Facebook Account Hack ခံရလုိ႔ …စိတ္မေကာင္းျဖစ္တယ္ဆုိတဲ့ ..ခင္လႈိင္





ပ ရိ သတ္ေတြ ရယ္ေမာေပ်ာ္ရႊင္ေအာင္ သူတတ္ထားတဲ့ ဟာသ ပညာေတြနဲ႔ လုပ္ေပးတဲ့ အျပင္ ႐ုပ္႐ွင္ကားေတြ႐ုိက္တဲ့ေနရာမွာလား အၾကမ္းအႏု အကုန္လုံးကုိ အေကာင္းဆုံး သ႐ုပ္ေဆာင္ႏုိင္လုိ႔ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကုိ ရ႐ွိထားတဲ့ ဟာသသ႐ုပ္ေဆာင္ ခင္လႈိင္ကေတာ့ သူ႔ရဲ႕ Facebook အေကာင့္ Hack ခံလုိက္ရတဲ့အတြက္ ေၾကာင့္ အရမ္းကုိ စိတ္မေကာင္းျဖစ္တယ္ဆုိတဲ့အေၾကာင္းကုိ မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ ေျပာသြားခဲ့ပါတယ္။



ခင္ လႈိင္ က “ကြၽန္ေတာ္ေတာ္ေတာ္ စိတ္မေကာင္းျဖစ္တာ ဒီအေကာင့္က ကြၽန္ေတာ္ဗ်ာ ေတာ္႐ုံတန္႐ုံ ဘယ္ကား႐ုိက္ေနပါတယ္ဆုိတာေတာင္ မတင္ဖူးပါဘူး ခရီးသြားေနၿပီတုိ႔ဘာမုန္႔စားေနတယ္တုိ႔ ဘယ္ဆုိင္မွာတုိ႔ အဲ့တာေတြ မတင္ဖူးပါဘူး။ ကြၽန္ေတာ္က အလွဴေလးကုိ ဒီမွာဘာလုိ႔ တင္တာလဲဆုိေတာ့ အျခား လွဴခ်င္တဲ့သူေတြ သဒၶါပြားလာရင္ ကြၽန္ေနာ္လွဴေနတဲ့အလွဴ မ်ားမ်ားလွဴႏုိင္ဖုိ႔အတြက္ ဒါေလးကုိပဲ တင္တာပါ။ သြားလွဴတာကုိလည္း ႂကြားခ်င္လုိ႔ တင္တာ မဟုတ္ဘူး လွဴတာကုိျမင္ၿပီးေတာ့ လူရႊင္ေတာ္ႀကီးေတြ ဒုကၡေရာက္ေနၾကပါလား လွဴခ်င္လာရင္လွဴလုိ႔ရေအာင္လုိ႔ တင္ေပးတာ ဒီအေကာင့္ကုိ Hack တယ္တယ္ဆုိေတာ့ စိတ္မေကာင္းေတာ္ေတာ္ျဖစ္တယ္။

ကြၽန္ေ တာ့္ကုိ ျပန္ဆယ္ေပးတဲ့အစ္ကုိက ကုိခင္လႈိင္တဲ့ သူဘယ္လုိစိတ္ကူးနဲ႔ Hack တာလဲေတာ့ မသိဘူးတဲ့ သူက Hack ၿပီးေတာ့ ကြၽန္ေတာ့္ကုိ ေငြညစ္ခ်င္တာလည္း မဟုတ္ဘူး ေငြလည္းမေတာင္းဘူး။ Deactivate လုပ္လုိက္မွာ တစ္ပတ္အတြင္း သူျပန္မဆယ္ေပးႏုိင္ရင္ ကြၽန္ေတာ့္အေကာင့္ လုံးလုံး ပ်က္သြားေတာ့မွာ ကြၽန္ေတာ္ႏွေျမာတာက ဒီမွာ ကြၽန္ေတာ္ လွဴထားတဲ့ မွတ္တမ္းေတြ႐ွိတယ္။ ဟုိတုန္းက ေရးထားတဲ့ ကဗ်ာေတြ ႐ွိတယ္ ဟုိတုန္းက ဓာတ္ပုံေတြ ေပ်ာက္မွာဆုိးတာပါ အေကာင့္က ခ်က္ခ်င္းျပန္ဖြင့္လုိက္ရင္ ခ်က္ခ်င္း ပရိသတ္ကေတာ့ ျပန္မ်ားသြားမွာပဲ ဒီအေကာင့္ေလးကုိ မပ်က္ေစခ်င္တာေပါ့။ ေတာ္ေတာ္ေလး စိတ္မေကာင္းျဖစ္တယ္ ဘာျဖစ္လုိ႔မ်ား ဒီအေကာင့္ကုိ ယူၿပီးေတာ့ ဖ်က္ပစ္ခ်င္တာလဲ မသိဘူးလုိ႔။”လုိ႔ ေျပာသြားခဲ့ပါတယ္။



