International Fighter of the year ဆုကို ..ဆြတ္ခူးသြားတဲ့ ေအာင္လအန္ဆန္း





ျပီး ခဲ့ တဲ့ ဇူလိုင္လ (၄) ရက္ေန႔က အေမရိကန္ႏိုင္ငံ ၊ လတ္စ္ေဗးဂတ္ျမိဳ႕မွာ က်င္းပျပီးစီးခဲ့တဲ့ World MMA Award 2019 ဆုေပးပြဲ အခမ္းအနားမွာ ေအာင္လအန္ဆန္းက International Fighter of the Year ဆုကို ဆြတ္ခူးသြားခဲ့ပါတယ္။ World MMA Awards ဆုေတြကို Fighters Only မဂၢဇင္းက ၂၀၁၈ ခုႏွစ္မွ စတင္ကာ ႏွစ္စဥ္ေရြးခ်ယ္ေပးေလ့ရွိသလို ႏိုင္ငံတကာမွာ ဂုဏ္သိကၡာ အၾကီးမားဆံုး ဆုေပးပြဲလည္း ျဖစ္ပါတယ္။



ဆု အ မ်ိဳ းအ စာ းေပါင္း (၂၂) ခု ေရြးခ်ယ္ခ်ီးျမွင့္တဲ့ ပြဲမွာ ေအာင္လအန္ဆန္းက International Fighter of the Year နဲ႔ Fighter of the Year ဆုေတြမွာ ဆန္ကာတင္စာရင္း ဝင္ခဲ့ပါတယ္။ Online voting စနစ္ နဲ႔ ေရြးခ်ယ္တာျဖစ္ျပီး ဆုေပးပြဲမွာေတာ့ ျမန္မာပရိသတ္ေတြအားလံုးကို ေအာင္လက ေက်းဇူးတင္စကား ေျပာခဲ့ပါေသးတယ္။

U C လိုက္ဝိတ္ ခ်န္ပီယံ ခါဘစ္ ႏူမက္ ဂိုမက္ေဒါင့္ကို ေက်ာ္ျဖတ္ျပီး ေအာင္လအန္ဆန္းက ဒီဆုကို ရရွိခဲ့တာ ျဖစ္သလို Fighter of the Year ဆုကိုေတာ့ အေမရိကန္ MMA နဲ႔ UFC ဟဲဗီးဝိတ္တန္း ဖိုက္တာ ေတာ္မီယာမွ ရရွိသြားခဲ့ပါတယ္။

ျပီးခဲ့တဲ့ ႏွစ္ကုန္ပိုင္းတုန္းက စကၤာပူႏိုင္ငံမွာ က်င္းပခဲ့တဲ့ 2018 Global Martial Arts ဆုေပးပြဲမွာလည္း အေကာင္းဆံုး အမ်ိဳးသားကစားသမားဆုနဲ႔ အေကာင္းဆံုးပြဲဆုတို႔ကို ေအာင္လအန္ဆန္းက ရရွိခဲ့ပါေသးတယ္။ ေအာင္လအန္ဆန္းက လာမယ့္ ေအာက္တိုဘာလမွာ ဂ်ပန္ႏိုင္ငံ တိုက်ိဳျမိဳ႕ကို သြားေရာက္ျပီး အေမရိကန္ – ဖိလစ္ပိုင္ ႏြယ္ဖြား ဘရန္ဒြန္ဗီရာနဲ႔ ယွဥ္ျပိဳင္ထိုးသတ္သြားဖို႔ ရွိတယ္လို႔လည္း သိရပါတယ္။

ရုပ္သံဖိုင္အားၾကည့္ရႈရန္ နွိပ္ပါ

Credit- Nanmalgyi

Unicode VErsion
ပြီး ခဲ့ တဲ့ ဇူလိုင်လ (၄) ရက်နေ့က အမေရိကန်နိုင်ငံ ၊ လတ်စ်ဗေးဂတ်မြို့မှာ ကျင်းပပြီးစီးခဲ့တဲ့ World MMA Award 2019 ဆုပေးပွဲ အခမ်းအနားမှာ အောင်လအန်ဆန်းက International Fighter of the Year ဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ World MMA Awards ဆုတွေကို Fighters Only မဂ္ဂဇင်းက ၂၀၁၈ ခုနှစ်မှ စတင်ကာ နှစ်စဉ်ရွေးချယ်ပေးလေ့ရှိသလို နိုင်ငံတကာမှာ ဂုဏ်သိက္ခာ အကြီးမားဆုံး ဆုပေးပွဲလည်း ဖြစ်ပါတယ်။
ဆု အ မျို းအ စာ းပေါင်း (၂၂) ခု ရွေးချယ်ချီးမြှင့်တဲ့ ပွဲမှာ အောင်လအန်ဆန်းက International Fighter of the Year နဲ့ Fighter of the Year ဆုတွေမှာ ဆန်ကာတင်စာရင်း ဝင်ခဲ့ပါတယ်။ Online voting စနစ် နဲ့ ရွေးချယ်တာဖြစ်ပြီး ဆုပေးပွဲမှာတော့ မြန်မာပရိသတ်တွေအားလုံးကို အောင်လက ကျေးဇူးတင်စကား ပြောခဲ့ပါသေးတယ်။

U C လိုက်ဝိတ် ချန်ပီယံ ခါဘစ် နူမက် ဂိုမက်ဒေါင့်ကို ကျော်ဖြတ်ပြီး အောင်လအန်ဆန်းက ဒီဆုကို ရရှိခဲ့တာ ဖြစ်သလို Fighter of the Year ဆုကိုတော့ အမေရိကန် MMA နဲ့ UFC ဟဲဗီးဝိတ်တန်း ဖိုက်တာ တော်မီယာမှ ရရှိသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ 2018 Global Martial Arts ဆုပေးပွဲမှာလည်း အကောင်းဆုံး အမျိုးသားကစားသမားဆုနဲ့ အကောင်းဆုံးပွဲဆုတို့ကို အောင်လအန်ဆန်းက ရရှိခဲ့ပါသေးတယ်။ အောင်လအန်ဆန်းက လာမယ့် အောက်တိုဘာလမှာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို သွားရောက်ပြီး အမေရိကန် – ဖိလစ်ပိုင် နွယ်ဖွား ဘရန်ဒွန်ဗီရာနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ရုပ်သံဖိုင်အားကြည့်ရှုရန် နှိပ်ပါ

Credit- Nanmalgyi

Recent Updates

Recent Posts Widget