ဒရိုင်ဘာ ဟာ ကလေးငယ်ကို လက်နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့တာလို့ ဒုရဲချုပ်ပြောပြီ




နေပြည်တော် မူကြိုကျောင်းက ကလေးငယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုဖြစ်စဉ်မှာ သံသယတရားခံ ယာဉ်မောင်းက ကလေးငယ်ကို လက်နဲ့ လုပ်ခဲ့တာဖြစ်တယ်လို့ ဒုတိယ ရဲချုပ်ကပြောပါတယ်။ဒါ့အပြင် အခုသံသယရှိသူအောင်ကျော်မိုးဟာ ပြုလုပ်သူဖြစ်တယ်လို့ ကလေးကိုယ်တိုင်က ထွက်ဆိုထားတာဖြစ်ပြီး ကလေးငယ်ဟာ ကျောင်းမှာလည်း တခြားသူတွေကို Friend လို့ခေါ်ပြီး အဖေအရွယ်တွေကို ကိုကို လို့ပဲ ခေါ်တဲ့ အကျင့်ရှိတယ်လို့ ရဲဗိုလ်ချုပ်အောင်နိုင်သူ ကပြောပါတယ်။


“ကျွန်တော်တို့ရဲ ရဲ့ တင်ပြချက်သည် ခိုင်မာတဲ့ အထောက်အထားနဲ့ စွဲတာပါ။”ကလေးကပြောထားပါတယ် သူ့ကို လက်နဲ့လုပ်တယ်လို့ပြောထားပါတယ်။ အဲ့တာဆို ဘာဖြစ်လို့ Sperm (သုတ်) ရှိတာလည်းလို့ မေးပါမယ်။ သူလည်း ဒီလိုစိတ်များရှိနေခဲ့ရင် ဒီထဲမှာ နှိုက်ထားပြီးတော့ ကလေးကိုနှိုက်လိုက်ရင် ကလေးဆီကို Sperm (သုတ်) ကပါသွားနိုင်ပါတယ်။”” လို့ ဒီနေ့ ဇူလိုင်လ ၅ ရက်နေ့က နေပြည်တော်က သမ္မတအိမ်တော် မှာပြုလုပ်တဲ့ သတင်းစာရှင်လင်းပွဲအတွင်း ရဲတပ်ဖွဲ့တာဝန်ရှိသူကပြောဆိုလိုက်တာပါ။ကလေးငယ် မဖွယ်မရာ အကြမ်းဖက်ခံရမှုအတွက် ယာဉ်မောင်းဖြစ်သူ အောင်ကျော်မိုးကို ဒီနေ့ ဇူလိုင်လ ၄ ရက်နေ့က တရားစွဲတင်ထားပါတယ်။

နေပြည်တော် သပြေကုန်းမှာရှိတဲ့ Wisdom Hill မူကြို ကျောင်းက သုံးနှစ်အရွယ်ကလေး ငယ်တစ်ဦး (ဗစ်တိုးရီးယား) မဖွယ်မရာ ပြုကျင့်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်မှာ စွပ်စွဲပြောဆိုခံနေရ ကျောင်းကြီးကြပ်ရေးမှူးရဲ့ သား နှစ်ဦးကို စစ်ဆေးခဲ့စဉ်ကလည်း မျိုးရိုးဗီဇ (DNA) တူညီခြင်းမရှိခဲ့ပါဘူး။ဒီအမှုမှာ ပထမဆုံး စွပ်စွဲခံရတဲ့ သံသယတရားခံ ဖြစ်သူ ကျောင်းကြီးကြပ်ရေးမှူးရဲ့ယာဉ်မောင်းကို မေလ ၃၀ ရက်မှာ ရဲတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးခဲ့ပြီး တစ်လခန့်အကြာ ဇွန် လ ၂၄ ရက်မှာ သက်သေမခိုင်လုံတဲ့အတွက် ပြန်လွှတ်ပေးခဲ့ပေမယ့် အခုအခါမှာတော့ ကျူးလွန်သူဟာ ယာဉ်မောင်းအောင်ကျော်မိုး ဖြစ်တယ်ဆိုပြီး CID က တရားစွဲတင်လိုက်တာဖြစ်ပါတယ်။

လတ်တလောမှာ ကျူးလွန်သူလို့ ယူဆရတဲ့ အောင်ကျော်မိုးကို ပုဒ်မ ၃၇၆ နဲ့ တရားစွဲဆိုထားပြီး ဇူလိုင်လ ၄ ရက်နေ့မှာ တရားရုံမှာ စွဲချက်တင်လိုက်တာဖြစ်ပါတယ်။ ဒီအမှုကို လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။

Credit- Duwun

Recent Updates

Recent Posts Widget