တစ်ယောက်တည်းနဲ့ နှစ်ကိုယ်ခွဲပြီး အပီအပြင် သရုပ်ဆောင်ထားတဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယို
ပရိသတ်တွေချစ်ကြတဲ့ ဖြူဖြူထွေးက အွန်လိုင်းဆယ်လီတစ်ယောက်အဖြစ် နာမည်ကြီးလာရာမှ အခုဆိုရင် ကြော်ငြာတွေကိုပါ ရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လို့နေပါပြီ။ ချစ်စရာကောင်းပြီး ရိုးသားပွင့်လင်းတဲ့ ဖြူဖြူထွေးကို ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြတာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ဖြူဖြူထွေးက အခုဆိုရင် ဖျော်ဖြေရေးပွဲတွေကို လက်မလည်အောင် ဖျော်ဖြေတင်ဆက်ပေးနေရင်း မိသားစုကို စောင့်ရှောက်ပြုစုပေးနေတာပဲ ဖြစ်ပါတယ်။
ရုပ်လေးလှသလို သရုပ်ဆောင်လည်းကောင်းတဲ့ ဖြူဖြူထွေးက ဒီတစ်ခေါက်မှာတော့ သူမကိုချစ်တဲ့ ပရိသတ်တွေအတွက် ဗီဒီယိုလေးတစ်ခုကို မျှဝေထားပါတယ်။ ထိုဗီဒီယိုထဲမှာ ဖြူဖြူထွေးက တစ်ယောက်တည်းနဲ့ စရိုက်နှစ်မျိုးသရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။
ဖြူဖြူထွေးရဲ့ စရိုက်နှစ်မျိုးနဲ့ ဗီဒီယို
ဖြူဖြူထွေးက လက်ရှိမှာ ကျောင်းပညာရေးတစ်ဘက်နဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ကြော်ငြာတွေလည်း ဆက်တိုက်ဆိုသလို ရိုက်ကူးနေတဲ့ ဖြူဖြူထွေးက အနုပညာလောကမှာ နေရာတစ်နေရာ ရရှိနေပြီပဲ ဖြစ်ပါတယ်။
ဖြူဖြူထွေး ရုပ်လေးလှသလို သရုပ်ဆောင်လည်း အင်မတန်ကောင်းတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေလည်း ဖြူဖြူထွေးရဲ့ အခုဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Credit \\ original




