အကယ်၍ ( If ) ဆိုတဲ့ စကားဖြစ်လာရင်တော့ တာဝန်ရှိတဲ့ ဝန်ထမ်းတစ်ယောက်အနေနဲ့ တာဝန်ခံစေချင်ပါတယ် ။
ဘာပဲ ပြောပြောပေါ့ဗျာ ။
ခင်ဗျားကြောင့် မန္တလေး ဂုဏ်တက်ခဲ့ရသလို ခင်ဗျားကြောင့် မန္တလေးသားတွေ အရှက် မရစေချင်ဘူး ။ အမှန်တရားကို မြတ်နိူးတယ်ဆိုတာကလည်း လောကီသားတွေအတွက် အချိန်အကန့်အသတ်ရှိတယ်ဆိုတာ ကျွန်တော် နားလည်းပါတယ် ။
ခင်ဗျားရဲ့ တာဝန်ယူရဲ့စိတ်ဓာတ်ကို ဒီထက် ပိုမြှင့်တင်နိူင်ပါစေလို့ ဆန္ဒပြုပါတယ် ။
မန္တလေးသား ၊ နန်းရှေ့သား ၊ မုန်တိုင်ဇရပ်သား ပီသနိူင်ပါစေ ။
လေးစားစွာဖြင့်
ThawZin
CD:



