“ယူနိုက်တက် Vs ဘိုင်ယန်မြူးနစ် ဂန္ဓဝင် ပွဲစဉ် အတွက် နှစ်ဖက်အသင်း ကစားသမားစာရင်း ထွက်ပေါ်လာ”
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဆု ဖလား 3 လုံး ဆွတ်ခူး ထားနိုင် ခဲ့တဲ့ 1999 ခုနှစ် ဘောလုံး ရာသီ ရဲ့ နှစ် 20 ပြည့်တဲ့ အထိမ်းအမှတ် အဖြစ် နှစ်ဖက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမားဟောင်း တွေ အမှတ်တရ ပွဲစဉ် ကစား ကြဖို့ စီစဉ် ထားခဲ့တာ ကြာမြင့် ခဲ့ ပါပြီ ။
အခုတော့ အဆိုပါ ပွဲစဉ် ကို နောက် တစ်ပါတ် တနင်္ဂနွေ နေ့ ၊ မေလ 26 ရက် နေ့မှာ နှစ်ဖက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား တွေ ထိပ်တိုက် ရင်ဆိုင် ကစား ကြ တော့မှာ ပဲ ဖြစ်ကြ ပါတယ် ။ အဆိုပါ ပွဲစဉ် မှ ရရှိ မဲ့ ငွေတွေ ကိုတော့ ယူနိုက်တက် ဖောင်ဒေးရှင်း အတွက် အသုံးပြု သွားဖို့ ရှိနေ ပါတယ် ။
အဆိုပါ 1999 ခုနှစ် ဘောလုံး ရာသီ မှာတော့ ဆာ အဲလပ်စ် ဖာဂူဆန် ဦးဆောင် ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပရီးမီးယား လိဂ် ဖလား ၊ FA ဖလား အပြင် 90+ မိနစ် ရဲ့ နောက်ကျ သွင်းဂိုး တွေနဲ့ အတူ ချန်ပီယံ လိဂ် ဖိုင်နယ် ပွဲစဉ် မှာ ဘိုင်ယန် မြူးနစ် အသင်း ကို 2 – 1 နဲ့ အနိုင် ရယူ ပြီး ဆု ဖလား 3 လုံး ဆွတ်ခူး တဲ့ အလန်းစား ဘောလုံး ရာသီ ကို ပိုင်ဆိုင် ထားခဲ့ တာပဲ ဖြစ် ပါတယ် ။
ယူနိုက်တက်
အခု ပွဲစဉ် အတွက် တော့ ယူနိုက်တက် ဟာ 1999 ခုနှစ် ချန်ပီယံ လိဂ် ဖိုင်နယ် မှာ ပါဝင် ထားခဲ့ ကြတဲ့ နှစ်ဖက် အသင်း ရဲ့ ကစားသမား ဟောင်းတွေ အကုန် ပြန်လည် ပါဝင် စေလို ပြီး ရံပုံငွေ ပွဲစဉ် ကစား ဖို့ စီစဉ် ထားခဲ့ တာပဲ ဖြစ် ပါတယ် ။
ဒီ ပွဲစဉ် ကိုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ မှာ ကစား ကြ သွားမှာ ပဲ ဖြစ် ပါတယ် ။ ဒီ ပွဲစဉ် မှာတော့ ယူနိုက်တက် ဂန္ဓဝင်တွေ ဖြစ်ကြ တဲ့ ပီတာ ရှမိုက်ကယ် ၊ ဒင်းနစ် အာဝင် ၊ ဂျပ် စတမ်း ၊ ဂျက်စ်ပါ ဘလွန့်ဗစ် ၊ ရွန်နီ ဂျွန်ဆင် တို့ ပြန်လည် ပါဝင် ကစား ပေး ကြမယ် လို့ သိရှိ ရ ပါတယ် ။
ဒါ့အပြင် ယူနိုက်တက် ရဲ့ Class 92 ဟီးရိုး တွေ ဖြစ်ကြ တဲ့ ဂယ်ရီ နဗီးလ် ၊ ဒေးဗစ် ဘက်ခမ်း ၊ ပေါလ် စခိုးလ် ၊ နစ်ကီဘတ် တို့ အပါအဝင် လက်ရှိ အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား လည်း ပါဝင် ကစား ပေး သွားဖို့ ရှိနေ ပါတယ် ။
