“အသက်(၄)နှစ်ခန့် KG ကျောင်းသူလေး မုဒိမ်းပြုကျင့်ခံရ…. 😭😭သမီးမွေးထားတဲ့မိဘတွေရင်လေးစရာပါလား… 😭😭”











Unicode Version

ဧရာဝတီးတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ၊ အောင်ဟိတ်ကျေးရွာအုပ်စု ၊ စံလင်းဒေါင့်ကျေးရွာ၌ KGကျောင်းသူ မ……အား ဖိုးချစ်(၁၅)နှစ် မှ မုဒိမ်းပြုကျင့်မှု ဖြစ်ပွားကြောင်း စုံစမ်းသိရှိရသည်။

“၂၀၁၉ ဇူလိုင် ၈ရက် နေ့လယ် ၁၂နာရီအချိန်ခန့် ထမင်းစား အားလပ်ချိန်မှာ KG ကျောင်း တက် အသက် (၄)နှစ်အရွယ် မိန်းကလေးငယ် မ….အား ဖိုးချစ် (၁၅)နှစ်၊ ကံကုန်ကျေးရွာအုပ်စု ၊ စံလင်းဒေါင့်ကျေးရွာနေသူမှ ကျောင်း ပြင်ပသို့ ခေါ်ဆောင်ကာ မုဒိန်း ပြကျင့်ခဲ့ခြင်း”ဟု စုံစမ်းသိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ပြစ်မှုကျူးလွန်သူ ဖိုးချစ် အား မအူပင်မြို့ မြို့မစခန်းမှ (ပ)၈၅၅/၂၀၁၉၊ ရာဇာသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။

Credit: Real News Distribution Agency

Recent Updates

Recent Posts Widget