“ခ်စ္သူကို အရမ္ခ်စ္မိသြားတဲ့သူေတြ လုပ္မိတတ္တဲ႔ အရာ (၄) မ်ိဳး…”




ခ်စ္သူကို အရမ္ခ်စ္မိသြားတဲ့သူေတြ လုပ္မိတတ္တဲ႔ အရာ (၄) မ်ိဳး…

အခ်ိဳ႕သူေတြက အခ်စ္ႀကီးလြန္းတတ္ၾကပါတယ္။ ဒါကတစ္ခါတစ္ရံေတာ့ အဆင္ေျပေပမယ့္ အျမဲတမ္းဆိုရင္ တဘက္လူက နားလည္မေပးႏိုင္တဲ့အခါ လမ္းခြဲတဲ့အထိ ျဖစ္ေစႏိုင္ပါတယ္။

ဒါေၾကာင့္မို႔ အခ်စ္ႀကီး သူေတြက ဘယ္လိုေတြျပဳမူတတ္လဲဆိုတာကို နားလည္ထားေအာင္ ေဖာ္ျပလိုက္ပါတယ္။

(1)- စိုးရိမ္ႀကီးလြန္းတယ္

သူ႔ကိုမခ်စ္ေတာ့မွာ၊ ေမ့သြားမွာကို စိုးရိမ္လြန္းတဲ့စိတ္နဲ႔ သင့္အေပၚ ခ်ဳပ္ခ်ယ္မိတာမ်ိဳး ၊ေစာင့္ၾကည့္တာမ်ိဳးေတြကို ျပဳလုပ္တတ္ပါတယ္။ ႏွစ္ေယာက္စလံုးအတြက္ မေကာင္းေပမယ့္ သူ႔စိတ္ကုိ သူေတာင္မသိလိုက္ဘဲ ဒီလိုအျပဳအမူေတြကို ျပဳမိတတ္ပါတယ္။

(2)- သဝန္တိုလြန္းတယ္

ခ်စ္သူက သဝန္တိုတာကို သေဘာမက်တဲ့သူ မ႐ွိၾကပါဘူးေနာ္။ ဒါေပမယ့္ ပံုမွန္ထက္ပိုၿပီး အလြန္အၾကဴး သဝန္တိုတာကေတာ့ ကိုယ္တိုင္အတြက္ေရာ တဘက္လူအတြက္ပါ ဝန္ထုတ္ဝန္ပိုးျဖစ္ေစပါတယ္။

အခ်စ္ႀကီးလြန္းသူေတြဟာ သူ႔ခ်စ္သူကို ဆံုး႐ွံုးရမွာေၾကာက္တဲ့စိတ္နဲ႔ ဒီလိုသဝန္တိုတာမ်ိဳးေတြကို ခနခနျပဳမိၾကပါတယ္။ ဒါေၾကာင့္မို႔ ေရ႐ွည္ လက္တြဲၾကမယ္ဆိုရင္ေတာ့အမ်ားႀကီး နားလည္မႈေတြေပးႏိုင္ဖို႔ လိုအပ္မယ္လို႔ထင္ပါတယ္။

(3)- သူ႔ကို အရမ္း ဂ႐ုစိုက္ေစခ်င္တယ္

ခ်စ္သူက ဂ႐ုစိုက္တာကို မႀကိဳက္တဲ့သူေတာ့ ဘယ္႐ွိပါ့မလဲေနာ္ ။ အခ်စ္ႀကီးတဲ့သူေတြကေတာ့

ပံုမွန္ထက္ပိုၿပီး ဂ႐ုစိုက္ ခံခ်င္ၾကပါတယ္။ တစ္ခါတစ္ေလ ကိုယ္ကအေသးအဖြဲလို႔ ထင္မိတဲ့အရာေလးေတြက သူ႔အတြက္ခံစားေစတဲ့အရာေတြ ျဖစ္ေနတတ္ပါတယ္။