ယူနိုက်တက်
ဒါ့တွင် မက အသင်း ရဲ့ အခြား အဓိက ကျတဲ့ ကစားသမား ဟောင်း ဖြစ်ကြ သူ အင်ဒီ ကိုးလ် ၊ ဒွိုက်ယော့ခ် နဲ့ ရှရင်ဂမ် တို့လည်း ပါဝင် ကစား ပေး သွားကြ ဖို့ ရှိနေ ကြ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာ ပါဝင် ကစား ပေးဖို့ ရှိနေ ကြတယ် နှစ်ဖက် အသင်း ကစားသမား တွေကို စုံလင်စွာ ဖော်ပြ ပေးလိုက် ပါတယ် ။
Manchester United
——————————-
1 ပီတာ ရှမိုက်ကယ် ( ဂိုးသမား )
2 ဂယ်ရီ နဗီးလ် ( ခံစစ် )
3 ဒင်းနစ် အာဝင် ( ခံစစ် )
4 ဒေးဗစ် မေ ( ခံစစ် )
5 ရွန်နီ ဂျွန်ဆင် ( ခံစစ် )
6 ဂျပ် စတမ်း ( ခံစစ် )
7 ဒေးဗစ် ဘက်ခမ်း ( ကွင်းလယ် )
8 နစ်ကီ ဘတ် ( ကွင်းလယ် )
9 အင်ဒီ ကိုးလ် ( တိုက်စစ် )
9 လူးဝစ် ဆာဟာ ( တိုက်စစ် )
10 တက်ဒီ ရှရင်ဂန် ( တိုက်စစ် )
13 ပတ် ဂျီဆန် ( ကွင်းလယ် )
14 ကာရယ် ပိုဘောစကီး ( ကွင်းလယ် )
15 ဂျပ်စပါ ဘလွန့်ဗစ် ( ကွင်းလယ် )
17 ရေးမွန် ဗန်ဒါ ဂူး ( ဂိုးသမား )
18 ပေါလ် စခိုးလ် ( ကွင်းလယ် )
19 ဒွိုက်ယော့ခ် ( တိုက်စစ် )
20 အိုလီ ဂန်နာ ဆိုးလ်ရှား ( တိုက်စစ် )
21 ဟန်းနင်း ဘာ့ခ်ျ ( ခံစစ် )
24 ဝက်စ် ဘရောင်း ( ခံစစ် )
27 မိုက်ကယ် ဆီဗတ်စတြာ ( ခံစစ် )
34 ဂျိုနသန် ဂရင်းနင်း ( ကွင်းလယ် )
ဘိုင်ယန် မြူးနစ်
——————-
2 မားကပ်စ် ဘာဘယ်လ် ( ခံစစ် )
3 ဟန်းစ် ဖလက်ဂါ ( ခံစစ် )
4 ဆမ်မီ ကပ်ဖော် ( ခံစစ် )
5 ကလုစ် အော်ဂန်သာလာ ( ခံစစ် )
5 ဒန်နီယယ် ဗန် ဘိုင်တန် ( ခံစစ် )
6 မာတင် ဒီမစ်ချယ်လစ် ( ခံစစ် )
6 ခရစ္စတီယံ နာလင်ဂါ ( ကွင်းလယ် )
7 မိုက်ကယ် စတန်ကော့ဖ် ( ကွင်းလယ် )
8 မားကပ်စ် ရှပ်ပ် ( ကွင်းလယ် )
9 လူကာ တိုနီ ( တိုက်စစ် )
9 ဂျီယိုဘာနီ အဲလ်ဘာ ( တိုက်စစ် )
10 လိုသာ မားသပ်စ် ( ကွင်းလယ် )
10 ရွိုင်း မာကေး ( တိုက်စစ် )
11 စတီဖန် အဖန်ဘာ့ခ်ျ ( ကွင်းလယ် )
11 ဇီ ရောဘတ်တို ( ကွင်းလယ် )
11 အီဗီကာ အိုလစ် ( တိုက်စစ် )
13 ပေါ်လို ဆာဂျီယို ( တိုက်စစ် )
14 ကာစတန် လေကီးစ် ( တိုက်စစ် )
16 အန်းဒရိစ် အော့တယ်လ် ( ကွင်းလယ် )
16 မာဆယ်လ် ဝိုက်ဇက်ခ် ( ကွင်းလယ် )
17 သော်စတန် ဖင့်ခ် ( ကွင်းလယ် )
19 ကာစတန် ဂျန်စ်ကာ ( တိုက်စစ် )
22 ဘန်း ဒရီဟာ ( ဂိုးသမား )
22 ဟန်းစ် – ဂျော့ခ်ျ ဘတ် ( ဂိုးသမား )
Sports_Myanmar
Credit



