“အေမနဲ႔အဖြားကို စိတ္ပူတယ္လို႔ ေျပာလာတဲ့ အစၥဏီ”




အစၥဏီက ဒီေန႕ ရံုးခ်ိန္းက အျပန္ အေမနဲ႕အဖြားကို စိတ္ပူေၾကာင္း ေျပာခဲ့တာပါ။အေမနဲ႕ အဖြားက က်န္းမာေရးမေကာင္းတာေၾကာင့္လို႕ သူက ဆုိပါတယ္။

ရည္းစားေဟာင္းကို အဓမၼက်င့္ႏွိပ္စက္မႈနဲ႔ တရားစြဲဆုိခဲ့ထားရတဲ့ အဆိုေတာ္ အစၥဏီကို ဒီေန႕ေမလ(၂၇) ရက္ေန႕က တာေမြတရားရံုးမွာ ရံုးထုတ္စစ္ေဆးခဲ့ပါတ္။ တစ္ႏွစ္ေက်ာ္ၾကာ အမႈရင္ဆိုင္ေနရတဲ့ အစၥဏီဟာ အျပင္မွာ ရွိေနတဲ့ အေမနဲ႕ အဖြားကို စိတ္ပူေၾကာင္း ဒီေန႕ရံုးခ်ိိန္းက အျပန္ မီဒီယာေတြကို ေျပာခဲ့ပါတယ္။ ထုိ႕အျပင္ အစၥဏီရဲ႕ မိခင္ကလည္း သားေလး အျမန္ဆံုးျပန္လႊတ္ႏိုင္ဖို႕အတြက္ ပရိသတ္ေတြ ဆုေတာင္းေပးပါဦးလို႕ မီဒီယာေတြကို ေျပာခဲ့ပါေသးတယ္။

“အေမေတြ အဖြားေတြကို စိတ္ပူေနလို႕တဲ့ သားက။ အန္တီကလည္း က်န္းမာေရးမေကာင္း အဖြားကလည္း က်န္းမာေရး မေကာင္းေတာ့ သူအရမ္းစိတ္ပူေနၿပီလို႕ေတာ့ေျပာတယ္။ ပရိသတ္ေတြအားလံုးလည္း သားေလး အျပင္အျမန္ဆံုးျပန္ေရာက္ေအာင္ ဆုေတာင္းေပးပါဦး” လုိ႕အစၥဏီရဲ႕မိခင္ေဒၚဥမၼာျမင့္က ေမလ(၂၇) ရက္ေန႕က မီဒီယာေတြကို ေျဖဆိုခဲ့တာပါ။

လက္ရွိမွာ တရားလိုစူးရွထက္ဘက္က ေက်ေအးဖို႕ ဆံုးျဖတ္ထားေပမယ့္ ေမလ(၂၀) ရက္ေန႕က ရံုးခ်ိန္းအၿပီးမွာေတာ့ မေက်ေအးေပးႏိုင္ေတာ့ေၾကာင္း အမႈကို ေနျပည္ေတာ္အထိ ဆက္လက္တိုင္ၾကားထားတယ္ဆိုတဲ့အေၾကာင္း မီဒီယာေတြကို ေျဖဆိုခဲ့ပါတယ္။

ဒီေန႕ရံုးခ်ိန္းမွာေတာ့ သက္ေသ(၂)ေယာက္ကို စစ္ေဆးခဲ့ၿပီး ေနာက္ထပ္ရံုးခ်ိန္းကို ဇြန္လ(၇) ရက္ေန႕သို႕ ထပ္မံခ်ိန္းဆိုလိုက္ပါတယ္။

အဆိုေတာ္အစၥဏီကုိ တာေမြၿမိဳ႕မရဲစခန္းကေန (ပ) ၃၆၂/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ္းမႈ၊ တံုးေသာ လက္နက္ျဖင့္ ျပင္းထန္နာက်င္ေစမႈ၊ ခၽြန္ေသာလက္နက္ျဖင့္ သာမန္နာက်င္ေစမႈတိုနဲ႔ အမႈဖြင့္အေရးယူခဲ့ၿပီး ေမလ ၁၀ ရက္ေန႔မွာ တရားစြဲဆိုထားတာ ျဖစ္ပါတယ္။

Credit: Duwun

Unicode Version

အစ္စဏီက ဒီနေ့ ရုံးချိန်းက အပြန် အမေနဲ့အဖွားကို စိတ်ပူကြောင်း ပြောခဲ့တာပါ။အမေနဲ့ အဖွားက ကျန်းမာရေးမကောင်းတာကြောင့်လို့ သူက ဆိုပါတယ်။
ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ တရားစွဲဆိုခဲ့ထားရတဲ့ အဆိုတော် အစ္စဏီကို ဒီနေ့မေလ(၂၇) ရက်နေ့က တာမွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတ်။ တစ်နှစ်ကျော်ကြာ အမှုရင်ဆိုင်နေရတဲ့ အစ္စဏီဟာ အပြင်မှာ ရှိနေတဲ့ အမေနဲ့ အဖွားကို စိတ်ပူကြောင်း ဒီနေ့ရုံးချိန်းက အပြန် မီဒီယာတွေကို ပြောခဲ့ပါတယ်။ ထို့အပြင် အစ္စဏီရဲ့ မိခင်ကလည်း သားလေး အမြန်ဆုံးပြန်လွှတ်နိုင်ဖို့အတွက် ပရိသတ်တွေ ဆုတောင်းပေးပါဦးလို့ မီဒီယာတွေကို ပြောခဲ့ပါသေးတယ်။
“အမေတွေ အဖွားတွေကို စိတ်ပူနေလို့တဲ့ သားက။ အန်တီကလည်း ကျန်းမာရေးမကောင်း အဖွားကလည်း ကျန်းမာရေး မကောင်းတော့ သူအရမ်းစိတ်ပူနေပြီလို့တော့ပြောတယ်။ ပရိသတ်တွေအားလုံးလည်း သားလေး အပြင်အမြန်ဆုံးပြန်ရောက်အောင် ဆုတောင်းပေးပါဦး” လို့အစ္စဏီရဲ့မိခင်ဒေါ်ဥမ္မာမြင့်က မေလ(၂၇) ရက်နေ့က မီဒီယာတွေကို ဖြေဆိုခဲ့တာပါ။

လက်ရှိမှာ တရားလိုစူးရှထက်ဘက်က ကျေအေးဖို့ ဆုံးဖြတ်ထားပေမယ့် မေလ(၂၀) ရက်နေ့က ရုံးချိန်းအပြီးမှာတော့ မကျေအေးပေးနိုင်တော့ကြောင်း အမှုကို နေပြည်တော်အထိ ဆက်လက်တိုင်ကြားထားတယ်ဆိုတဲ့အကြောင်း မီဒီယာတွေကို ဖြေဆိုခဲ့ပါတယ်။
ဒီနေ့ရုံးချိန်းမှာတော့ သက်သေ(၂)ယောက်ကို စစ်ဆေးခဲ့ပြီး နောက်ထပ်ရုံးချိန်းကို ဇွန်လ(၇) ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ပါတယ်။

အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

Credit: Duwun

Recent Updates

Recent Posts Widget