ညီမဖြစ်သူ စန္ဒီမြင့်လွင်ရဲ့ Bart Bar ကို သွားရောက်အားပေးခဲ့ကြတဲ့ မကြီးစိုးနဲ့ဒါဒါ




စကားပြောရင် အရမ်းကိုချစ်စရာကောင်းတဲ့ အဆိုတော်မင်းသမီးလေး စန္ဒီမြင့်လွင်ကတော့ ချစ်ရတဲ့ချစ်သူနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ဖန်တီးနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စန္ဒီမြင့်လွင်က ၃၉ လမ်းထိပ် ကုန်သည်လမ်းမပေါ်မှာ အမိုက်စားဘားကြီး ဖွင့်လှစ်ထားတာဖြစ်ပြီး သူမတို့ဇနီးမောင်နှံနှစ်ဦး ဖွင့်လှစ်ထားတဲ့ဘားကို အမတွေ တူတွေ လာလည်ကြတဲ့အကြောင်း ပြောပြထားတာ တွေ့ရပါတယ်။ ထူးခြားတဲ့ အပြင်အဆင်နဲ့ အမိုက်စားဖန်တီးထားတဲ့ စန္ဒီမြင့်လွင်ရဲ့ Bart Bar ကတော့ အရမ်းကို သွားချင်စဖွယ်လေးဖြစ်လို့နေတာပါနော်။



မိုမိုလေးချစ်ပရိသတ်တွေအတွက် စန္ဒီမြင့်လွင်တို့ရဲ့ Bart Bar ကို သွားရောက်ခဲ့ကြတဲ့ မကြီးစိုး ဒါဒါ တို့ မိသားစုတွေရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


စန္ဒီမြင့်လွင်ကတော့ ” BARTမှာလာအားပေးတဲ့ မကြီး မဒါ သားသားနဲ့ ခေါတ်တို့ နဲ့ 🥂 ” ဆိုပြီး ပျော်ရွှင်စရာပုံရိပ်လေးတွေနဲ့တကွ သူမရဲ့လူမှုကွန်ယက်မှာ တင်ထားခဲ့တာပါ။



စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံနှစ်ဦး ဖွင့်လှစ်ထားတဲ့ Bart Bar ကို သွားရောက်လည်ပတ်ခဲ့ကြတဲ့ မကြီးစိုး ဒါဒါတို့ မိသားစုတွေရဲ့ ပုံရိပ်လေးက အရမ်းကိုကြည်နူးစရာပါ။
စန္ဒီမြင့်လွင်နဲ့ သီဟလွင်တို့ ဇနီးမောင်နှံနှစ်ဦးကတော့ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ထိမ်းမြားလက်ထပ်ခဲ့ကြတာဖြစ်ပြီး သာယာအေးချမ်းတဲ့ အိမ်ထောင်ရေးကို အတူပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး စီးပွားရေးပိုင်းမှာလည်း ကြိုးစားလုပ်ကိုင်နေတာ တွေ့ရပါတယ်။ စန္ဒီမြင့်လွင်ကတော့ မကြာခင်မှာ သမီးလေးတစ်ယောက်ပိုင်ဆိုင်တော့မယ့် မေမေဖြစ်တော့မှာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အမိုက်စား ဘားကြီးဖွင့်လိုက်ပြီဖြစ်တဲ့ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံရဲ့ ဘားကိုအလည်သွားရောက်ခဲ့ကြတဲ့ မကြီးနဲ့ ဒါဒါတို့ရဲ့ ပုံရိပ်လေးတွေကို မျှဝေအားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။
Credit
Kay Kay
Ref: Sandy Myint Lwin’s Facebook

Recent Updates

Recent Posts Widget