So ci al Media ကုိစိတ္ပ်က္ေနၿပီလားလုိ႔ ေမးျမန္းရာ “ကြၽန္ေတာ္က တျခားေတာ့ စိတ္ပ်က္စရာ မ႐ွိပါဘူး တစ္ခါတစ္ေလက်ရင္လည္း ကုိယ့္အေကာင့္မွာေတာ့ မ႐ွိပါဘူး။ တခ်ိဳ႕ Page ေတြမွာဆုိရင္ မ်ားေသာအားျဖင့္ ေျပာဆုိေနၾကတာကုိ ေတြ႔တယ္။ ဒါေပမဲ့ ကြၽန္ေတာ္ အဲ့ Page ေတြကုိ ဝင္ကုိမၾကည့္ဘူး။ ကုိယ့္ Personnel Account ေလးပဲၾကည့္တယ္။ ဒါေတာင္မွ တစ္ခါတစ္ေလက်ရင္ ပါလာတာပဲ ပါလာလည္း ကြၽန္ေတာ္ဘာမွမေျပာဘူး သူ႔ကုိ Unfollow လုပ္လုိက္တယ္။ ကြၽန္ေတာ္ ဘာမွ မတုန္႔ျပန္ဘူး ကြၽန္ေတာ္ လူတုိင္းနဲ႔လုိက္ၿပီး ရန္မျဖစ္ခ်င္ဘူး မ်က္စိေ႐ွ႕မွာ ျမင္ေတြ႔ေနရတာလည္း မဟုတ္ဘူး။ အာ႐ုံေနာက္လုိ႔ ကြၽန္ေတာ္လည္း ထင္ပါတယ္ ျမင္ေတြ႔ေနရရင္လည္း ေျပာရဲမွာ မဟုတ္ပါဘူး ကြယ္ရာမုိ႔လုိ႔ လက္သီးပုန္းထေနၾကတာပါ။ ေျပာရဲရင္လည္း ဒဲ့ေျပာၾကပါလားလုိ႔ ဘာလုိ႔မ်ား အဲ့လုိေတြ လုပ္ေနတာလည္း မသိဘူး သတိၱမ႐ွိမွန္းအရမ္းသိသာတာပဲ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

Credit-original

Unicode Version
ပ ရိ သတ်တွေ ရယ်မောပျော်ရွှင်အောင် သူတတ်ထားတဲ့ ဟာသ ပညာတွေနဲ့ လုပ်ပေးတဲ့ အပြင် ရုပ်ရှင်ကားတွေရိုက်တဲ့နေရာမှာလား အကြမ်းအနု အကုန်လုံးကို အကောင်းဆုံး သရုပ်ဆောင်နိုင်လို့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ဟာသသရုပ်ဆောင် ခင်လှိုင်ကတော့ သူ့ရဲ့ Facebook အကောင့် Hack ခံလိုက်ရတဲ့အတွက် ကြောင့် အရမ်းကို စိတ်မကောင်းဖြစ်တယ်ဆိုတဲ့အကြောင်းကို မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
ခင် လှိုင် က “ကျွန်တော်တော်တော် စိတ်မကောင်းဖြစ်တာ ဒီအကောင့်က ကျွန်တော်ဗျာ တော်ရုံတန်ရုံ ဘယ်ကားရိုက်နေပါတယ်ဆိုတာတောင် မတင်ဖူးပါဘူး ခရီးသွားနေပြီတို့ဘာမုန့်စားနေတယ်တို့ ဘယ်ဆိုင်မှာတို့ အဲ့တာတွေ မတင်ဖူးပါဘူး။ ကျွန်တော်က အလှူလေးကို ဒီမှာဘာလို့ တင်တာလဲဆိုတော့ အခြား လှူချင်တဲ့သူတွေ သဒ္ဓါပွားလာရင် ကျွန်နော်လှူနေတဲ့အလှူ များများလှူနိုင်ဖို့အတွက် ဒါလေးကိုပဲ တင်တာပါ။ သွားလှူတာကိုလည်း ကြွားချင်လို့ တင်တာ မဟုတ်ဘူး လှူတာကိုမြင်ပြီးတော့ လူရွှင်တော်ကြီးတွေ ဒုက္ခရောက်နေကြပါလား လှူချင်လာရင်လှူလို့ရအောင်လို့ တင်ပေးတာ ဒီအကောင့်ကို Hack တယ်တယ်ဆိုတော့ စိတ်မကောင်းတော်တော်ဖြစ်တယ်။

