” ဗီယက္နမ္လူမ်ိဳး ဇနီးသည္ကို ရုိက္ႏွက္ႏွိပ္စက္တာေၾကာင့္ ဖမ္းဆီးခံလိုက္ရတဲ့ ကိုးရီးယားအမ်ိဳးသားတစ္ဦး”





ေတာင္ကိုးရီးယားႏုိင္ငံရွိ အသက္ ၃၆ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးဟာ ဗီယက္နမ္လူမ်ိဳး ဇနီးသည္ကို ရုိက္ႏွက္မွုနဲ႔ ရဲစခန္းမွာ ဖမ္းခ်ဳပ္ထိန္းသိမ္းခံခဲ့ရပါတယ္။ ရိုက္ႏွက္ခံအမ်ိဳးသမီးဟာ ဗီယက္နမ္တစ္ေယာက္ျဖစ္ၿပီး ကိုးရီးယားလူမ်ိဳးနဲ႔ အေၾကာင္းပါတာေၾကာင့္ ေတာင္ကိုးရီးယားမွာေရာက္ရွိေနတာပဲျဖစ္ပါတယ္။ သူတုိ႔ ဇနီးေမာင္ႏွံမွာ လမ္းေလ်ွာက္တတ္ခါစအရြယ္ သားေလးတစ္ေယာက္ရွိၿပီး မိခင္အရိုက္ခံရတဲ့အခါ ကေလးငယ္ဟာ ရွုိက္ႀကီးတစ္ငင္ ငိုေၾကြးေနခဲ့ပါတယ္။ ကိုးရီးယားလူမ်ိဳး ဗီယက္နမ္ဇနီးသည္ကို ရိုက္ႏွက္ေနခဲ့တာကို ရဲအေနနဲ႔ ဘယ္လို သိရွိၿပီး ဖမ္းဆီးရမိတယ္ဆိုတာ သိရွိဖို႔ ဆက္လက္ဖတ္ရွုလုိက္ၾကရေအာင္။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ ည (၉) နာရီအခ်ိန္အခါမွာ အမ်ိဳးသား တစ္ဦးက ဗီယက္နမ္မွာေရြ႕ေျပာင္းေနထုိင္တဲ့ ဇနီးသည္ကို ျပင္းထန္စြာရိုက္ႏွက္ေနခဲ့တာပဲျဖစ္ပါတယ္။



Yeongam ရဲစခန္းအေနနဲ႔ ဒီကိစၥကို တိုင္ၾကားခံရၿပီးေနာက္ ရိုက္ႏွက္သူ အမ်ိဳးသားကိုဖမ္းဆီး ထိန္းခ်ဳပ္ခဲ့ၾကပါတယ္။ ဒီအျဖစ္အပ်က္မ်ိဳးဟာ အခုမွ ျဖစ္လာတာမဟုတ္ပဲ ေတာင္ကိုးရီးယားႏုိင္ငံသားနဲ႔ လက္ထပ္ထားတဲ့ ႏုိင္ငံျခား အမ်ိဳးသမီးေတြဟာ ဒီလိုအျဖစ္အပ်က္မ်ိဳးေတြ အနည္းနဲ႔အမ်ားႀကံဳေတြ႕ေနရေၾကာင္း ျပည္သူမ်ားမွ ရင္ဖြင့္ေျပာဆုိလာၾကပါတယ္။

အဆိုပါ အမ်ိဳးသားအား Yeongam ရဲစခန္းမွ ဖမ္းဆီးခ်ဳပ္ေႏွာင္ၿပီးေနာက္ လူမွုကြန္ယက္မွာ ဗြီဒီယိုတစ္ခုတက္လာပါတယ္။ ေတာင္ကိုးရီးယားအမ်ိဳးသားတစ္ဦးက ဗီယက္နမ္ဇနီးသည္ကို မညာမတာ ရိုက္ႏွက္ၿပီး ညွင္းပန္းႏွိပ္စက္ေနတဲ့ ဗြီဒီယုိဖိုင္ပါ။ အဆုိပါ ဗြီဒီယိုကို တင္ေပးရတဲ့ ရည္ရြယ္ခ်က္ကေတာ့ ဒီလို အိမ္တြင္း ညွင္းပန္းႏွိပ္စက္မွုေတြ ရွိလာရင္ ၿငိမ္ခံမေနပဲ သက္ဆုိင္ရာကို အေၾကာင္းၾကားတတ္ဖို႔ ၊ မိန္းကေလးမ်ား အိမ္ေထာင္မျပဳခင္ အေသအခ်ာ ေလ့လာစုံစမ္းသင့္ေၾကာင္း ေဖာ္ျပလိုတဲ့အေနနဲ႔ တင္ခဲ့တာပဲျဖစ္ပါတယ္။

