မ႐ိုးသားတဲ့နည္းနဲ႔ မခ်မ္းသာခ်င္ဘူးဆိုတဲ့ ျမတ္သူသူဇင္
ပရိသတ္အခ်စ္ေတာ္ ျမတ္သူသူဇင္က သူမရဲ႕ အႏုပညာလမ္းေၾကာင္းေပၚ ေလွ်ာက္လွမ္းေနရတဲ့အခါမွာ ဘယ္သူ႔ရဲ႕ ေထာက္ပံ့မႈမ်ိဳးမွ မလိုဘူးလို႔ဆိုပါတယ္။
ျမတ္သူသူဇင္က အခုဆိုရင္ ပရိသတ္အခိုင္အမာ ရရွိလာတဲ့ ဇာတ္လမ္းတြဲမင္းသမီးေခ်ာေလးျဖစ္ပါတယ္။ သူ႔ရဲ႕ အႏုပညာအလုပ္နဲ႔ပတ္သက္ၿပီး ကိုယ္တိုင္ႀကိဳးစားမႈကသာ အဓိကက်တယ္လို႔ဆိုပါတယ္။ စပြန္ဆာ ဆိုတာမ်ိဴးလည္း မလိုအပ္ဘူးလို႔ဆိုပါတယ္။
‘’ေတာင္းပန္ပါတယ္ ဘာစပြန္ဆာမွမလိုအပ္ပါဘူး။ ၿပီးေတာ့ Online ဖြင့္ထားတယ္ဆိုတာကေလ အလုပ္ကိစၥ လူမႈေရးကိစၥမ်ားနဲ႔ ကိုယ္ေရးကိုယ္တာကိစၥေတြသုံးဖို႔ပါ။တစ္ခါတေလလည္း Online သာဖြင့္ထားတာ အလုပ္လုပ္စရာရွိတာလုပ္ေနရတာပါ။ ဒီေတာ့ အားေပးၾက ခ်စ္ၾကခင္ၾကတာ ဝမ္းသာေပမယ့္ အလာပသလာပစကားထိုင္ေျပာေပးေနရေလာက္ေအာင္ အေပါစားမဆန္ပါဘူးရွင္။ VD call ေတြလည္းမေခၚၾကပါနဲ႔ေနာ္။ စကားျပန္မေျပာတာနဲ႔ မာနႀကီးတယ္ အေလးမထားဘူး ဘဝင္ျမင့္တယ္ ဘာညာနဲ႔ တမင္ခနဲ႔ၿပီး မေျပာၾကပါနဲ႔ရွင္။ လူထဲကလူတစ္ေယာက္မို႔ စိတ္တိုတတ္ပါတယ္။ကိုယ့္ကိုအားေပးၾကခ်စ္ၾကတာ နားလည္ေပမယ့္ ကိုယ္လည္းအလုပ္လုပ္မွ ထမင္းစားရမယ့္သူပါ အလုပ္လုပ္ပါရေစ။ လာေျပာသမွ်ထိုင္ျပန္ေျဖေနရေလာက္ေအာင္ ေပါေသာမေနပါဘူးရွင္။ ျပန္မေျဖတာနဲ႔ပဲ ဆဲတယ္ဆိုေတာ့ အဆဲခံၿပီးပဲေျပာပါရေစ’’ လို႔ သူကဆိုပါတယ္။
အဲဒီေနာက္ သူကိုယ္တိုင္ကလည္း စပြန္ဆာေပးဖို႔ေတာင္းဆိုမွာ မဟုတ္သလို စပြန္ဆာလာေပးဖို႔လည္း မႀကိဳးစားဖို႔ အတြက္ပြင့္ပြင့္လင္းလင္းေျပာျပလာပါတယ္။ သူကိုယ္တိုင္ကလည္း အႏုပညာလမ္းေၾကာင္းေပၚမွာ ျဖတ္လမ္းနည္းနဲ႔မေအာင္ျမင္ခ်င္ဘူးလို႔ ဇူလိုင္လ ၇ ရက္ေန႔ ေန႔လယ္ ၁၁ နာရီခြဲေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။
