လူလည်ခေါင်မှာ ရုတ်တရက်ဒူးလာထောက်တဲ့ခင်ပွန်းကိုကြည့်ပြီး မျက်ရည်ပါဝဲတယ်ဆိုတဲ့ စမိုင်းလ်
တစ်ချိန်က သရုပ်ဆောင်လောကမှာ ပရိသတ်တွေအရမ်းချစ်ခင်ခဲ့ကြတဲ့ မင်းသမီးချောလေး စမိုင်းလ်ကတော့ သူမကို အရမ်းချစ်တဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သမီးချောလေး နှစ်ယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ဖန်တီးပိုင်ဆိုင်ထားတာပါ။ မကြာခဏဆိုသလို မိသားစုအပန်းဖြေခရီးတွေ ထွက်လေ့ရှိတဲ့ စမိုင်းလ်ကတော့ လတ်တလောမှာလည်း မိသားစုနဲ့အတူ ကမ္ဘာအနှံ့ ခရီးထွက်နေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ လတ်တလောမှာလည်း စမိုင်းလ်က ခင်ပွန်းနဲ့ နှစ်ယောက်ထဲ ရိုနေတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။
ချစ်ပရိသတ်တွေအတွက် အရမ်းရိုလို့ကောင်းတဲ့ နေရာအမိုက်စားကြီးမှာ ဒူးလာထောက်တဲ့ ခင်ပွန်းကိုကြည့်ပြီး ရင်တွေခုန်ပြီး မျက်ရည်ပါကျခဲ့ရတယ်ဆိုတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ဦးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
စမိုင်းလ်ကတော့ ” ဒီလိုအရမ်းလှတဲ့ Grand Central station ကြီးမှာမောင်ဒူးထောက်လိုက်တဲ့အချိန် ရင်တွေခုန်လွန်းလို့ငိုခါနီး သူကခြေစွပ်အောက်ကျနေလို့ဆွဲတင်တာတဲ့ 😫 ” ဆိုတဲ့ စာသားလေးနဲ့ သူ့ရဲ့ ဖေ့ဘုတ်ပေ့စ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။
ရောက်ရာအရပ်မှာ ပျော်ပျော်နေတတ်ပြီး ရိုရတာကိုကြိုက်တဲ့ စမိုင်းလ်ကတော့ သူ့စိတ်ကြိုက်လိုက်လုပ်ရတဲ့ ခင်ပွန်းကိုကြည့်ပြီး ” အတင်းကာရောရိုခိုင်းနေတော့ သူ့ခမျာလည်းမောလှပြီ 😂 ” ဆိုတဲ့ စာသားလေးကိုပါ ထပ်မံရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။
ဇနီးသည်ကို အရမ်းချစ်တဲ့ စမိုင်းလ်ရဲ့ခင်ပွန်းကတော့ တလောကပဲ ချစ်ဇနီးလေးရဲ့ မွေးနေ့ကို ဝေဟင်ပေါ်မှာ စာတန်းထိုးပြီး Surprise အကြီးကြီး လုပ်ပေးခဲ့ပါသေးတယ်။ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ဦးကတော့ လက်ရှိမှာ အရမ်းကိုချစ်စရာကောင်းတဲ့ မီးမီးလေးနှစ်ဦးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းကို Ro လွန်းတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံကို သဘောကျရင် ဒီပို့စ်လေးကို မျှဝေပေးသွားကြဖို့ မမေ့ကြနဲ့နော်။
Credit \\ original





