ေအာင္သမာဓိေ႐ႊဆိုင္ပိုင္ရွင္ ဦးေအာင္ေျပာျပတဲ့ “ရည္းစားထားနည္း”
ျမန္မာျပည္မွာ ကြမ္းယာေရာင္းသူဘဝကေန အပတ္တကုတ္ႀကိဳးစားရင္း ေအာင္ျမင္မႈေတြရလာၿပီး ေအာင္သမာဓိေ႐ႊဆိုင္ပိုင္ရွင္ႀကီးတစ္ေယာက္ ျဖစ္လာတဲ့ “ဦးေအာင္ (ဦးေအာင္ဆန္းဝင္း)” က သူ႔ရဲ႕႐ိုးရွင္းတဲ့ အိမ္ေထာင္ေရး ဘဝအေၾကာင္းကို “ကြမ္းယာသည္ရဲ႕ ရည္းစားထားနည္း” ဆိုတဲ့ ေခါင္းစဥ္ေလးနဲ႔ ေဝမွ်ခဲ့ပါတယ္။
ကြမ္ယာသည္ရဲ႕ရည္းစားထားနည္း
ဘာေန႔သမီး လဲ? မေမးလိုက္မိဘူး
အရပ္အနိမ့္အျမင့္ မတိုင္းလိုက္ရသလို
ေသြးလဲမစစ္လိုက္ရပါဘူး ျမင္တဲ့ေနကစႀကိဳက္တာဘဲ
စီးပြားပညာစစ္တမ္း
သူ႔ေနာက္မွာဘာပကာသနမွမရွိသလို
ပညာအရည္ခ်င္း ၈ တန္း ေတာင္သူသားသမီး
ကိုေတြေနာက္မွာေတာ့ ကြမ္ယာဆိုင္းဘုတ္သာရွိ
မိဘေတာင္သူ ပညာအရည္ခ်င္း ၁၀ တန္း
မိဘမ်ိဴး႐ိုး
စစ္ေဆးဘို႔ေနေန သာသာ
သူ႔မိဘတို႔သိမွာေၾကာက္လို႔
သိုသိုသိတ္သိတ္
ရည္းစားသက္တမ္း
အေျဖေစာင့္ရတာ သုံးလ
မဂၤလာေဆာင္ဘို႔ရဘို႔ ၅ႏွစ္ ေစာင့္ရတယ္
ေစ့စပ္ပြဲ
ခ်ိန္ေတြ႕လို႔ လူမိတဲ့သိတဲ့ည
အဲဒါေစ့စပ္ပြဲလို႔ထင္တာပါဘဲ
ဂုဏ္သေရရွိလူႀကီးေတြ အဲဒီည
တေယာက္မွမပါတာေတာ့ေသခ်ာတာဘဲ
မဂၤလာေဆာင္ခန္းမ
ဘယ္ခန္းမွ မသြားႏိုင္ပါဘူး
သူ႔အိမ္ ကိုယ့္အိမ္က ခန္းမပါဘဲ
လက္ထပ္စာခ်ဳပ္ခန္းမပါသလိုဘဲ
သတို႔သမီး သတို႔သားအရံ ေခၚဘို႔ေနေနသာသာ
ကိုေတြေတာင္ ဝတ္စုံဘိုးမေလာက္လို႔
မွတ္တမ္းတင္
VDO မွတ္တမ္းမေခၚႏိုင္ပါဘူး
ဓါတ္ပုံဆရာကခင္လို႔ ၃ ပုံဘဲ႐ိုက္ေပယ္
ခုေတာ့ အမ်ိဳးေတြနဲ႔ပုံ တစ္ပုံဘဲရွိေတာ့တယ္
မဂၤလာေမာင္မယ္ ဆြမ္းကယ္တို႔ ကိတ္မုန႔္ခြန္တို႔
အလွပုံတို႔ မ႐ိုက္ႏိုင္ခဲ့ပါဘူး
မဂၤလာလက္ဖြဲ႕
၈၀၀၀ ရပါတယ္ သိန္း၈၀၀၀ မဟုတ္ပါ
႐ိုး႐ိုး ရွစ္ေထာင္က်ပ္ပါ ခုေခတ္လိုဆိုရင္
တစ္ေထာင္တန္ရွစ္႐ြက္ေပါ့ဗ်ာ
ရတာနဲ႔ကုန္တာအတူတူေလာက္ပါဘဲ
ဒါေပမဲ့ အဲဒီေငြက လာသမွ်လူကို
ထၼင္းေႂကြးႏိုင္ပါတယ္ ေ႐ႊတစ္က်ပ္သား ၃၅၀၀
ဟန္းနီးမြန္းခရီး
မဂၤလာေဆာင္ၿပီးေနာက္ရက္
မိန္းမေခၚၿပီး ေ႐ႊေတာျပန္ၿပီး
ကြမ္းယာယာေရာင္းေနလိုက္တာပါဘဲ
ေခ်ာင္းသာ ငပလီသြားဘို႔ေနေနသာသာ