‘’လိုင္းသုံးေနတာက လူတကာကိုအသုံးေတာ္ခံစကားထိုင္ေျပာေပးေနဖို႔မဟုတ္ပါဘူး အထင္ေသးၿပီးလည္း ဘာစပြန္ဆာမွလာမေပးပါနဲ႔ မလိုအပ္ပါဘူး။ ကိုယ့္ထမင္းတစ္လုပ္အတြက္ေတာ့ ႐ိုး႐ိုးသားသားရွာစားတတ္တဲ့ ေျခေကာင္းလက္ေကာင္းမိန္းမတေယာက္ပါ။ အစထဲက ဒီအေျခအေနထိေရာက္ေအာင္ တစ္ေယာက္ထဲ ႐ုန္းလာခဲ့တာပါ အခုမွ ဘာစပြန္ဆာမွလည္း ထၿပီးမလိုခ်င္ပါဘူး။ မ႐ိုးသားတဲ့ နည္းနဲ႔မခ်မ္းသာခ်င္ပါဘူး ဒီေလာက္နဲ႔ပဲ ကိုယ့္သိကၡာကိုယ္ထိန္းၿပီးရပ္တန္းကရပ္ပါ။ ဒါပဲေရးခ်င္ေျပာခ်င္ပါတယ္။ ျမတ္သူဒီေန႔ေရး တာေဒါသေၾကာင့္အမွားပါခဲ့ရင္ ႐ိုေသရသူတစ္ေယာက္ဆီတိုင္းကိုေတာင္းပန္ပါတယ္။ myatthuthuzin’’ လို႔ ဆိုပါတယ္။
ျမတ္သူသူဇင္ကိုေတာ့ ပရိသတ္ေတြက ဝိညာဥ္ရႈိက္သံ၊ ဝကၤပါစံအိမ္၊ ရတနာထဲကရတနာ စတဲ့ ႐ုပ္သံဇာတ္လမ္းတြဲေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိလာၾကတာပါ။ အဲဒီေနာက္ ‘’ပ်ားရည္အိုင္’’ ႐ုပ္သံဇာတ္လမ္းတြဲထဲမွာ ‘’ျမညိဳ’’ ဆိုတဲ့ ဇာတ္ေကာင္နဲ႔ ပရိသတ္ေတြ ပိုမိုအားေပးလာၾကတာ ေတြ႕ရပါတယ္။ လက္ရွိမွာလည္း သူမက MRTV-4 ႐ုပ္သံဇာတ္လမ္းတြဲေတြ ႐ိုက္ကူးလို႔ေနပါတယ္။
Credit \\ original
UNICODE
မရိုးသားတဲ့နည်းနဲ့ မချမ်းသာချင်ဘူးဆိုတဲ့ မြတ်သူသူဇင်
ပရိသတ်အချစ်တော် မြတ်သူသူဇင်က သူမရဲ့ အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းနေရတဲ့အခါမှာ ဘယ်သူ့ရဲ့ ထောက်ပံ့မှုမျိုးမှ မလိုဘူးလို့ဆိုပါတယ်။
မြတ်သူသူဇင်က အခုဆိုရင် ပရိသတ်အခိုင်အမာ ရရှိလာတဲ့ ဇာတ်လမ်းတွဲမင်းသမီးချောလေးဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာအလုပ်နဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြိုးစားမှုကသာ အဓိကကျတယ်လို့ဆိုပါတယ်။ စပွန်ဆာ ဆိုတာမျိူးလည်း မလိုအပ်ဘူးလို့ဆိုပါတယ်။
‘’တောင်းပန်ပါတယ် ဘာစပွန်ဆာမှမလိုအပ်ပါဘူး။ ပြီးတော့ Online ဖွင့်ထားတယ်ဆိုတာကလေ အလုပ်ကိစ္စ လူမှုရေးကိစ္စများနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေသုံးဖို့ပါ။တစ်ခါတလေလည်း Online သာဖွင့်ထားတာ အလုပ်လုပ်စရာရှိတာလုပ်နေရတာပါ။ ဒီတော့ အားပေးကြ ချစ်ကြခင်ကြတာ ဝမ်းသာပေမယ့် အလာပသလာပစကားထိုင်ပြောပေးနေရလောက်အောင် အပေါစားမဆန်ပါဘူးရှင်။ VD call တွေလည်းမခေါ်ကြပါနဲ့နော်။ စကားပြန်မပြောတာနဲ့ မာနကြီးတယ် အလေးမထားဘူး ဘဝင်မြင့်တယ် ဘာညာနဲ့ တမင်ခနဲ့ပြီး မပြောကြပါနဲ့ရှင်။ လူထဲကလူတစ်ယောက်မို့ စိတ်တိုတတ်ပါတယ်။ကိုယ့်ကိုအားပေးကြချစ်ကြတာ နားလည်ပေမယ့် ကိုယ်လည်းအလုပ်လုပ်မှ ထမင်းစားရမယ့်သူပါ အလုပ်လုပ်ပါရစေ။ လာပြောသမျှထိုင်ပြန်ဖြေနေရလောက်အောင် ပေါသောမနေပါဘူးရှင်။ ပြန်မဖြေတာနဲ့ပဲ ဆဲတယ်ဆိုတော့ အဆဲခံပြီးပဲပြောပါရစေ’’ လို့ သူကဆိုပါတယ်။
အဲဒီနောက် သူကိုယ်တိုင်ကလည်း စပွန်ဆာပေးဖို့တောင်းဆိုမှာ မဟုတ်သလို စပွန်ဆာလာပေးဖို့လည်း မကြိုးစားဖို့ အတွက်ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း အနုပညာလမ်းကြောင်းပေါ်မှာ ဖြတ်လမ်းနည်းနဲ့မအောင်မြင်ချင်ဘူးလို့ ဇူလိုင်လ ၇ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
‘’လိုင်းသုံးနေတာက လူတကာကိုအသုံးတော်ခံစကားထိုင်ပြောပေးနေဖို့မဟုတ်ပါဘူး အထင်သေးပြီးလည်း ဘာစပွန်ဆာမှလာမပေးပါနဲ့ မလိုအပ်ပါဘူး။ ကိုယ့်ထမင်းတစ်လုပ်အတွက်တော့ ရိုးရိုးသားသားရှာစားတတ်တဲ့ ခြေကောင်းလက်ကောင်းမိန်းမတယောက်ပါ။ အစထဲက ဒီအခြေအနေထိရောက်အောင် တစ်ယောက်ထဲ ရုန်းလာခဲ့တာပါ အခုမှ ဘာစပွန်ဆာမှလည်း ထပြီးမလိုချင်ပါဘူး။ မရိုးသားတဲ့ နည်းနဲ့မချမ်းသာချင်ပါဘူး ဒီလောက်နဲ့ပဲ ကိုယ့်သိက္ခာကိုယ်ထိန်းပြီးရပ်တန်းကရပ်ပါ။ ဒါပဲရေးချင်ပြောချင်ပါတယ်။ မြတ်သူဒီနေ့ရေး တာဒေါသကြောင့်အမှားပါခဲ့ရင် ရိုသေရသူတစ်ယောက်ဆီတိုင်းကိုတောင်းပန်ပါတယ်။ myatthuthuzin’’ လို့ ဆိုပါတယ်။
မြတ်သူသူဇင်ကိုတော့ ပရိသတ်တွေက ဝိညာဉ်ရှိုက်သံ၊ ဝင်္ကပါစံအိမ်၊ ရတနာထဲကရတနာ စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲဒီနောက် ‘’ပျားရည်အိုင်’’ ရုပ်သံဇာတ်လမ်းတွဲထဲမှာ ‘’မြညို’’ ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေ ပိုမိုအားပေးလာကြတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း သူမက MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးလို့နေပါတယ်။
Credit \\ original





