လူကြမ်းမင်းသားကြီးများကို ဆန်၊ဆီနဲ့ ငွေသားတွေလှူဒါန်းခဲ့တဲ့ယုန်လေးတို့ အဖွဲ့




အဆိုတော်တစ်ဦးအနေနဲ့ ပရိသတ်တွေရဲ့လက်ခံအားပေးခြင်းကို ရရှိထားတဲ့ ယုန်လေးကတော့ အခုဆိုရင် သရုပ်ဆောင်အလုပ်သာမကပဲ ဒါရိုက်တာတစ်ဦးအနေနဲ့ပါ ဇာတ်ကားတွေရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ယုန်လေးက သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတဲ့ “သတိအန္တရာယ်ရှိသည်” ရုပ်ရှင်ဇာတ်ကားကြီးက ပထမဆုံးရုံတင်ပြသတဲ့ အပတ်မှာတင် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားနေရတာ ဖြစ်ပါတယ်။

မနေ့က ဇွန်လ၄ ရက်နေ့မှာတော့ ယုန်လေးတို့ သတိ အန္တရယ်ရှိသည် ရုပ်ရှင်ဇာတ်ကား အဖွဲ့သားတွေက လူကြမ်းမင်းသားကြီးများ နှင့် ကိုလူချောအဖွဲ့သားတွေကို ဆန်၊ဆီ၊ဆားနဲ့ ငွေသားတွေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။





ယုန်လေးက သူ့ရဲ့ အလှူလေးနဲ့ ပက်သတ်ပြီး အခုလိုပဲ ဝမ်းသာပီတိစကား ဆိုထားပါတယ်။ ‘မနေ့က ကျွန်တော်တို့ သတိအန္တရာယ်ရှိသည် အဖွဲ့သားများ ကျွန်တော်တို့ချစ်တဲ့ လူကြမ်းမင်းသားကြီးများ နှင့် ကိုလူချောများအားလုံးကို ဆန် ဆီ ငွေသား များနှင့် ကန်တော့ဖြစ်ပါတယ် ။ အရမ်းပီတိ ဖြစ်ပါတယ် ။ကျွန်တော် ရုပ်ရှင်တွေရုံတင်ပြီးတိုင်း ဒီအစီစဉ်လေး တစ်ခုထည့်ပြီး လုပ်ဆောင်ပါမည်။ ကတိပေးပါသည်။ ပရိတ်သတ်တွေ ကျွန်တော်တို့ကို ပေးဆပ်ခဲ့တဲ့ အရာမှန်သမျှ အမြဲတန်းအတွက် အလကားမဖြစ်စေရပါဘူး ။ဆိုပြီး ကတိစကားလေး ဆိုထားပါတယ်။



ယုန်လေးကတော့ နာမည်ကြီး အနုပညာရှင်တစ်ဦးဖြစ်ပေမယ့် ဇာတ်ပို့၊ ဇာတ်ရံတွေကိုလည်း မိသားစုလို သဘောထားတတ်သူတစ်ဦး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ယုန်လေးတို့ အဖွဲ့သားတွေရဲ့ အလှူလေးကို ဝမ်းမြောက်စွာ သာဓုခေါ်ပေးကြပါဦးနော်။

credit  \\  original


Recent Updates

Recent Posts Widget