“ကိုယ့္ခ်စ္သူကို ပက္ပက္စက္စက္ အႏိုင္ယူနည္း…”
ကိုယ့္ခ်စ္သူကို ပက္ပက္စက္စက္ အႏိုင္ယူနည္း
(1) သူ႔ကို ဘယ္ေတာ့မွ ဦးစား မေပးပါနဲ႔ !
ဥပမာ… မုန္႔ဆိုင္ထိုင္ စားၿပီးတဲ့ အခါမ်ိဳးမွာ ကိုယ္က အရင္ဦးဆံုး ပိုက္ဆံ ထုတ္ၿပီးသာ ႐ွင္းျပစ္လိုက္ …
(2) စကားကို တစ္ခြန္းထက္ ပိုၿပီး မေျပာခိုင္နဲ႔ !
ဥပမာ- ” ကိုကို … ဒါေလး ဝယ္ေပးေနာ္ ” လို႔ ေျပာရင္ ထပ္အေျပာမခံနဲ႔ ခ်က္ခ်င္းသာဝယ္ေပးလိုက္ …
(3) သူ႔ ခႏၶာကိုယ္ တကိုယ္လံုး အေပၚ ကိုယ့္လက္ခ်က္ေတြပဲ ျပည့္ႏွက္ေနပါေစ …။
ဥပမာ – ႏႈတ္ခမ္းနီ တို႔၊ လက္သည္းနီ တို႔ကို ကိုယ္တိုင္ ဆိုးေပးပစ္လိုက္ပါ …။
(4) ကိုယ့္စကား တစ္ခြန္းဆို တစ္ခြန္းပဲ ျဖစ္ေနပါေစ …။
ဥပမာ – ” ခ်စ္… အိမ္မွာပဲ ေန ” ” ဘယ္ဆိုဘယ္မွ မသြားနဲ႔ ” ” ကိုကို မုန္႔ဝယ္ၿပီး လာပို႔ေပးမယ္ ” အဲ႕လိုမ်ိဳး …
(5) ဘယ္ေတာ့မွ အေကာင္း မေျပာပါနဲ႔ !
ဥပမာ – ေနၾကာေစ့ ခြာေကြၽးရင္ ” ခ်စ္လက္ရာ မႀကိဳက္ဘူး ကိုကိုပဲ ခြာေကြၽးမယ္ ” ဆိုတာမ်ဳိးေပါ႔ …။
(6) အရာရာ အလို မလိုက္ပါနဲ႔ !
ဥပမာ – သူက ဖုန္း Bill ထည့္ေပးမယ္ ဆိုရင္ေတာင္ အထည့္မခံနဲ႔ ကိုယ့္ဘာသာ ကိုယ္ဝယ္ ထည့္ပစ္လိုက္ပါ …။
(7) အၿမဲတမ္း ေရွ႕က ဦးေဆာင္ပါ ”
ဥပမာ – Tuto ကူးတာတို႔ Roll call ထိုးတာတို႔ အခ်ဳိရည္ဘူးတို႔ ေရဘူးတို႔ အပိတ္အဖြင့္ လုပ္တာတို႔ ကိုယ္ကပဲ ဦးေဆာင္ၿပီး လုပ္ေပးလိုက္ေပါ႕ …။
(8) အျပင္ သိပ္ မထြက္ခိုင္းနဲ႔ !
ဥပမာ – သူက အခ်ဥ္ေပါင္း စားခ်င္ရင္ သြားဝယ္လုိက္ ၊ ၿပီးမွ သူ႔ဆီ သြားပို႔ေပးလိုက္တာမ်ိဳး …
(9) ကိစၥတိုင္းကို ႀကိဳၿပီး အသိမေပးနဲ႔ !
ဥပမာ – သူ႔ Birthday အတြက္ လြန္ခဲ့တဲ့လကတည္းက Present ဝယ္ေပးထားတာမ်ဳိး …
(10) ဘယ္ေတာ့မွ မေၾကာက္နဲ႔ !