ဥပမာ မနက္တိုင္းsmsပို႔တာ၊ ျပန္ေရာက္တာနဲ႔ဖုန္းဆက္တာလိုမ်ိဳးေတြကို တစ္ခါတစ္ရံမလုပ္မိတဲ့အခါ သူ႔ဘက္က အမ်ားႀကီးခံစားေနတတ္ပါတယ္။

(4)- အေတြးေတြ မ်ားတတ္တယ္

သင္နဲ႔ပတ္သက္ရင္ သူ႔အေတြးေတြက အျမဲတမ္းစိုးရိမ္ေနတတ္တယ္။ ခ်စ္သူကထားခဲ့မွာ၊ ခ်စ္သူက စိတ္ပ်က္သြားမွာကို စိုးရိမ္လြန္းတတ္သူေတြမို႔ သင့္ရဲ႕အျပဳအမူတိုင္းကို သတိထားတတ္ပါတယ္။

သင့္ဘက္က နည္းနည္း လစ္ဟာသြားတာနဲ႔ အားငယ္စိတ္ဝင္ၿပီး အေတြးေပါင္းစံုနဲ႔ စိတ္ညစ္တတ္သူပါ။ ဒါေၾကာင့္မို႔ ဒီလိုလူကိုခ်စ္မိၿပီဆိုရင္ေတာ့ အမ်ားၿကီး ဂ႐ုစိုက္ခ်စ္ေပးဖို႔ လိုအပ္ပါလိမ့္မယ္ေနာ္။

သင္ေရာအခ်စ္ႀကီးတတ္တဲ့သူ တစ္ေယာက္လား။ အခ်စ္ႀကီးတာက မိသားစု ဒါမွမဟုတ္​ ကိုယ္ခ်စ္ခင္ရသူနဲ႔ ပတ္သက္ၿပီး ဆံုး႐ွံုးခံရဖူးတဲ့သူေတြမွာ ပိုၿပီးျဖစ္တတ္ပါတယ္။

ဒါေၾကာင့္မို႔ ကိုယ့္ရဲ႕ခ်စ္သူက ဒီလိုမ်ိး ခ်စ္သူတစ္ေယာက္ျဖစ္ခဲ့မယ္ ဆိုရင္ အမ်ားႀကီးနားလည္ေပးၿပီး ခ်စ္ေပးပါလို႔ အၾကံေပး ခ်င္ပါတယ္။

ေပ်ာ္ရႊင္စရာ ေန႔ေလးျဖစ္ပါေစ။ ။

Credit-Love Shop

Unicode

ချစ်သူကို အရမ်ချစ်မိသွားတဲ့သူတွေ လုပ်မိတတ်တဲ့ အရာ (၄) မျိုး…

အချို့သူတွေက အချစ်ကြီးလွန်းတတ်ကြပါတယ်။ ဒါကတစ်ခါတစ်ရံတော့ အဆင်ပြေပေမယ့် အမြဲတမ်းဆိုရင် တဘက်လူက နားလည်မပေးနိုင်တဲ့အခါ လမ်းခွဲတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့်မို့ အချစ်ကြီး သူတွေက ဘယ်လိုတွေပြုမူတတ်လဲဆိုတာကို နားလည်ထားအောင် ဖော်ပြလိုက်ပါတယ်။

(1)- စိုးရိမ်ကြီးလွန်းတယ်

သူ့ကိုမချစ်တော့မှာ၊ မေ့သွားမှာကို စိုးရိမ်လွန်းတဲ့စိတ်နဲ့ သင့်အပေါ် ချုပ်ချယ်မိတာမျိုး ၊စောင့်ကြည့်တာမျိုးတွေကို ပြုလုပ်တတ်ပါတယ်။ နှစ်ယောက်စလုံးအတွက် မကောင်းပေမယ့် သူ့စိတ်ကို သူတောင်မသိလိုက်ဘဲ ဒီလိုအပြုအမူတွေကို ပြုမိတတ်ပါတယ်။

