နာရီပိုင်းအတွင်း ကြည့်ရှုသူအများအပြား ရှိသွားတဲ့ မေရဲ့ “့ကြယ်” သီချင်းအသစ်




မော်ဒယ်လောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ မေက သာယာကြည်လင်ပြီး အေးမြတဲ့အသံလေးကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ မေက သီချင်းတွေကိုလည်း သီဆိုပြီး ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို အမြောက်အများ ရရှိနေတာဖြစ်ပါတယ်။ မေပြန်လည်သီဆိုထားတဲ့ “မင်းကိုချစ်လို့” သီချင်း ဆိုလည်း ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားခဲ့ပါတယ်။

“မင်းကိုချစ်လို့” ဆိုတဲ့ သီချင်းလေးထွက်ပြီး တော်တော်ကြာတဲ့နောက်မှာတော့ ဒီနေ့မှာ မေက သူမရဲ့ သီချင်းအသစ်စက်စက်လေးတစ်ပုဒ်ကို မျှဝေထားပါတယ်။ထိုသီချင်းလေးက တစ်နာရီမပြည့်ခင်မှာတင် ကြည့်ရှုသူ တစ်သောင်းကျော်အထိ ရှိခဲ့တာကို တွေ့ရပါတယ်။

သီချင်းလေးနာမည်က “ကြယ်” လို့ အမည်ရပြီး ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်က ဘယ်သူမှန်းမသိတဲ့သူကို ငြိမ့်ငြိမ့်လေးလွမ်းတဲ့ ပုံစံလေး သီဆိုထားတာ ဖြစ်ပါတယ်။ ထိုသီချင်းလေးကို မေက DJ Past 12 နဲ့အတူတူ ပူးပေါင်းပြီး ဖန်တီးထားတာဖြစ်ပါတယ်။

မေ – ကြယ်

သီချင်းလေးက ငြိမ့်ငြိမ့်လေးနဲ့ ချစ်စရာကောင်းတာမို့ မေ့ရဲ့ အသံလေးနဲ့ အရမ်းကို လိုက်ဖက်တာပဲနော်။ ဒီသီချင်းလေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Credit
Rowena
Source: May

Recent Updates

Recent Posts Widget