ဥပမာ – ေခါင္းေခါက္လည္း မေၾကာက္မရြံ႕ အေခါက္ခံလိုက္ ၊ ဗိုက္ေခါက္ လိမ္ဆြဲလည္း မေၾကာက္မရြံ႕ လိမ္ဆြဲခံလိုက္ ၊ လက္ကိုကိုက္လဲ မေၾကာက္မရြံ႕ အကိုက္ခံလိုက္ပါ …။
ခ်စ္သူကို အၿမဲ အႏိုင္ယူႏိုင္ပါေစေနာ္……
Aung Thu Moe
Unicode
ကိုယ့်ချစ်သူကို ပက်ပက်စက်စက် အနိုင်ယူနည်း
(1) သူ့ကို ဘယ်တော့မှ ဦးစား မပေးပါနဲ့ !
ဥပမာ… မုန့်ဆိုင်ထိုင် စားပြီးတဲ့ အခါမျိုးမှာ ကိုယ်က အရင်ဦးဆုံး ပိုက်ဆံ ထုတ်ပြီးသာ ရှင်းပြစ်လိုက် …
(2) စကားကို တစ်ခွန်းထက် ပိုပြီး မပြောခိုင်နဲ့ !
ဥပမာ- ” ကိုကို … ဒါလေး ဝယ်ပေးနော် ” လို့ ပြောရင် ထပ် အပြောမခံနဲ့ ချက်ချင်းသာ ဝယ်ပေးလိုက် …
(3) သူ့ ခန္ဓာကိုယ် တကိုယ်လုံး အပေါ် ကိုယ့်လက်ချက်တွေပဲ ပြည့်နှက်နေပါစေ …။
ဥပမာ – နှုတ်ခမ်းနီ တို့၊ လက်သည်းနီ တို့ကို ကိုယ်တိုင် ဆိုးပေးပစ်လိုက်ပါ …။
(4) ကိုယ့်စကား တစ်ခွန်းဆို တစ်ခွန်းပဲ ဖြစ်နေပါစေ …။
ဥပမာ – ” ချစ်… အိမ်မှာပဲ နေ ” ” ဘယ်ဆိုဘယ်မှ မသွားနဲ့ ” ” ကိုကို မုန့်ဝယ်ပြီး လာပို့ပေးမယ် ” အဲ့လိုမျိုး …
(5) ဘယ်တော့မှ အကောင်း မပြောပါနဲ့ !
ဥပမာ – နေကြာစေ့ ခွာကျွေးရင် ” ချစ်လက်ရာ မကြိုက်ဘူး ကိုကိုပဲ ခွာကျွေးမယ် ” ဆိုတာမျိုးပေါ့ …။
(6) အရာရာ အလို မလိုက်ပါနဲ့ !
ဥပမာ – သူက ဖုန်း Bill ထည့်ပေးမယ် ဆိုရင်တောင် အထည့်မခံနဲ့ ကိုယ့်ဘာသာ ကိုယ်ဝယ် ထည့်ပစ်လိုက်ပါ …။
(7) အမြဲတမ်း ရှေ့က ဦးဆောင်ပါ ”
ဥပမာ – Tuto ကူးတာတို့ Roll call ထိုးတာတို့ အချိုရည်ဘူးတို့ ရေဘူးတို့ အပိတ် အဖွင့် လုပ်တာတို့ ကိုယ်ကပဲ ဦးဆောင်ပြီး လုပ်ပေးလိုက်ပေါ့ …။
(8) အပြင် သိပ် မထွက်ခိုင်းနဲ့ !
ဥပမာ – သူက အချဉ်ပေါင်း စားချင်ရင် သွားဝယ်လိုက် ၊ ပြီးမှ သူ့ဆီ သွားပို့ပေးလိုက်တာမျိုး …
(9) ကိစ္စတိုင်းကို ကြိုပြီး အသိမပေးနဲ့ !
ဥပမာ – သူ့ Birthday အတွက် လွန်ခဲ့တဲ့လကတည်းက Present ဝယ်ပေးထားတာမျိုး …
(10) ဘယ်တော့မှ မကြောက်နဲ့ !
ဥပမာ – ခေါင်းခေါက်လည်း မကြောက်မရွံ့ အခေါက်ခံလိုက် ၊ ဗိုက်ခေါက် လိမ်ဆွဲလည်း မကြောက်မရွံ့ လိမ်ဆွဲခံလိုက် ၊ လက်ကိုကိုက်လဲ မကြောက်မရွံ့ အကိုက်ခံလိုက်ပါ …။
ချစ်သူကို အမြဲ အနိုင်ယူနိုင်ပါစေနော်……
Aung Thu Moe


