ရုံးသွားရင် သပ်သပ်ရပ်ရပ်ဝတ်ဖို့ဆိုပြီး ဇနီးချောလေးက အကျီင်္လိုက်ဝယ်ပေးတယ်ဆိုတဲ့ Ah boy
တစ်ဦးနဲ့တစ်ဦး နားလည်မှုအပြည့်ရှိတဲ့ အဆိုတော် Ah Boy နဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ဇနီးမောင်နှံနှစ်ဦးကတော့ အချစ်တွေအပြည့်နဲ့ ပြီးပြည့်စုံတဲ့အိမ်ထောင်ရေးကို တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။ Ah boy တို့ရဲ့မိသားစုလေးထဲကိုတော့ မကြာသေးခင်ကမှ ဆည်းလည်းလေးတစ်ခု ဝင်ရောက်လာပြီဖြစ်တာကြောင့်လည်း သူတို့ရဲ့ မိသားစုဘဝလေးက ပိုပြီးပျော်ရွှင်လာရတာပါ။ လတ်တလောမှာတော့ Ah Boy က ရုံးတက်ရမယ့် သူ့အတွက် သပ်သပ်ရပ်ရပ်လေးဝတ်ဖို့ ဇနီးချောလေးက အကျီင်္လိုက်ဝယ်ပေးတဲ့အကြောင်း လူမှုကွန်ယက်မှာ ကြည်နူးစွာ ဝေမျှပေးထားတာပါ။ ခင်ပွန်းကို အသေးစိတ်ကအစ ဂရုစိုက်တတ်တဲ့ ဇနီးချောလေးကိုရထားတာ Ah Boy ကတော့ အရမ်းကံကောင်းလွန်းပါတယ်နော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်ဖို့ကောင်းတဲ့ Ah Boy နဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
Ah boy ကတော့ “ရုံးသွားရင် သပ်သပ်ရပ်ရပ်လေးဝတ်ဖို့ဆိုပြီး အချစ်ကလိုက်ဝယ်ပေး… 😁” ဆိုပြီး ချစ်ဇနီးလေးက သူ့အတွက် အကျီင်္လိုက်ဝယ်ပေးနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထာတာပါ။
Ah Boy နဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ဦးကတော့ သူငယ်ချင်းတွေနဲ့ပေါင်းပြီး One Stop Service Men’s Wear Shop ကိုလည်း ဖွင့်လှစ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
အနုပညာအလုပ်တွေ ကြဲနေတဲ့ အဆိုတော် Ah Boy က မကြာခင်မှာ ပရိသတ်တွေအတွက် ရင့်ကျက်တဲ့ အချစ်သီချင်းတစ်ပုဒ် ဖန်တီးနေတယ်လို့ သိရပါတယ်။
Ah boy နဲ့ မြတ်ရတနာကျော်တို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ထိမ်းမြားလက်ထပ်ခဲ့ကြတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ရှေ့ဆက်နေကြတာပါ။ အလှူအတန်းဆိုလည်း လက်မနှေးတဲ့ သူတို့ဇနီးမောင်နှံနှစ်ဦးကတော့ အလှူတွေလည်း မကြာခဏလုပ်လေ့ရှိပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းတဲ့ သမီးလေးနဲ့ သိတတ်လွန်းတဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားတဲ့ Ah Boy တို့ မိသားစုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit \\ original





