ရခိုင်လူမျိုးတွေရဲ့ပညာရေးဆုချီးမြင့်ပွဲမှာ ရခိုင်တိုင်းရင်းသားတစ်ယောက်အနေနဲ့ ဆုရရှိခဲ့တဲ့ နေတိုး
နေတိုးကတော့ နူတ်ခမ်းနီမလေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ မင်းသားတွေထဲကတစ်ယောပ်အပါအဝင်ပဲဖြစ်ပါတယ်။ ကာရိုက်တာအမျိုးမျိုးကို သရုပ်ဆောင်နိုင်ပြီးတော့ သရုပ်ဆောင်ပိုင်းသာမက အဆိုပိုင်း ၊ ပန်းချီပိုင်းတွေမှာပါ ထူးချွန်သူတစ်ယောက်လည်း ဖြစ်ပါတယ်နော်။
လတ်တလောမှာတော့ နေတိုးကိုယ်တိုင် ၀တ်မှုံရွှေရည်နဲ့ သရုပ်ဆောင်ထားတဲ့ နှစ်ပါးသွား Undate ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။ ရခိုင်လူမျိုးတွေရဲ့ပညာရေးဆုချီးမြင့်ပွဲမှာ ရခိုင်တိုင်းရင်းသားတစ်ယောက်အနေနဲ့ ဆုရရှိခဲ့ပြန်တယ်ဆိုတာကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြထားတာဖြစ်ပါတယ်။
(၁၆) ကြိမ်မြောက် ရခိုင်ပညာဆုချီးမြင့်ပွဲအခမ်းအနား မှာ (၂၀၁၈-၂၀၁၉)ပညာသင်နှစ်အတွက် အကောင်းဆုံး ပညာသင်ဆုကို နေတိုးက ရရှိခဲ့တာဖြစ်ပါတယ်။ ဆုရခဲ့တဲ့အတွက် လည်း “အခုလိုဆုချီးမြင့်ပေးတဲ့အတွက်အထူးပဲဝမ်းသာမိပါတယ်ခင်ဗျာ။ကျွန်တော်ဆက်ပြီးကြိုးစားနေပါ့မယ်” ဆိုပြီးတော့ ၀မ်းသာမိတဲ့အကြောင်းကို ပြောပြခဲ့တာဖြစ်ပါတယ်။ ကွီးတိုးကတော့ နေရာတိုင်း မှာ ထူးချွန်ထက်မြတ်သူတစ်ယောက်လို့တောင်ပြောလို့ရနေပါပြီးနော်။
ပရိသတ်ကြီးရေ ရခိုင်ပညာဆုချီးမြင့်ပွဲအခမ်းအနားမှာ (၂၀၁၈-၂၀၁၉)ပညာသင်နှစ်မှာ ရခိုင်တိုင်းရင်းသားတစ်ယောက်အနေနဲ့ဆုရရှိခဲ့တဲ့ နေတိုးအတွက် ဂုဏ်ပြုစကားလေး ပြောပြခဲ့ပါဦးနော်။
Credit \\ original




