ပရဟိတကို… ေပါ့ေသးေသးထင္ရင္ …မွားမယ္လို…႔ ေျပာလိုက္တဲ့… ဦးေက်ာ္သူ




[Zawgyi Version]
ပ ရ ဟိ တ မင္းသားႀကီးတစ္ဦး ျဖစ္တဲ့ ဦးေက်ာ္သူဟာ ပရဟိတကို ေပ့ါေသးေသး ထင္ရင္မွားမယ္လို႕ ဆိုပါတယ္။ ပရဟိတ အလုပ္က သာသနာျပဳျခင္းပါပဲတဲ့။

Photo : ေက်ာ္သူ

အ ႏု ပ ညာေလာကမွာ ေအာင္ျမင္ခဲ့သူ တစ္ဦးျဖစ္သလို ပရဟိတမင္းသားႀကီး တစ္ဦးလည္း ျဖစ္တဲ့ ဦးေက်ာ္သူဟာ ပရဟိတအလုပ္အေပၚ ထားရွိရမယ့္ စိတ္ထားေလးေတြကို ေျပာျပခဲ့တာပါ။

“ပ ရ ဟိ တ”ကိုေပါ့ေသးေသးလို႔ထင္ရင္မွားမယ္။ပရဟိတ အလုပ္ကသာသနာျပဳျခင္းဘဲ။ ျမတ္စြာဘုရားကိုၾကည္ညိဳကန္ေတာ့ျခင္းဘဲ။ ဘုရားသခင္တိုင္းကိုေလးစားသမုျပဳျခင္းဘဲ။ ဘုရားသခင္တိုင္းရဲ႕စကားကိုနားေထာင္ျခင္းဘဲ။ “ပရဟိတ” ဆိုတာျမတ္စြာဘုရား ဘုရားမျဖစ္ခင္ လုပ္ခဲ႔တဲ႔ အလုပ္။ ဘုရားသခင္တိုင္း သတၱ၀ါေတြအေပၚ ကိုယ္ခ်င္းစာနာစိတ္နဲ႔ေပးဆပ္ခဲ႔တဲ႔ ျမင့္ျမတ္တဲ႔အလုပ္” လို႕ ဆုိပါတယ္။

Photo : ေက်ာ္သူ

ဒါေ ၾကာင့္ ပရဟိတဆိုၿပီး ကိုယ္တုိင္ လူ႕က်င့္ဝတ္ လူ႕သိကၡာ သီလေတြကို မေစာင့္ထိ္န္းႏိုင္ရင္ ပရဟိတကို ေစာ္ကားတာ ျဖစ္သြားမယ္လို႕ ဆက္လက္ေျပာထားပါေသးတယ္။

“ဒါ့ေၾကာင့္. . “ပရဟိတ” “ပရဟိတ” ဆိုျပီး ကိုယ္တိုင္လူ႔က်င့္၀တ္ လူ႔သိကၡာ လူ႔သီလေတြ ကိုမေစာင့္ထိမ္းနိုင္ရင္ေတာ့ “ပရဟိတ”ဆိုတာကို နံမယ္ဖ်က္တာျဖစ္သြားမယ္။

ေစာ္ ကား တာျဖစ္သြားမယ္။ဒါဆိုရင္ ဘုရားသခင္တိုင္းကိုေစာ္ကားတာနဲ႔တူတူဘဲေပါ့။ ဒီေတာ့အားလုံး ျဗဟၼစိုရ္တရားမ်ားလႊမ္းျခဳံကာပရဟိတ သစၥာဆိုနိုင္တဲ႔ပရဟိတသူရဲေကာင္းမ်ားျဖစ္ၾကပါေစ” ဆိုၿပီး ေမလ(၂၃) ရက္ေန႕ သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာ ျဖစ္ပါတယ္။ပရဟိတနဲ႕ ပတ္သက္ၿပီး ဦးေက်ာ္သူရဲ႕ စကားကိုလည္း ေထာက္ခံတဲ့ ပရိသတ္ေတြ မ်ားစြာ ရွိလို႕ ေနခဲ့ပါတယ္။

Credit
Photo : ေက်ာ္သူ

ဦးေက်ာ္သူက လက္ရွိမွာ ကုိယ္ပုိင္ရုပ္ရွင္ထုတ္လုပ္ေရးျဖစ္တဲ့ ဝရဇိန္ ရုပ္ရွင္ထုတ္လုပ္ေရးနဲ႔ အတူ ရုပ္ရွင္ဇာတ္ကားေတြ ရုိက္ကူးေနတာ ေတြ႔ရပါတယ္။ သူဟာ အႏုပညာအလုပ္ေတြလည္း ေဆာင္ရြက္ေနတာျဖစ္သလုိ နာေရးကူညီမႈအသင္းႀကီးကုိလည္း ဦးေဆာင္စီမံေနရသူ တစ္ဦးျဖစ္ပါတယ္။ ဒီအသင္းကေန အလွဴအတန္းေတြ၊ ပရဟိတ လုပ္ငန္းေတြ လုပ္ေဆာင္ေနတာကုိ ေတြ႔ရပါတယ္။

