လိင်တူချစ်သူတွေရဲ့ ချစ်ခြင်းမေတ္တာတရားကို ဖော်ကျူးထားတဲ့ AR-T ရဲ့လွင်ပြင် သီချင်းဗီဒီယို





Love Has No Gender” ဆိုတဲ့ စကားအတိုင်း အချစ်ကို အချစ်လို့သာ နားလည်တတ်ဖို့က လူသားတိုင်းမှာရှိသင့်တဲ့ စိတ်ထားလေးတစ်ခုပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အဆိုတော် Ar t က အချစ်မှာ ကျားမခွဲခြားမှုမရှိတာကို ဖော်ကျူးထားတဲ့ သီချင်းဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အဆိုပါသီချင်းဗီဒီယိုလေးထဲမှာတော့ ကျော်ရဲမြင့်ငြိမ်းနဲ့ ထက်ဦးထွဋ်တို့နှစ်ဦးက အကောင်းဆုံးပုံဖော်ထားတာဖြစ်ပြီး ပရိသတ်တွေရင်ထဲရောက်အောင် အကောင်းဆုံးသရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။





မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို Ro လွန်းတဲ့ အဆိုတော် Ar T “လွင်ပြင်”သီချင်းဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

Ar T ကတော့ “နားမလည်သူတွေအများကြီးရှိတယ်… နားလည်ပေးကြသူတွေလည်းရှိမယ်။ထူးဆန်းသလိုအကြည့်တွေနဲ့လည်း ရင်ဆိုင်ရမယ်။အားပေးဖေးမတဲ့အပြုံးတွေလည်း တွေ့ကြုံရမယ်။ဘယ်လိုပဲဖြစ်ဖြစ်အချစ်ဟာ အချစ်ပါပဲ…အချစ်ဆိုတာ လူနှစ်ယောက်ကြားက သိမ်မွေ့နက်ရှိုင်းတဲ့ ဆက်သွယ်မှုတစ်ခုမို့ အခက်အခဲတွေရှိလာခဲ့ရင်တောင်ကိုယ့်ချစ်သူလက်ကိုဆွဲပြီး ရဲရဲရင့်ရင့် ရပ်တည်ရင်ဆိုင်နိုင်ကြပါစေနော်။ Believe in love and conquer the odds.
Happy Pride Month Y’all 🌈” ဆိုပြီး သူ့ရဲ့သီချင်းဗီဒီယိုလေးကို လူမှုကွန်ယက်မှာ တင်ထားတာပါ။





လိင်တူချစ်သူတွေရဲ့ချစ်ခြင်းမေတ္တာကို ပုံဖော်ထားတဲ့ Ar T ရဲ့ “လွင်ပြင်” သီချင်းဗီဒီယို


အဆိုတော် Ar-T ကတော့ သီချင်းကောင်းများစွာကို ကိုယ်တိုင်ဖန်တီးပြီး၊ ပရိသတ်တွေကိုချပြလေ့ရှိတဲ့ အဆိုတော်တစ်ဦးဆိုလည်းမမှားပါဘူး။ Ar-Tကတော့ ပြီးခဲ့တဲ့ လပိုင်းလောက်ကလည်း သီချင်းကောင်းတွေ များစွာပါဝင်တဲ့ “Moving Colors ” ဆိုတဲ့ သီချင်းခွေလေးကို ထွက်ရှိထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ကြည့်လို့မိုက်တဲ့ Ar T ရဲ့”လွင်ပြင်” သီချင်းဗီဒီယိုလေးကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit  \\   original

Recent Updates

Recent Posts Widget