ဗစ်တိုးရီးယားအတွက် တရားမျှတမှုရှာဖွေပေးရေးအတွက် မန္တလေးမြို့တွင် ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် လူအင်အား ၁၀၀၀ နီးပါးခန့် ဆန္ဒထုတ်ဖော်ခဲ့ကြ





Justice for Victoria လှုပ်ရှားမှု မန္တလေးမြို့တွင် ပြုလုပ်
—— —— —— —– —–

ဗစ်တိုးရီးယားအတွက် တရားမျှတမှုရှာဖွေပေးရေးအတွက် မန္တလေးမြို့တွင် ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် လူအင်အား ၁၀၀၀ နီးပါးခန့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယနေ့ဆန္ဒထုတ်ဖော်ပွဲတွင် ဆန္ဒထုတ်ဖော်သူများသည်



(၁) ဗစ်တိုးရီးယားအတွက် တရားမျှတမှုကိုရှာဖွေပေးပါ

(၂) ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးရေး

(၃) နောက်ထပ် ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်စေရေး

(၄) လုံခြုံစိတ်ချရသော လူ့အဖွဲ့အစည်းတခု ဖန်တီးနိုင်ရေး



စသည့်ကြွေးကြော်သံများနှင့်အတူ မန္တလေးမြို့ ၆၆ လမ်း ၃၅ လမ်းမှစတင်၍ ၆၂ လမ်းရှိ လူထုဟစ်တိုင်ကွင်းသို့ ချီတက်လမ်းလျှောက်ခဲ့ကြသည်။



Crd စိုင်းထူးခန့်

Crd news world

Recent Updates

Recent Posts Widget