ေက်ာ္သူဟာ ၁၉၉၄ခုႏွစ္တြင္ အေကာင္း ဆံုးအမ်ိဳးသားဇာတ္ေဆာင္ဆုကို “တျပည္သူမေရႊထား” ရုပ္ရွင္ဇာတ္ကားနဲ႕ ရရွိခဲ့ၿပီး ၂၀၀၃ခုႏွစ္ မွာေတာ့ အေကာင္းဆံုးဒါရိုက္တာဆုကို အေမ့ႏို႕ဖိုး ရုပ္ရွင္ဇာတ္ကားနဲ႕ ရရွိထားသူ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ ၂၀၁၈ ခုႏွစ္အတြက္ Star Awards ဆုခ်ီးျမွင့္ပြဲမွာ ‘’ပုဂံၿမိဳ႕သူ’’ ရုပ္သံဇာတ္လမ္းတြဲနဲ႔ အေကာင္းဆုံး ဇာတ္လမ္းတြဲ ဒါရုိက္တာဆုကို ရရွိပုိင္ဆုိင္ခဲ့ပါတယ္။

Credit- Duwun

[Unicode Version]
ပရဟိတမင်းသားကြီးတစ်ဦး ဖြစ်တဲ့ ဦးကျော်သူဟာ ပရဟိတကို ပေ့ါသေးသေး ထင်ရင်မှားမယ်လို့ ဆိုပါတယ်။ ပရဟိတ အလုပ်က သာသနာပြုခြင်းပါပဲတဲ့။
Photo : ကျော်သူ

အနုပညာလောကမှာ အောင်မြင်ခဲ့သူ တစ်ဦးဖြစ်သလို ပရဟိတမင်းသားကြီး တစ်ဦးလည်း ဖြစ်တဲ့ ဦးကျော်သူဟာ ပရဟိတအလုပ်အပေါ် ထားရှိရမယ့် စိတ်ထားလေးတွေကို ပြောပြခဲ့တာပါ။

“ပရဟိတ”ကိုပေါ့သေးသေးလို့ထင်ရင်မှားမယ်။ပရဟိတ အလုပ်ကသာသနာပြုခြင်းဘဲ။ မြတ်စွာဘုရားကိုကြည်ညိုကန်တော့ခြင်းဘဲ။ ဘုရားသခင်တိုင်းကိုလေးစားသမုပြုခြင်းဘဲ။ ဘုရားသခင်တိုင်းရဲ့စကားကိုနားထောင်ခြင်းဘဲ။ “ပရဟိတ” ဆိုတာမြတ်စွာဘုရား ဘုရားမဖြစ်ခင် လုပ်ခဲ့တဲ့ အလုပ်။ ဘုရားသခင်တိုင်း သတ္တဝါတွေအပေါ် ကိုယ်ချင်းစာနာစိတ်နဲ့ပေးဆပ်ခဲ့တဲ့ မြင့်မြတ်တဲ့အလုပ်” လို့ ဆိုပါတယ်။
Photo : ကျော်သူ

ဒါကြောင့် ပရဟိတဆိုပြီး ကိုယ်တိုင် လူ့ကျင့်ဝတ် လူ့သိက္ခာ သီလတွေကို မစောင့်ထိန်းနိုင်ရင် ပရဟိတကို စော်ကားတာ ဖြစ်သွားမယ်လို့ ဆက်လက်ပြောထားပါသေးတယ်။

“ဒါ့ကြောင့်. . “ပရဟိတ” “ပရဟိတ” ဆိုပြီး ကိုယ်တိုင်လူ့ကျင့်ဝတ် လူ့သိက္ခာ လူ့သီလတွေ ကိုမစောင့်ထိမ်းနိုင်ရင်တော့ “ပရဟိတ”ဆိုတာကို နံမယ်ဖျက်တာဖြစ်သွားမယ်။

စော်ကားတာဖြစ်သွားမယ်။ဒါဆိုရင် ဘုရားသခင်တိုင်းကိုစော်ကားတာနဲ့တူတူဘဲပေါ့။ ဒီတော့အားလုံး ဗြဟ္မစိုရ်တရားများလွှမ်းခြုံကာပရဟိတ သစ္စာဆိုနိုင်တဲ့ပရဟိတသူရဲကောင်းများဖြစ်ကြပါစေ” ဆိုပြီး မေလ(၂၃) ရက်နေ့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။ပရဟိတနဲ့ ပတ်သက်ပြီး ဦးကျော်သူရဲ့ စကားကိုလည်း ထောက်ခံတဲ့ ပရိသတ်တွေ များစွာ ရှိလို့ နေခဲ့ပါတယ်။
Photo : ကျော်သူ

ဦးကျော်သူက လက်ရှိမှာ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ဝရဇိန် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ သူဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာဖြစ်သလို နာရေးကူညီမှုအသင်းကြီးကိုလည်း ဦးဆောင်စီမံနေရသူ တစ်ဦးဖြစ်ပါတယ်။ ဒီအသင်းကနေ အလှူအတန်းတွေ၊ ပရဟိတ လုပ်ငန်းတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

ကျော်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို “တပြည်သူမရွှေထား” ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာဆုကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုချီးမြှင့်ပွဲမှာ ‘’ပုဂံမြို့သူ’’ ရုပ်သံဇာတ်လမ်းတွဲနဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲ ဒါရိုက်တာဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Credit- Duwun

Recent Updates

Recent Posts Widget