ဖုန်းက ရေစိုခံလား/မခံလားဆိုတဲ့ကိစ္စနဲ့ သြစီမှာ ပြဿနာတက်နေတဲ့ Samsung





Samsung ကတော့ ကမ္ဘာပေါ်မှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ နည်းပညာပစ္စည်း ကုမ္ပဏီဖြစ်ပါတယ်။ Samsung စမတ်ဖုန်းတွေကလည်း လူသုံးများတဲ့ ထုတ်ကုန်တွေထဲ ပါဝင်ပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ Samsung ဖုန်းတံဆိပ်က သြစတေးလျနိုင်ငံမှာ ပြဿနာတစ်ရပ် ရင်ဆိုင်နေရပါတယ်။
ပြဿနာကတော့ Samsung ဖုန်းတွေက ရေစိုခံ/မခံဆိုတာနဲ့ ပတ်သက်နေပါတယ်။ သြစတေးလျ စားသုံးသူ ကော်မရှင် (ACCC) ကနေ ထိုအချက်အတွက် Samsung ကို တရားစွဲဆိုဖို့ လုပ်လိုက်တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်လောက်ကတည်း Samsung ဟာ သူ့ရဲ့ ဖုန်းတွေကို ရေကူးကန်၊ ပင်လယ်ကဲ့သို့သော တကယ့်အသုံးဝင်မှုနဲ့ မကိုက်ညီတဲ့ နေရာပတ်ဝန်းကျင်တွေမှာ ကြော်ငြာနေခဲ့တာ ဖြစ်တယ်လို့ ACCC က မှတ်ချက်ပေးထားတာ ဖြစ်ပါတယ်။


Shutterstock/Karlis Dambrans
“Samsung Galaxy ဖုန်း ကြော်ငြာတွေက တကယ်တမ်းမှာ ရေအမျိုးအစားအားလုံးအတွက် ရေစိုခံတာလည်း မဟုတ်ဘဲ ပင်လယ်၊ ရေကူးကန် အစရှိတဲ့ နေရာတွေမှာ ကြော်ငြာပြီး ထိုရေတွေကေ ဖုန်းကို တစ်စုံတစ်ရာ သက်ရောက်မှု မရှိသလို လူတွေကို အထင်မှားစေခြင်း ဖြစ်တယ်လို့ ACCC က ယူဆပြီး အဆိုထုတ်ပြန်ခြင်း ဖြစ်ပါတယ်” လို့ ACCC ရဲ့ ဥက္ကဌ Rod Sims က ဒီထုတ်ပြန်ချက် ထဲမှာ ဖော်ပြထားပါတယ်။



ထိုစွပ်စွဲချက်ကိုတော့ ACCC ဘက်ကနေ Samsung ကြော်ငြာ အခု ၃၀၀ ကို စိစစ်ပြီး ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ Samsung ကုမ္ပဏီဟာ Galaxy ဖုန်းတွေက IP68 water resistance အဆင့်ရှိ ရေစိုခံဖုန်း ဖြစ်ပြီး ရေအနက် ၁.၅ မီတာအထိကို ၃၀ မိနစ်ကြာအောင် ထားနိုင်တယ်လို့ ကြော်ငြာတာပါ။ ဒီအချက်ကို ACCC ကနေ ရေအမျိုးအစား အားလုံးမှာ ထိုအချက်က မမှန်ကန်ဘဲ ကြော်ငြာခြင်း ဖြစ်တယ်လို့ သုံးသပ်နေတာပါ။ ဒါပေမယ့် တကယ်တမ်းမှာလည်း Galaxy S10 ဖုန်းက ပင်လယ်ရေအောက် သုံးလို့မရဘူးလို့တော့ Samsung ကနေ ကြော်ငြာထားပါတယ်။


Shutterstock/Austris Antons
ACCC ဥက္ကဌ Mr.Sims ကနေ ဆက်ပြီးတော့ “Samsung ဖုန်းတွေက တကယ်သုံးလို့မရတဲ့ အခြေအနေတွေကို ပြသပြီး စားသုံးသူတွေကို ဆွဲဆောင်နေတာ ဖြစ်ပါတယ်” လို့ ဆိုကာ စားသုံးသူတွေဘက်ကနေ ရပ်တည် ပြောကြားခဲ့ပါတယ်။ Samsung ဘက်ကတော့ ထိုပြဿနာကို သေချာကိုင်တွယ်ဖြေရှင်းသွားမှာ ဖြစ်တဲ့အကြောင်း Reuters သတင်းဌာနကို ပြောထားပါတယ်။



Ref: The Verge


Credit  \\  original

Recent Updates

Recent Posts Widget