မဂၤလာေဆာင္အေႂကြးဆပ္ဘို႔ေစ်းေရာင္းရမယ္ေလ
နိဂုံခ်ဳပ္ေတာ့
မဂၤလာဘယ္လိုေဆာင္တာအေရးမႀကီပါဘူူး
မဂၤလာေဆာင္ၿပီးေနာက္ ဘယ္လိုေန ဘယ္လိုေသ
ၾသားၾကတယၦိဳတာ ေအရးႀကီးတယၳငၱာဘဲ
ခုထိအိမ္ေထာင္သက္(၃၅)ႏွစ္
ဘာအမွတ္တရပြဲမွမလုပ္ဘူူးေသးပါဘူး
မလိုအပ္ဘဲအပိုမကုန္ခ်င္လို႔ပါ
အမွတ္တရမ်ား
မ်ားလြန္းလို႔မေရးေတာ့ပါဘူး
ထီးလိုတဖုံ ယပ္လိုတသြယ္ အေႏြးထည္လိုတမ်ိဳး ေစာင့္ေရွာက္ေနတာေၾကာင့္
သူမရွိရင္ေတာ့မေနတတ္ေတာ့ဘူးဗ်
သံေဝဂ
ဒါေပမဲ့လည္း
တေန႔ေတာ့ခြဲၾကရမွာေလ
ဒါေၾကာင့္ တရားဘဲအားကိုးရမွာမို႔
စာတလုံးေၾကာင့္ အသိတခုရႏိုင္ၾကပါေစ
စာတစ္လုံးေၾကာင့္ တခုခုေတာ့ရၾကပါေစ
လို႔ သူ႔ရဲ႕ လူမႈကြန္ယက္ Aung San Win အေကာင့္ကေန ေဖာ္ျပခဲ့ၿပီး ျပန္လည္မွ်ေဝသူ ၃ ေထာင္နီးပါးရွိခဲ့ပါတယ္။ ပကာသနမဖက္ပဲ အရွိကိုအရွိအတိုင္း ဘဝကို ႐ိုးသားႀကိဳးစားစြာ ျဖတ္သန္းေနတဲ့ “ဦးေအာင္” ကေတာ့ လူတိုင္း ေလးစားအားက်ရတဲ့ ပုဂၢိဳလ္ႀကီး တစ္ဦးျဖစ္ပါတယ္။
ဓါတ္ပုံ – Aung San Win (FB)
Unicode version
မြန်မာပြည်မှာ ကွမ်းယာရောင်းသူဘဝကနေ အပတ်တကုတ်ကြိုးစားရင်း အောင်မြင်မှုတွေရလာပြီး အောင်သမာဓိရွှေဆိုင်ပိုင်ရှင်ကြီးတစ်ယောက် ဖြစ်လာတဲ့ “ဦးအောင် (ဦးအောင်ဆန်းဝင်း)” က သူ့ရဲ့ရိုးရှင်းတဲ့ အိမ်ထောင်ရေး ဘဝအကြောင်းကို “ကွမ်းယာသည်ရဲ့ ရည်းစားထားနည်း” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဝေမျှခဲ့ပါတယ်။
ကွမ်ယာသည်ရဲ့ရည်းစားထားနည်း
ဘာနေ့သမီး လဲ? မမေးလိုက်မိဘူး
အရပ်အနိမ့်အမြင့် မတိုင်းလိုက်ရသလို
သွေးလဲမစစ်လိုက်ရပါဘူး မြင်တဲ့နေကစကြိုက်တာဘဲ
စီးပွားပညာစစ်တမ်း
သူ့နောက်မှာဘာပကာသနမှမရှိသလို
ပညာအရည်ချင်း ၈ တန်း တောင်သူသားသမီး
ကိုတွေနောက်မှာတော့ ကွမ်ယာဆိုင်းဘုတ်သာရှိ
မိဘတောင်သူ ပညာအရည်ချင်း ၁၀ တန်း
မိဘမျိူးရိုး
စစ်ဆေးဘို့နေနေ သာသာ
သူ့မိဘတို့သိမှာကြောက်လို့
သိုသိုသိတ်သိတ်
ရည်းစားသက်တမ်း
အဖြေစောင့်ရတာ သုံးလ
မင်္ဂလာဆောင်ဘို့ရဘို့ ၅နှစ် စောင့်ရတယ်
စေ့စပ်ပွဲ
ချိန်တွေ့လို့ လူမိတဲ့သိတဲ့ည
အဲဒါစေ့စပ်ပွဲလို့ထင်တာပါဘဲ
