မင္းမဲ့စရိုက္ဆန္ဆန္အျပဳအမႈနဲ႔ YBS စီးတဲ့ လူငယ္ရဲ႔ CCTV မွတ္တမ္းရုပ္သံ ( ဒါမ်ိဳး ဖမ္းဆီးအေရးယူသင့္ပါတယ္)





၂၉.၆.၂၀၁၉ရက္ေန႔ ည ၇နာရီ၁၀မိနစ္​ဝန္းက်င္ YBS-99 ယာဥ္​လိုင္​း 3P-9561လွိုင္သာယာမွ​ေတာင္​ဒဂံုအသြား ရွစ္မိုင္တံတားေအာက္ မီးပြိဳင့္တြင္မီးပိြ္ဳင့္မိ၍ ယာဥ္ရပ္ထားခ်ိန္တြင္ ခရီးသည္ အမ်ိဳးသားတစ္ဦးမွ ဆင္းမည္ျဖစ္၍ တံခါးဖြင့္ေပးရန္ေျပာပါသည္။

ယာဥ္ေမာင္းမွ မီးပြိဳင့္တြင္ျဖစ္၍ တံခါးဖြင့္ေပးလို့မရေျကာင္း ေရွ့မွတ္တိုင္ေရာက္မွ ဆင္းပါေျကာင္းေျပာသည္ကို ခရီးသည္အမ်ိဳးသားက လက္မခံဘဲ ဆင္းမည္ျဖစ္၍ အဆင္းတံခါးကိုဖြင့္ေပးရန္သာေျပာပါသည္။


ယာဥ္ေမာင္းက တံခါးမဖြင့္ေပးသည္ကိုမေက်နပ္၍ ဦးစြာ အဆင္းတံခါး အေပၚရွိ ေလဘားကိုဖြင့္၍ ဆင္းရန္ ျကိုးစားၿပီးဖြင့္မရေသာေျကာင့္ အေရးေပၚအသံုးျပဳရန္ယာဥ္တြင္တပ္ထားသည့္စိန္တူကိုယူကာ အဆင္းတံခါး ညာဘက္ျခမ္းကို ပစ္ေပါက္ရိုက္ခြဲၿပီးထပ္မံ၍ တံခါးကို ေျချဖင့္ ကန္ကာ ပြင့္ေအာင္ျပဳလုပ္ျပီး ဆင္းသြားပါသည္။

⚪️ယခုကဲ့သို႔ မင္းမဲ့စ႐ိုက္ဆန္စြာ႐ိုင္းစိုင္းေသာ အျပဳအမူမ်ိဳးသည္ အျခားခရီးသည္မ်ားအတြက္မ်ားစြာ အေႏွာင့္အယွက္ျဖစ္ခဲ့ရေၾကာင္းႏွင့္မိမိတို႔အေနျဖင့္ သက္ဆိုင္ရာရဲစခန္းတြင္ video file ႏွင့္တကြ အေၾကာင္းၾကားပီးျဖစ္ပါေၾကာင္း ခရီးသြားျပည္သူမ်ားထံတင္ျပအပ္ပါတယ္ ခင္ဗ်ာ

Omni Focus_YBS

ရုပ္သံဖိုင္ ၾကည့္ရန္နွိပ္ပါ


Credit  \\  original

Unicode VErsion
၂၉.၆.၂၀၁၉ရက်နေ့ ည ၇နာရီ၁၀မိနစ်ဝန်းကျင် YBS-99 ယာဉ်လိုင်း 3P-9561လှိုင်သာယာမှတောင်ဒဂုံအသွား ရှစ်မိုင်တံတားအောက် မီးပွိုင့်တွင်မီးပွိုင့်မိ၍ ယာဉ်ရပ်ထားချိန်တွင် ခရီးသည် အမျိုးသားတစ်ဦးမှ ဆင်းမည်ဖြစ်၍ တံခါးဖွင့်ပေးရန်ပြောပါသည်။

ယာဉ်မောင်းမှ မီးပွိုင့်တွင်ဖြစ်၍ တံခါးဖွင့်ပေးလို့မရကြောင်း ရှေ့မှတ်တိုင်ရောက်မှ ဆင်းပါကြောင်းပြောသည်ကို ခရီးသည်အမျိုးသားက လက်မခံဘဲ ဆင်းမည်ဖြစ်၍ အဆင်းတံခါးကိုဖွင့်ပေးရန်သာပြောပါသည်။

ယာဉ်မောင်းက တံခါးမဖွင့်ပေးသည်ကိုမကျေနပ်၍ ဦးစွာ အဆင်းတံခါး အပေါ်ရှိ လေဘားကိုဖွင့်၍ ဆင်းရန် ကြိုးစားပြီးဖွင့်မရသောကြောင့် အရေးပေါ်အသုံးပြုရန်ယာဉ်တွင်တပ်ထားသည့်စိန်တူကိုယူကာ အဆင်းတံခါး ညာဘက်ခြမ်းကို ပစ်ပေါက်ရိုက်ခွဲပြီးထပ်မံ၍ တံခါးကို ခြေဖြင့် ကန်ကာ ပွင့်အောင်ပြုလုပ်ပြီး ဆင်းသွားပါသည်။

⚪️ယခုကဲ့သို့ မင်းမဲ့စရိုက်ဆန်စွာရိုင်းစိုင်းသော အပြုအမူမျိုးသည် အခြားခရီးသည်များအတွက်များစွာ အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်းနှင့်မိမိတို့အနေဖြင့် သက်ဆိုင်ရာရဲစခန်းတွင် video file နှင့်တကွ အကြောင်းကြားပီးဖြစ်ပါကြောင်း ခရီးသွားပြည်သူများထံတင်ပြအပ်ပါတယ် ခင်ဗျာ

Omni Focus_YBS

ရုပ်သံဖိုင် ကြည့်ရန်နှိပ်ပါ

Credit  \\  original


Recent Updates

Recent Posts Widget