အလံပြောင်းပြန်ဖြစ်နေတယ်လို့ ဝေဖန်ကြတဲ့ အပေါ် မအေးသောင်း ပြန်ဖြေရှင်း





မြန်မာလူမျိုးတွေက တန်ဖိုးထားချစ်မြတ်နိုးတဲ့ ပုဂံကတော့ အခုဆိုရင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားခဲ့ပါပြီ။တစ်နိုင်ငံ လုံး ကလည်း အရမ်းကို ပျော်ရွှင်နေကြပါတယ်။အဇာဘိုင်ဂျန်မှာ ကျင်းပတဲ့ ၄၃ ကြိမ်မြောက် ယူနက်စကိုအစည်း အဝေးကိုတော့ ပရိသတ်တွေရဲ့ အချစ်တော် မအေးသောင်းက တက်ရောက်ခဲ့ပါတယ်။ပျော်စရာ သတင်းကော င်းကို လည်း မအေးသောင်းက သူမရဲ့ fb မှာရှယ်ထားပါတယ်။အစည်း အဝေးတက်ရောက်ဖြစ်တဲ့ မှေတ်တမ်းပုံတွေကို တောက်လျောက်တင်ထားပါတယ်။

“အဇာဘိုင်ဂျန်မှာ ကျင်းပတဲ့၄၃ ကြိမ်မြောက် ယူနက်စကိုအစည်းအဝေးကိုတက်ရောက်နေပါပြီ။ပုဂံက အသက်ပါပဲ။မြန်မာတွေရဲ့ နှလုံးသားထဲက ပုဂံရဲ့အကောင်းဆုံးသတင်းကိုလည်းရင်ခုန်နေပါတယ်” ဆိုပြီး သူမရဲ့ အကောင့်မှာ တင်ထားခဲ့တာပါ။


ကမ္ဘာ့အမွေအနှစ်အဖြစ် ကြေညာခဲ့တဲ့ နေ့လေးမှာတော့ မအေးသောင်းက ပုဂံရဲ့ အငွေ့အသက်တွေ လွှမ်း ခြုံ နေတဲ့ ၀တ်စုံလေးကို ၀တ်ဆင်ပြီး တက်ရောက်ခဲ့တာပါ။မအေးသောင်းကလည်း အရမ်းတွေ ပျော်ပြီး အမှတ်တရ ပုံလေးတွေ ကို သူမရဲ့အကောင့်မှာ ဝေမျှခဲ့ပါတယ်။အဲ့ဒီအထဲမှာ အလံက အပေါ်အောက်ပြောင်းပြန် ဖြစ်နေတာကို မြင်လိုက် မိတဲ့ သူတစ်ချို့က ဘာကြောင့် အခုလို ပြောင်းပြန်ဖြစ်ရတာလဲ ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ဒီလို ပြောဆို ဝေဖန် မှုတွေ ကို မအေး သောင်းက Comment မှာ အခုလို ပြန်ရှင်းပြခဲ့ပါတယ်။



အလံတင်မကပါဘူး ပုဂံတံဆိပ်ပါလည်နေတာပါ။Pin Type ရင်ထိုးကြောင့်ပါ။ကျမတို့အကုန် အလံမြှောက်တဲ့အချိန်တောင်အပေါ်အောက်မှန်အောင်
မမြှောက်ခင်မှာတောင် အလံကို ပေါင်ပေါ်တင်မထားတာတို့အဝါကိုအပေါ်ဘက်မမှားအောင်တို့ကို တအားဂရုစိုက်ပီး လုပ်ခဲ့တဲ့သူတွေပါ” ဆိုပြီး အခုလို ဖြစ်ရတာဟာ Pin Type ရင်ထိုးကြောင့်ပါ လို့ သေချာ ပြန်ရှင်းပြခဲ့ပါတယ်။

Source မအေးသောင်း

Credit  \\  original

Recent Updates

Recent Posts Widget