ေတာင္ကိုးရီးယားအမ်ိဳးသားဟာ သူ႔ဇနီးသည္ ဗီယက္နမ္အမ်ိဳးသမီးကို ဘယ္လို ညွင္းပန္းႏွိပ္စက္ထားတယ္ဆုိတာ သိရွိဖုိ႔ ဗြီဒီယုိမွာ ဆက္လက္ၾကည္႔ရွုလိုက္ရေအာင္>>


Source-allkpop

Credit: (ပုိပိုေလး)

Unicode Version

တောင်ကိုးရီးယားနိုင်ငံရှိ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ဗီယက်နမ်လူမျိုး ဇနီးသည်ကို ရိုက်နှက်မှုနဲ့ ရဲစခန်းမှာ ဖမ်းချုပ်ထိန်းသိမ်းခံခဲ့ရပါတယ်။ ရိုက်နှက်ခံအမျိုးသမီးဟာ ဗီယက်နမ်တစ်ယောက်ဖြစ်ပြီး ကိုးရီးယားလူမျိုးနဲ့ အကြောင်းပါတာကြောင့် တောင်ကိုးရီးယားမှာရောက်ရှိနေတာပဲဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံမှာ လမ်းလျှောက်တတ်ခါစအရွယ် သားလေးတစ်ယောက်ရှိပြီး မိခင်အရိုက်ခံရတဲ့အခါ ကလေးငယ်ဟာ ရှိုက်ကြီးတစ်ငင် ငိုကြွေးနေခဲ့ပါတယ်။ ကိုးရီးယားလူမျိုး ဗီယက်နမ်ဇနီးသည်ကို ရိုက်နှက်နေခဲ့တာကို ရဲအနေနဲ့ ဘယ်လို သိရှိပြီး ဖမ်းဆီးရမိတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ ည (၉) နာရီအချိန်အခါမှာ အမျိုးသား တစ်ဦးက ဗီယက်နမ်မှာရွေ့ပြောင်းနေထိုင်တဲ့ ဇနီးသည်ကို ပြင်းထန်စွာရိုက်နှက်နေခဲ့တာပဲဖြစ်ပါတယ်။
Yeongam ရဲစခန်းအနေနဲ့ ဒီကိစ္စကို တိုင်ကြားခံရပြီးနောက် ရိုက်နှက်သူ အမျိုးသားကိုဖမ်းဆီး ထိန်းချုပ်ခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်မျိုးဟာ အခုမှ ဖြစ်လာတာမဟုတ်ပဲ တောင်ကိုးရီးယားနိုင်ငံသားနဲ့ လက်ထပ်ထားတဲ့ နိုင်ငံခြား အမျိုးသမီးတွေဟာ ဒီလိုအဖြစ်အပျက်မျိုးတွေ အနည်းနဲ့အများကြုံတွေ့နေရကြောင်း ပြည်သူများမှ ရင်ဖွင့်ပြောဆိုလာကြပါတယ်။

အဆိုပါ အမျိုးသားအား Yeongam ရဲစခန်းမှ ဖမ်းဆီးချုပ်နှောင်ပြီးနောက် လူမှုကွန်ယက်မှာ ဗွီဒီယိုတစ်ခုတက်လာပါတယ်။ တောင်ကိုးရီးယားအမျိုးသားတစ်ဦးက ဗီယက်နမ်ဇနီးသည်ကို မညာမတာ ရိုက်နှက်ပြီး ညှင်းပန်းနှိပ်စက်နေတဲ့ ဗွီဒီယိုဖိုင်ပါ။ အဆိုပါ ဗွီဒီယိုကို တင်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ဒီလို အိမ်တွင်း ညှင်းပန်းနှိပ်စက်မှုတွေ ရှိလာရင် ငြိမ်ခံမနေပဲ သက်ဆိုင်ရာကို အကြောင်းကြားတတ်ဖို့ ၊ မိန်းကလေးများ အိမ်ထောင်မပြုခင် အသေအချာ လေ့လာစုံစမ်းသင့်ကြောင်း ဖော်ပြလိုတဲ့အနေနဲ့ တင်ခဲ့တာပဲဖြစ်ပါတယ်။

တောင်ကိုးရီးယားအမျိုးသားဟာ သူ့ဇနီးသည် ဗီယက်နမ်အမျိုးသမီးကို ဘယ်လို ညှင်းပန်းနှိပ်စက်ထားတယ်ဆိုတာ သိရှိဖို့ ဗွီဒီယိုမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်>>
Source-allkpop

Credit: (ပိုပိုလေး)

Recent Updates

Recent Posts Widget