(2)- သဝန်တိုလွန်းတယ်

ချစ်သူက သဝန်တိုတာကို သဘောမကျတဲ့သူ မရှိကြပါဘူးနော်။ ဒါပေမယ့် ပုံမှန်ထက်ပိုပြီး အလွန်အကြူး သဝန်တိုတာကတော့ ကိုယ်တိုင်အတွက်ရော တဘက်လူအတွက်ပါ ဝန်ထုတ်ဝန်ပိုးဖြစ်စေပါတယ်။

အချစ်ကြီးလွန်းသူတွေဟာ သူ့ချစ်သူကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်နဲ့ ဒီလိုသဝန်တိုတာမျိုးတွေကို ခနခနပြုမိကြပါတယ်။ ဒါကြောင့်မို့ ရေရှည် လက်တွဲကြမယ်ဆိုရင်တော့အများကြီး နားလည်မှုတွေပေးနိုင်ဖို့ လိုအပ်မယ်လို့ထင်ပါတယ်။

(3)- သူ့ကို အရမ်း ဂရုစိုက်စေချင်တယ်

ချစ်သူက ဂရုစိုက်တာကို မကြိုက်တဲ့သူတော့ ဘယ်ရှိပါ့မလဲနော် ။ အချစ်ကြီးတဲ့သူတွေကတော့

ပုံမှန်ထက်ပိုပြီး ဂရုစိုက် ခံချင်ကြပါတယ်။ တစ်ခါတစ်လေ ကိုယ်ကအသေးအဖွဲလို့ ထင်မိတဲ့အရာလေးတွေက သူ့အတွက်ခံစားစေတဲ့အရာတွေ ဖြစ်နေတတ်ပါတယ်။

ဥပမာ မနက်တိုင်းsmsပို့တာ၊ ပြန်ရောက်တာနဲ့ဖုန်းဆက်တာလိုမျိုးတွေကို တစ်ခါတစ်ရံမလုပ်မိတဲ့အခါ သူ့ဘက်က အများကြီးခံစားနေတတ်ပါတယ်။

(4)- အတွေးတွေ များတတ်တယ်

သင်နဲ့ပတ်သက်ရင် သူ့အတွေးတွေက အမြဲတမ်းစိုးရိမ်နေတတ်တယ်။ ချစ်သူကထားခဲ့မှာ၊ ချစ်သူက စိတ်ပျက်သွားမှာကို စိုးရိမ်လွန်းတတ်သူတွေမို့ သင့်ရဲ့အပြုအမူတိုင်းကို သတိထားတတ်ပါတယ်။

သင့်ဘက်က နည်းနည်း လစ်ဟာသွားတာနဲ့ အားငယ်စိတ်ဝင်ပြီး အတွေးပေါင်းစုံနဲ့ စိတ်ညစ်တတ်သူပါ။ ဒါကြောင့်မို့ ဒီလိုလူကိုချစ်မိပြီဆိုရင်တော့ အများကြီး ဂရုစိုက်ချစ်ပေးဖို့ လိုအပ်ပါလိမ့်မယ်နော်။

သင်ရောအချစ်ကြီးတတ်တဲ့သူ တစ်ယောက်လား။ အချစ်ကြီးတာက မိသားစု ဒါမှမဟုတ်​ ကိုယ်ချစ်ခင်ရသူနဲ့ ပတ်သက်ပြီး ဆုံးရှုံးခံရဖူးတဲ့သူတွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။

ဒါကြောင့်မို့ ကိုယ့်ရဲ့ချစ်သူက ဒီလိုမျိး ချစ်သူတစ်ယောက်ဖြစ်ခဲ့မယ် ဆိုရင် အများကြီးနားလည်ပေးပြီး ချစ်ပေးပါလို့ အကြံပေး ချင်ပါတယ်။

ပျော်ရွှင်စရာ နေ့လေးဖြစ်ပါစေ။ ။

Credit-Love Shop

Recent Updates

Recent Posts Widget