ကိုရီးယားမင်းသမီး လီယူအွမ်း ခုံးကောင်ဖမ်းစားသည့်ရုပ်သံထုတ်လွှင့်မှု SBS တောင်းပန်





တောင်ကိုရီးယား ရုပ်ရှင်မင်းသမီး လီယူးအွမ်းက ထိုင်းနိုင်ငံအတွင်း ရှားပါးသတ္တဝါအဖြစ် တားမြစ်ကာကွယ်ထားတဲ့ ခုံးကောင် မျိုးစိတ်တွေအား ဖမ်းစားနေပုံရုပ်သံကို ထုတ်လွှင့်ဖို့ ခွင့်ပြုခဲ့တဲ့အတွက် တောင်ကိုရီးယား ရုပ်သံအစီအစဉ် SBS က တောင်းပန်လိုက်ပါတယ်။

ဇွန်လ ၂၉ ရက်မှာ ထုတ်လွှင့်တဲ့ တောရိုင်းဥပဒေသလို့ နာမည်ပေးထားတဲ့ ရုပ်သံ အစီအစဉ်ထဲမှာ အဲဒီရုပ်ပုံတွေ ပါသွားခဲ့တာပါ။



ရုပ်သံအစီအစဉ်ကို ထုတ်လွှင့်အပြီးမှာ ထိုင်းနိုင်ငံက ဟတ်ကျောင်းမိုင် အမျိုးသားဥယျာဉ်ရဲ့ အကြီးအကဲက SBS အတွက် ရုပ်သံရိုက်ကူးဖို့ စီစဉ်ပေးခဲ့တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ ‘The Sixth Element’ ကို တရားစွဲခဲ့ပါတယ်။



ရုပ်သံထဲမှာ အန်ဒမန် ပင်လယ်ထဲက ကျွန်းတွေနားမှာ ရေကူးနေတဲ့ မင်းသမီးက ခုံးကောင် ၃ ကောင်ကို ဖမ်းပြီး သူနဲ့တခြား ပြိုင်ပွဲဝင်တွေ အတူစားခဲ့ပုံကို ပြထားပါတယ်။

SBS က သူ့အင်တာနက် စာမျက်နှာပေါ်ကနေ ဗွီဒီယိုကို ဖြုတ်ချခဲ့ပြီး သူတို့အစီအစဉ် ထုတ်လုပ်ရာမှာ ပိုပြီးအာရုံစိုက်ပါ့မယ်လို့ ကတိပေးတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

credit  \\  original

Recent Updates

Recent Posts Widget