အေမကုိယ္တုိင္ ေက်ာင္းလုိက္ပုိ႔ေနတဲ့ ကေလးကုိ လူတေယာက္က အတင္းဝင္ေရာက္လုယူမႈ ျဖစ္ပြား





အေမကုိယ္တုိင္ ေက်ာင္းလုိက္ပုိ႔ေနတဲ့ ကေလးကုိ လူတေယာက္က အတင္းဝင္ေရာက္လုယူမႈ ျဖစ္ပြား

Monday, July 8, 2019၊ လား႐ႈိးၿမိဳ႕၊ ရပ္ကြက္(၇)အုပ္ခ်ဳပ္ေရးမွဴး႐ုံးအနီးတြင္ ဇူလုိင္လ(၈)ရက္ နံနက္က အသက္(၄)ႏွစ္ အရြယ္ ကေလးငယ္ တစ္ဦးအား

အမည္မသိ အမ်ဳိးသားတစ္ဦးမွ အတင္းအဓမၼလုယူမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

နံနက္(၈း၄၀)နာရီခန္႔က ရပ္ကြက္(၇)၊ နယ္ေျမ(၇)ေန ေဒၚနန္းဆုိင္ႏြမ္းသည္ အသက္(၄)ႏွစ္အရြယ္သားျဖစ္သူအား ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး႐ုံးအနီးရွိ မူႀကိဳေက်ာင္းသုိ႔ ပုိ႔ေဆာင္စဥ္

ေက်ာင္းအနီးလမ္းမေပၚအေရာက္တြင္ သူမ၏သားျဖစ္သူ အား အသက္(၃၀)အရြယ္ခန္႔ အမည္မသိအမ်ဳိးသားတစ္ဦးမွ

အတင္းအဓမၼလုယူေနေသာေၾကာင့့္ပတ္၀န္းက်င္သုိ႔ ေအာ္ဟစ္ အကူအညီေတာင္းခဲ့ေၾကာင္း သိရသည္။



ကေလးလုယူသူအား အနီးပတ္၀န္းက်င္ရွိ လူငယ္မ်ားက ၀ုိင္း၀န္း ဖမ္းဆီးၿပီး

ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး႐ုံးသုိ႔ပုိ႔ေဆာင္ေပးလုိက္ေၾကာင္းႏွင့္ ထုိမွတဆင့္ လားရႈိးၿမိဳ႕မရဲတပ္ဖြဲ႕စခန္းသုိ႔ ဖမ္းဆီးေ ခၚေဆာင္သြားေၾကာင္းသိရသည္။

”လုတဲ့ေကာင္ပုံစံၾကည့္ရတာ ေဆးသမားနဲ႔တူတယ္၊ နာမည္ေမးလဲ ေလွ်ာက္ေျပာေနတယ္၊ ဘယ္မွာေနလဲေမးလဲ ေလွ်ာက္ေျပာေနတယ္၊



အခု ရဲစခန္းသြားအပ္ၿပီးျပန္လာတာ” ဟု ရပ္ကြက္ေန ျပည္သူတစ္ဦးကေျပာသည္။

လားရႈိးၿမိဳ႕တြင္ ယခုေနာက္ပုိင္း မူးယစ္ေဆး၀ါးသုံးစြဲဲေရာင္းခ်သူမ်ား ေဆးေၾကာင္သူမ်ား ယခင္ထက္ေပါမ်ားလာသည့္ အတြက္ သက္ဆုိင္ရာမွ

ထိေရာက္သည့္ ဖမ္းဆီးအေရးယူမႈမ်ား ျပဳလုပ္ေပးေစလုိေၾကာင္း ေဒသခံျပည္သူမ်ားထံမွ သိရသည္။



YaNaung, Lashio Media (ေလးစားစြာျဖင့္ ခရက္ဒစ္)

Unicode

အမေကိုယ်တိုင် ကျောင်းလိုက်ပို့နေတဲ့ ကလေးကို လူတယောက်က အတင်းဝင်ရောက်လုယူမှု ဖြစ်ပွား

Monday, July 8, 2019၊ လားရှိုးမြို့၊ ရပ်ကွက်(၇)အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဇူလိုင်လ(၈)ရက် နံနက်က အသက်(၄)နှစ် အရွယ် ကလေးငယ် တစ်ဦးအား

အမည်မသိ အမျိုးသားတစ်ဦးမှ အတင်းအဓမ္မလုယူမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နံနက်(၈း၄၀)နာရီခန့်က ရပ်ကွက်(၇)၊ နယ်မြေ(၇)နေ ဒေါ်နန်းဆိုင်နွမ်းသည် အသက်(၄)နှစ်အရွယ်သားဖြစ်သူအား ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးရှိ မူကြိုကျောင်းသို့ ပို့ဆောင်စဉ်

ကျောင်းအနီးလမ်းမပေါ်အရောက်တွင် သူမ၏သားဖြစ်သူ အား အသက်(၃၀)အရွယ်ခန့် အမည်မသိအမျိုးသားတစ်ဦးမှ အတင်းအဓမ္မလုယူနေသောကြောင့့်

ပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီတောင်းခဲ့ကြောင်း သိရသည်။ ကလေးလုယူသူအား အနီးပတ်ဝန်းကျင်ရှိ လူငယ်များက ဝိုင်းဝန်း ဖမ်းဆီးပြီး

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ပို့ဆောင်ပေးလိုက်ကြောင်းနှင့် ထိုမှတဆင့် လားရှိုးမြို့မရဲတပ်ဖွဲ့စခန်းသို့ ဖမ်းဆီးေ ခါ်ဆောင်သွားကြောင်းသိရသည်။

”လုတဲ့ကောင်ပုံစံကြည့်ရတာ ဆေးသမားနဲ့တူတယ်၊ နာမည်မေးလဲ လျှောက်ပြောနေတယ်၊ ဘယ်မှာနေလဲမေးလဲ လျှောက်ပြောနေတယ်၊

အခု ရဲစခန်းသွားအပ်ပြီးပြန်လာတာ” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။

လားရှိုးမြို့တွင် ယခုနောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲဲရောင်းချသူများ ဆေးကြောင်သူများ ယခင်ထက်ပေါများလာသည့် အတွက် သက်ဆိုင်ရာမှ

ထိရောက်သည့် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ပေးစေလိုကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

YaNaung, Lashio Media (လေးစားစွာဖြင့် ခရက်ဒစ်)

Recent Updates

Recent Posts Widget