“ေသြးတိုးက်ေဆး Amlong 5 mg ရဲ႕ ေကာင္းက်ိဳးနဲ႔ ဆိုးက်ိဳး”
Amlong ေဆးဟာ Amlodipine 5 mg နဲ႔ Amlodipine 10 mg ဆိုျပီးလာတယ္။ Angina ေခၚတဲ့ ႏွလံုးေသြးေၾကာက်ဥ္း ေရာဂါ အတြက္လဲသံုးတယ္။
Calcium-channel blockers (Calcium antagonists) အမ်ိဳးအစားေဆးျဖစ္တယ္။
ေသြးေၾကာနံရံအေပၚသက္ေရာက္ျပီး ေသြးဖိအားကိုက်ေစတယ္။
ေဆးနဲ႔မတည့္သူ (အလာဂ်စ္ျဖစ္သူ) ေတြ၊ ေသြးဖိအားနည္းေနသူေတြကို မေပးဘူး။ သတိလစ္ေနသူကိုလဲ မေပးဘူး။ ႏွလံုး (အတက္ခ္) ရလို႔ ၂၈ ရက္အတြင္းရွိသူ၊ ႏွလံုးဘယ္ဘက္ခန္းကိုေသြးအေရာက္နည္းသူေတြကိုလဲ မေပးဘူး။ ကိုယ္ဝန္ေဆာင္ေနရင္၊ ကေလးႏို႔တိုက္ေနရရင္ ဆရာဝန္ေပးမွသာေသာက္သင့္တယ္။ အသက္ ၁၈ ႏွစ္ေအာက္လဲ မေပးဘူး။
တဲြမေသာက္သင့္ေသာေဆးမ်ား
Diltiazem ေသြးက်ေဆး၊ Ketoconazole, itraconazole (ဖန္းဂတ္စ္) မိႈေဆး၊ Ritonavir ေခၚတဲ့ HIV/AIDS ေဆး၊ Rifampicin တီဘီေဆး၊ Cimetidine, နဲ႔ Aluminium/Magnesium ေလနာေဆးေတြ၊ Sildenafil (Viagra) ေယာက္်ား ပန္းေသအတြက္ ေဆးေတြနဲ႔ တြဲမေသာက္သင့္ဘူး။
တျခားေသြးက်ေဆးေတြျဖစ္ၾကတဲ့ Beta-blockers, ACE inhibitors, Alpha-blockers ေတြနဲ႔ တြဲေပးရင္ သတိထားရမယ္။
အမ်ားအားျဖင့္ တေန႔မွာ 5 mg ေပးတယ္။ ၂-၄ ပတ္မွာ အစြမ္းမျပရင္ 10 mg ေပးတယ္။ အသက္သိပ္ၾကီးသူေတြ၊ ေက်ာက္ကပ္မေကာင္းသူေတြ၊ ေဆးေသာက္ခ်ိန္ တူညီသင့္တယ္။ ေဆးေသာက္တာေမ့လို႔ ၁၂ နာရီေက်ာ္သြားရင္ တေန႔ထဲ ၂ ခါေသာက္ မျဖစ္ေစရဘူး။ ေဆးကို လိုတာထက္ ေသာက္တာမ်ားသြားရင္ ေခါင္းမူးေဝေဝျဖစ္မယ္။ အသက္ရွဴရခက္မယ္။ ဆီးခဏခဏ သြားခ်င္လာမယ္။
ေဘးထြက္ဆိုးက်ိဳးမ်ား
ေခါင္းကိုက္၊ ေမာပန္း၊ ေခါင္းမူး၊ အားယုတ္၊ ႏွလံုးခုန္ေနတာကိုသတိထားမိတာ၊ ေနမေကာင္းသလိုေနတာ၊ အစာမေက်၊ ေျခခ်င္းဝတ္ေရာင္၊ မ်က္ႏွာနီျမန္း၊ ေဆးေသာက္ေနသူေတြ ေခါင္းမူးတတ္၊ ေမာပန္းတတ္လို႔ ကားေမာင္း၊ စက္ေမာင္းတာ သတိထားရမယ္။
Grapefruit juice စပ်စ္ရည္နဲ႔မေသာက္သင့္ဘူး။…ေဆးကိုေရမ်ားမ်ားနဲ႔ ေသာက္ရမယ္။
Calcium-channel blockers
Credit : ေက်ာ္သက္ခိုင္ (ေဆးတကၠသိုလ္)
Calcium မ်ား ႂကြက္သား ဆဲလ္မ်ားထဲသို႔ ဝင္ေရာက္ျခင္းကို တားဆီးေပးျခင္းျဖင့္ ေသြးေပါင္ခ်ိန္ကို က်ဆင္းေစပါသည္။
Calcium သည္ ႂကြက္သားဆဲလ္မ်ားထဲသို႔ ဝင္ေရာက္သည့္အခါ ယင္းဆဲလ္မ်ားသည္ က်ဳံ႕ဝင္သြားၾကသည္။ Amlong 5 ကဲ့သို႔ေသာ Calcium-channel blockers ေဆးမ်ားေသာက္လိုက္သည့္အခါ ႂကြက္သားမ်ား၏ က်ဳံ႕ဝင္မႈကို တားဆီးေပးလိုက္သျဖင့္ ေသြးေၾကာမ်ား က်ယ္လာၿပီး ေသြးစီးေၾကာင္းသည္ အခက္အခဲမရွိ လြယ္ကူစြာ စီးဆင္းလာႏိုင္သည့္အတြက္ ေသြးေပါင္ခ်ိန္လည္း ေလ်ာ့နည္းလာျခင္းျဖစ္ပါသည္။
Shared by Khin Maung Latt
Credit : ေဒါက္တာတင့္ေဆြ