ကျွန်ေ တာ့်ကို ပြန်ဆယ်ပေးတဲ့အစ်ကိုက ကိုခင်လှိုင်တဲ့ သူဘယ်လိုစိတ်ကူးနဲ့ Hack တာလဲတော့ မသိဘူးတဲ့ သူက Hack ပြီးတော့ ကျွန်တော့်ကို ငွေညစ်ချင်တာလည်း မဟုတ်ဘူး ငွေလည်းမတောင်းဘူး။ Deactivate လုပ်လိုက်မှာ တစ်ပတ်အတွင်း သူပြန်မဆယ်ပေးနိုင်ရင် ကျွန်တော့်အကောင့် လုံးလုံး ပျက်သွားတော့မှာ ကျွန်တော်နှမြောတာက ဒီမှာ ကျွန်တော် လှူထားတဲ့ မှတ်တမ်းတွေရှိတယ်။ ဟိုတုန်းက ရေးထားတဲ့ ကဗျာတွေ ရှိတယ် ဟိုတုန်းက ဓာတ်ပုံတွေ ပျောက်မှာဆိုးတာပါ အကောင့်က ချက်ချင်းပြန်ဖွင့်လိုက်ရင် ချက်ချင်း ပရိသတ်ကတော့ ပြန်များသွားမှာပဲ ဒီအကောင့်လေးကို မပျက်စေချင်တာပေါ့။ တော်တော်လေး စိတ်မကောင်းဖြစ်တယ် ဘာဖြစ်လို့များ ဒီအကောင့်ကို ယူပြီးတော့ ဖျက်ပစ်ချင်တာလဲ မသိဘူးလို့။”လို့ ပြောသွားခဲ့ပါတယ်။
So ci al Media ကိုစိတ်ပျက်နေပြီလားလို့ မေးမြန်းရာ “ကျွန်တော်က တခြားတော့ စိတ်ပျက်စရာ မရှိပါဘူး တစ်ခါတစ်လေကျရင်လည်း ကိုယ့်အကောင့်မှာတော့ မရှိပါဘူး။ တချို့ Page တွေမှာဆိုရင် များသောအားဖြင့် ပြောဆိုနေကြတာကို တွေ့တယ်။ ဒါပေမဲ့ ကျွန်တော် အဲ့ Page တွေကို ဝင်ကိုမကြည့်ဘူး။ ကိုယ့် Personnel Account လေးပဲကြည့်တယ်။ ဒါတောင်မှ တစ်ခါတစ်လေကျရင် ပါလာတာပဲ ပါလာလည်း ကျွန်တော်ဘာမှမပြောဘူး သူ့ကို Unfollow လုပ်လိုက်တယ်။ ကျွန်တော် ဘာမှ မတုန့်ပြန်ဘူး ကျွန်တော် လူတိုင်းနဲ့လိုက်ပြီး ရန်မဖြစ်ချင်ဘူး မျက်စိရှေ့မှာ မြင်တွေ့နေရတာလည်း မဟုတ်ဘူး။ အာရုံနောက်လို့ ကျွန်တော်လည်း ထင်ပါတယ် မြင်တွေ့နေရရင်လည်း ပြောရဲမှာ မဟုတ်ပါဘူး ကွယ်ရာမို့လို့ လက်သီးပုန်းထနေကြတာပါ။ ပြောရဲရင်လည်း ဒဲ့ပြောကြပါလားလို့ ဘာလို့များ အဲ့လိုတွေ လုပ်နေတာလည်း မသိဘူး သတ္တိမရှိမှန်းအရမ်းသိသာတာပဲ။”လို့ ပြောသွားခဲ့ပါတယ်။

Credit-original

Recent Updates

Recent Posts Widget