အလုပ္ရွင္အမ်ိဳးသမီးႀကီးကို အိပ္ယာထဲရက္စက္စြာသတ္ခဲ့တဲ့ လူသတ္တရားခံကို တရားရုံးမွေသဒါဏ္ခ်မွတ္လိုက္ၿပီ
ပဲခူး၊ ဇြန္ ၆
၂၀၁၈ ခုႏွစ္၊ဧၿပီလ ၆ရက္ေန႔က အသက္(၅၈)ႏွစ္အရြယ္ မီးေသြး လုပ္ငန္းရွင္ ေဒၚခင္ျဖဴျဖဴရွိန္ကို ေနအိမ္အတြင္းမွာအသတ္ခဲ့ၿပီး ေငြသိန္း(၂၀)ယူသြားတဲ့ အလုပ္သမားလူသတ္တရားခံကို မေန႔(ဇြန္ ၅ရက္ေန႔)က ပဲခူးၿမိဳ႕၊ဒုခ႐ိုင္(၃)တရား႐ုံးက ပုဒ္မ-၃၀၂(၁)(ဂ)နဲ႔ ေသဒါဏ္ခ်မွတ္လိုက္ပါတယ္။
ပဲခူးၿမိဳ႕၊အမွတ္(၂)နယ္ေျမရဲစခန္းအပိုင္၊မဇင္းရပ္ကြက္၊ေရႊဂူေလးဘုရားလမ္း၊အိမ္အမွတ္(၁၃၃၁)မွာ ေနထိုင္တဲ့ မီးေသြးလုပ္ငန္းရွင္ ေဒၚခင္ျဖဴျဖဴရွိန္ဟာ ေနအိမ္မွာတစ္ဦးထဲရွိေနခ်ိန္ ၿပီးခဲ့တဲ့ႏွစ္၊ဧၿပီလ ၆ရက္ေန႔၊မနက္၆နာရီ ၀န္းက်င္အခ်ိန္ေလာက္က လည္ပင္း ပတ္လည္မွာ ထိုးသြင္းဒါဏ္ရာ(၃)ခ်က္၊ယာနဖူးညိဳမဲဒါဏ္ရာေတြနဲ႔ အိပ္ယာေပၚမွာအသတ္ခံခဲ့ရတာပါ။
အခင္းျဖစ္ၿပီးေနာက္ ေသဆုံးသူရဲ႕ခင္ပြန္းျဖစ္သူဦးဝင္းေအာင္က စခန္းမွာသြားေရာက္အမႈဖြင့္ရာက ျပစ္မႈက်ဳးလြန္သူ ေကာင္းဆက္ (ခ)ကုလားေလး၊(၁၈)ႏွစ္ကို အခင္းျဖစ္ၿပီး နာရီ(၅၀)အခ်ိန္ အတြင္း မွာ သက္ေသခံေငြက်ပ္သိန္း(၂၀)နဲ႔အတူ ပဲခူးအမွတ္(၂) နယ္ေျမ ရဲစခန္းက ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ပါတယ္။
ျပစ္မွဳက်ဴးလြန္သူကို တရား႐ုံးက (ပ)၃၃၂/၂၀၁၈၊ ရာဇသတ္ႀကီး ဥပေဒ ၃၀၂/၃၉၄ နဲ႔အမႈကိုစစ္ေဆးခဲ့ၿပီး ပုဒ္မ၃၀၂(၁)(ဂ)နဲ႔ မေန႔က ေသဒါဏ္ခ်မွတ္လိုက္တာျဖစ္ပါတယ္။
သတင္း/ဓါတ္ပုံ-ဧရာ(ပဲခူး)
Credit \\ original
..
Unicode
ပဲခူး၊ ဇွန် ၆ ၂၀၁၈ ခုနှစ်၊ဧပြီလ ၆ရက်နေ့က အသက်(၅၈)နှစ်အရွယ် မီးသွေး လုပ်ငန်းရှင် ဒေါ်ခင်ဖြူဖြူရှိန်ကို နေအိမ်အတွင်းမှာအသတ်ခဲ့ပြီး ငွေသိန်း(၂၀)ယူသွားတဲ့ အလုပ်သမားလူသတ်တရားခံကို မနေ့(ဇွန် ၅ရက်နေ့)က ပဲခူးမြို့၊ဒုခရိုင်(၃)တရားရုံးက ပုဒ်မ-၃၀၂(၁)(ဂ)နဲ့ သေဒါဏ်ချမှတ်လိုက်ပါတယ်။
ပဲခူးမြို့၊အမှတ်(၂)နယ်မြေရဲစခန်းအပိုင်၊မဇင်းရပ်ကွက်၊ရွှေဂူလေးဘုရားလမ်း၊အိမ်အမှတ်(၁၃၃၁)မှာ နေထိုင်တဲ့ မီးသွေးလုပ်ငန်းရှင် ဒေါ်ခင်ဖြူဖြူရှိန်ဟာ နေအိမ်မှာတစ်ဦးထဲရှိနေချိန် ပြီးခဲ့တဲ့နှစ်၊ဧပြီလ ၆ရက်နေ့၊မနက်၆နာရီ ၀န်းကျင်အချိန်လောက်က လည်ပင်း ပတ်လည်မှာ ထိုးသွင်းဒါဏ်ရာ(၃)ချက်၊ယာနဖူးညိုမဲဒါဏ်ရာတွေနဲ့ အိပ်ယာပေါ်မှာအသတ်ခံခဲ့ရတာပါ။
အခင်းဖြစ်ပြီးနောက် သေဆုံးသူရဲ့ခင်ပွန်းဖြစ်သူဦးဝင်းအောင်က စခန်းမှာသွားရောက်အမှုဖွင့်ရာက ပြစ်မှုကျုးလွန်သူ ကောင်းဆက် (ခ)ကုလားလေး၊(၁၈)နှစ်ကို အခင်းဖြစ်ပြီး နာရီ(၅၀)အချိန် အတွင်း မှာ သက်သေခံငွေကျပ်သိန်း(၂၀)နဲ့အတူ ပဲခူးအမှတ်(၂) နယ်မြေ ရဲစခန်းက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ပြစ်မှုကျူးလွန်သူကို တရားရုံးက (ပ)၃၃၂/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေ ၃၀၂/၃၉၄ နဲ့အမှုကိုစစ်ဆေးခဲ့ပြီး ပုဒ်မ၃၀၂(၁)(ဂ)နဲ့ မနေ့က သေဒါဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။
သတင်း/ဓါတ်ပုံ-ဧရာ(ပဲခူး)
Credit \\ original