ဂုဏ်သရေရှိလူကြီးတွေ အဲဒီည
တယောက်မှမပါတာတော့သေချာတာဘဲ
မင်္ဂလာဆောင်ခန်းမ
ဘယ်ခန်းမှ မသွားနိုင်ပါဘူး
သူ့အိမ် ကိုယ့်အိမ်က ခန်းမပါဘဲ
လက်ထပ်စာချုပ်ခန်းမပါသလိုဘဲ
သတို့သမီး သတို့သားအရံ ခေါ်ဘို့နေနေသာသာ
ကိုတွေတောင် ဝတ်စုံဘိုးမလောက်လို့
မှတ်တမ်းတင်
VDO မှတ်တမ်းမခေါ်နိုင်ပါဘူး
ဓါတ်ပုံဆရာကခင်လို့ ၃ ပုံဘဲရိုက်ပေယ်
ခုတော့ အမျိုးတွေနဲ့ပုံ တစ်ပုံဘဲရှိတော့တယ်
မင်္ဂလာမောင်မယ် ဆွမ်းကယ်တို့ ကိတ်မုန့်ခွန်တို့
အလှပုံတို့ မရိုက်နိုင်ခဲ့ပါဘူး
မင်္ဂလာလက်ဖွဲ့
၈၀၀၀ ရပါတယ် သိန်း၈၀၀၀ မဟုတ်ပါ
ရိုးရိုး ရှစ်ထောင်ကျပ်ပါ ခုခေတ်လိုဆိုရင်
တစ်ထောင်တန်ရှစ်ရွက်ပေါ့ဗျာ
ရတာနဲ့ကုန်တာအတူတူလောက်ပါဘဲ
ဒါပေမဲ့ အဲဒီငွေက လာသမျှလူကို
ထ္မင်းကြွေးနိုင်ပါတယ် ရွှေတစ်ကျပ်သား ၃၅၀၀
ဟန်းနီးမွန်းခရီး
မင်္ဂလာဆောင်ပြီးနောက်ရက်
မိန်းမခေါ်ပြီး ရွှေတောပြန်ပြီး
ကွမ်းယာယာရောင်းနေလိုက်တာပါဘဲ
ချောင်းသာ ငပလီသွားဘို့နေနေသာသာ
မင်္ဂလာဆောင်အကြွေးဆပ်ဘို့ဈေးရောင်းရမယ်လေ
နိဂုံချုပ်တော့
မင်္ဂလာဘယ်လိုဆောင်တာအရေးမကြီပါဘူူး
မင်္ဂလာဆောင်ပြီးနောက် ဘယ်လိုနေ ဘယ်လိုသေ
သြားကြတယ္ဆိုတာ အေရးကြီးတယ္ထင္တာဘဲ
ခုထိအိမ်ထောင်သက်(၃၅)နှစ်
ဘာအမှတ်တရပွဲမှမလုပ်ဘူူးသေးပါဘူး
မလိုအပ်ဘဲအပိုမကုန်ချင်လို့ပါ
အမှတ်တရများ
များလွန်းလို့မရေးတော့ပါဘူး
ထီးလိုတဖုံ ယပ်လိုတသွယ် အနွေးထည်လိုတမျိုး စောင့်ရှောက်နေတာကြောင့်
သူမရှိရင်တော့မနေတတ်တော့ဘူးဗျ
သံဝေဂ
ဒါပေမဲ့လည်း
တနေ့တော့ခွဲကြရမှာလေ
ဒါကြောင့် တရားဘဲအားကိုးရမှာမို့
စာတလုံးကြောင့် အသိတခုရနိုင်ကြပါစေ
စာတစ်လုံးကြောင့် တခုခုတော့ရကြပါစေ
လို့ သူ့ရဲ့ လူမှုကွန်ယက် Aung San Win အကောင့်ကနေ ဖော်ပြခဲ့ပြီး ပြန်လည်မျှဝေသူ ၃ ထောင်နီးပါးရှိခဲ့ပါတယ်။ ပကာသနမဖက်ပဲ အရှိကိုအရှိအတိုင်း ဘဝကို ရိုးသားကြိုးစားစွာ ဖြတ်သန်းနေတဲ့ “ဦးအောင်” ကတော့ လူတိုင်း လေးစားအားကျရတဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်ပါတယ်။
ဓါတ်ပုံ – Aung San Win (FB)






