ဒီကေန႔ျဖစ္ပြားတဲ့ ..မႏၲေလးခ်မ္းျမသာစည္ၿမိဳ႕…မီးေလာင္မႈၾကားမွေတြ႕ရွိခဲ့တဲ့တဲ့… ေ႐ႊလက္ေကာက္ေတြကို ျပန္လည္ေပးအပ္ခဲ့တဲ့… မီးသတ္သမားေလး
Zawgyi ျဖင့္ဖတ္ရန္
ေန ႔စဥ္ၾကား သိေ န ရ တဲ့ ျပည္တြင္းသတင္းေတြထဲမွာ မီးေလာင္မႈသတင္းေတြကေတာ့ မ်ားစြာရွိေနၿပီး ျပည္သူေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္မ်ားစြာကိုလည္း ဖ်က္ဆီးခဲ့တာအားလုံးအသိပဲျဖစ္မယ္ထင္ပါတယ္။ ဒီကေန႔ ေမလ ၂၃ရက္ေန႔ ေန႔လည္ပိုင္းမွာလည္း မႏၲေလးတိုင္းေဒသႀကီးအတြင္း မီးေလာင္မႈႀကီးတစ္ခုျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။
အ ဆို ပါျ ဖစ္ စဥ္ကေတာ့ ဒီကေန႔ ေမလ ၂၃ ရကေန႔ ေန႔လည္ ၁၁ နာရီ ၅၅ မိနစ္က မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ဂန္႐ြာတြင္ စတင္ေလာင္ကြၽမ္းခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ မီးေလာင္မႈကို မီးသတ္ေရယာဥ္ Level 4 အဆင့္ျဖင့္ သြားေရာက္ၿငိမ္းသတ္ခဲ့ရၿပီး ေန႔လည္ ၁၂ နာရီ ၂၀ မိနစ္ခန႔္တြင္ ၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။
မီ းေလာင္ မႈေၾကာင့္ ဆုံးရႈံးမႈတန္ဖိုးမ်ားစြာရွိခဲ့သလို မီးေလာင္ရာေနရာမွာ ေ႐ႊလက္ေကာက္မ်ားကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရပါတယ္။ အဆိုပါ ေ႐ႊလက္ေကာက္မ်ားကို ေဟေတာင္အရန္မီးသတ္တပ္ဖြဲ႕ဝင္ ရန္ႏိုင္ရွင္း ကေတြ႕ရွိခဲ့တာျဖစ္ၿပီး အမ်ားျပည္သူအေရွ႕သို႔ ျပန္လည္အပ္ႏွံ႔ခဲ့ေၾကာင္း သိရပါတယ္။ ဒီကေန႔ ျဖစ္ပြားခဲ့တဲ့ မီးေလာင္မႈပုံရိပ္အခ်ိဳ႕ကို ခ်စ္ပရိသတ္ေတြအတြက္ မွ်ေဝေပးလိုက္ပါတယ္။
photos – ခန႔္မင္းထက္
Credit – swelsonenews
Unicode ျဖင့္ဖတ္ရန္
နေ့ စဉ်ကြ ားသိနေရတဲ့ ပြည်တွင်းသတင်းတွေထဲမှာ မီးလောင်မှုသတင်းတွေကတော့ များစွာရှိနေပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်များစွာကိုလည်း ဖျက်ဆီးခဲ့တာအားလုံးအသိပဲဖြစ်မယ်ထင်ပါတယ်။ ဒီကနေ့ မေလ ၂၃ရက်နေ့ နေ့လည်ပိုင်းမှာလည်း မန္တလေးတိုင်းဒေသကြီးအတွင်း မီးလောင်မှုကြီးတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါဖြစ်စဉ်ကတော့ ဒီကနေ့ မေလ ၂၃ ရကနေ့ နေ့လည် ၁၁ နာရီ ၅၅ မိနစ်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ဂန်ရွာတွင် စတင်လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ မီးလောင်မှုကို မီးသတ်ရေယာဉ် Level 4 အဆင့်ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရပြီး နေ့လည် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။
မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးများစွာရှိခဲ့သလို မီးလောင်ရာနေရာမှာ ရွှေလက်ကောက်များကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ရွှေလက်ကောက်များကို ဟေတောင်အရန်မီးသတ်တပ်ဖွဲ့ဝင် ရန်နိုင်ရှင်း ကတွေ့ရှိခဲ့တာဖြစ်ပြီး အများပြည်သူအရှေ့သို့ ပြန်လည်အပ်နှံ့ခဲ့ကြောင်း သိရပါတယ်။ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။
photos – ခန့်မင်းထက်
Credit – swelsonenews