Unicode Version
Amlong ဆေးဟာ Amlodipine 5 mg နဲ့ Amlodipine 10 mg ဆိုပြီးလာတယ်။ Angina ခေါ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ အတွက်လဲသုံးတယ်။
Calcium-channel blockers (Calcium antagonists) အမျိုးအစားဆေးဖြစ်တယ်။
သွေးကြောနံရံအပေါ်သက်ရောက်ပြီး သွေးဖိအားကိုကျစေတယ်။
ဆေးနဲ့မတည့်သူ (အလာဂျစ်ဖြစ်သူ) တွေ၊ သွေးဖိအားနည်းနေသူတွေကို မပေးဘူး။ သတိလစ်နေသူကိုလဲ မပေးဘူး။ နှလုံး (အတက်ခ်) ရလို့ ၂၈ ရက်အတွင်းရှိသူ၊ နှလုံးဘယ်ဘက်ခန်းကိုသွေးအရောက်နည်းသူတွေကိုလဲ မပေးဘူး။ ကိုယ်ဝန်ဆောင်နေရင်၊ ကလေးနို့တိုက်နေရရင် ဆရာဝန်ပေးမှသာသောက်သင့်တယ်။ အသက် ၁၈ နှစ်အောက်လဲ မပေးဘူး။
တွဲမသောက်သင့်သောဆေးများ
Diltiazem သွေးကျဆေး၊ Ketoconazole, itraconazole (ဖန်းဂတ်စ်) မှိုဆေး၊ Ritonavir ခေါ်တဲ့ HIV/AIDS ဆေး၊ Rifampicin တီဘီဆေး၊ Cimetidine, နဲ့ Aluminium/Magnesium လေနာဆေးတွေ၊ Sildenafil (Viagra) ယောက်ျား ပန်းသေအတွက် ဆေးတွေနဲ့ တွဲမသောက်သင့်ဘူး။
တခြားသွေးကျဆေးတွေဖြစ်ကြတဲ့ Beta-blockers, ACE inhibitors, Alpha-blockers တွေနဲ့ တွဲပေးရင် သတိထားရမယ်။
အများအားဖြင့် တနေ့မှာ 5 mg ပေးတယ်။ ၂-၄ ပတ်မှာ အစွမ်းမပြရင် 10 mg ပေးတယ်။ အသက်သိပ်ကြီးသူတွေ၊ ကျောက်ကပ်မကောင်းသူတွေ၊ ဆေးသောက်ချိန် တူညီသင့်တယ်။ ဆေးသောက်တာမေ့လို့ ၁၂ နာရီကျော်သွားရင် တနေ့ထဲ ၂ ခါသောက် မဖြစ်စေရဘူး။ ဆေးကို လိုတာထက် သောက်တာများသွားရင် ခေါင်းမူးဝေဝေဖြစ်မယ်။ အသက်ရှူရခက်မယ်။ ဆီးခဏခဏ သွားချင်လာမယ်။
ဘေးထွက်ဆိုးကျိုးများ
ခေါင်းကိုက်၊ မောပန်း၊ ခေါင်းမူး၊ အားယုတ်၊ နှလုံးခုန်နေတာကိုသတိထားမိတာ၊ နေမကောင်းသလိုနေတာ၊ အစာမကျေ၊ ခြေချင်းဝတ်ရောင်၊ မျက်နှာနီမြန်း၊ ဆေးသောက်နေသူတွေ ခေါင်းမူးတတ်၊ မောပန်းတတ်လို့ ကားမောင်း၊ စက်မောင်းတာ သတိထားရမယ်။
Grapefruit juice စပျစ်ရည်နဲ့မသောက်သင့်ဘူး။…ဆေးကိုရေများများနဲ့ သောက်ရမယ်။
Calcium-channel blockers
Credit : ကျော်သက်ခိုင် (ဆေးတက္ကသိုလ်)
Calcium များ ကြွက်သား ဆဲလ်များထဲသို့ ဝင်ရောက်ခြင်းကို တားဆီးပေးခြင်းဖြင့် သွေးပေါင်ချိန်ကို ကျဆင်းစေပါသည်။
Calcium သည် ကြွက်သားဆဲလ်များထဲသို့ ဝင်ရောက်သည့်အခါ ယင်းဆဲလ်များသည် ကျုံ့ဝင်သွားကြသည်။ Amlong 5 ကဲ့သို့သော Calcium-channel blockers ဆေးများသောက်လိုက်သည့်အခါ ကြွက်သားများ၏ ကျုံ့ဝင်မှုကို တားဆီးပေးလိုက်သဖြင့် သွေးကြောများ ကျယ်လာပြီး သွေးစီးကြောင်းသည် အခက်အခဲမရှိ လွယ်ကူစွာ စီးဆင်းလာနိုင်သည့်အတွက် သွေးပေါင်ချိန်လည်း လျော့နည်းလာခြင်းဖြစ်ပါသည်။
Shared by Khin Maung Latt
Credit : ဒေါက်တာတင့်ဆွေ


