ဖုန္းကေန ကၽြန္ေတာ္တို႔ရဲ႕ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြကို ေထာက္လွမ္းလို႔ ရပါသလား။
ဒီဖုန္းေတြကေနပဲ ကၽြန္ေတာ္တို႔ေတြရဲ႕လႈပ္ရွားမႈေတြ၊ ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြကို ေထာက္လွမ္းလို႔ ရပါတယ္။ ဒါေၾကာင့္ ႀကိဳတင္ကာကြယ္မႈေတြ လုပ္ထားဖို႔ လိုပါတယ္။
မိုဘိုင္းဖုန္းကို အသုံးျပဳၿပီး သင္ မသိေအာင္ ေထာက္လွမ္းမႈျပဳလုပ္ႏိုင္တဲ့ နည္းလမ္းေတြကေတာ့
၁။ Geo-tracking
စမတ္ဖုန္းအေတာ္မ်ားမ်ားက သူတို႔ဘာသာ တည္ေနရာကို ရွာေဖြႏိုင္စြမ္းရွိၾကၿပီး ဒါကလည္း အကယ္၍မ်ား ဖုန္း ေပ်ာက္သြားတာ (သို႔) အခိုးခံလိုက္ရတာေတြ ရွိလာရင္ ျပန္ရွာႏိုင္ေအာင္ လုပ္ေပးထားတာပါ။ ဒါေပမယ့္လည္း ဒီစြမ္းေဆာင္ရည္ကို သင့္ဖုန္းထဲက malicious အပ္ပလီေကးရွင္းေတြက ယူသုံးလိုက္တဲ့အခါ GPS ကို ပိတ္ထားေတာင္ သင္ ဘယ္ေရာက္ေနလဲဆိုတာ သိရွိႏိုင္မွာျဖစ္ပါတယ္။
၂။ Wi-Fi Tracking
အမ်ားသုံးဝိုင္ဖိုင္ေတြက လူအမ်ားရဲ႕ သေဘာက်ႏွစ္ၿခိဳက္မႈကို ရရွိၿပီး သူတို႔ေတြက ဟက္ကာေတြရဲ႕ အဓိကပစ္မွတ္လည္း ျဖစ္ပါတယ္။ ဟက္ကာေတြက သူတို႔ပစ္မွတ္ထားဖို႔ လြယ္ကူတဲ့ အမ်ားသုံးဝိုင္ဖိုင္နဲ႔ ခ်ိတ္ဆက္ထားတဲ့ဖုန္းေတြမွာ ေပ်ာ့ကြက္ကို ရွာေဖြတတ္ၾကပါတယ္။ ဟက္ကာေတြအတြက္ အမ်ားသုံးဝိုင္ဖိုင္နဲ႔ ခ်ိတ္ဆက္ထားတဲ့အခ်ိန္ သင္ရဲ႕ဖုန္းကို ေထာက္လွမ္းဖို႔က မခက္ခဲလွပါဘူး။
၃။ Camera
ဟက္ကာေတြက မိုဘိုင္းဖုန္းအသုံးျပဳသူရဲ႕ လႈပ္ရွားမႈေတြကို ကင္မရာမွတစ္ဆင့္ ေျခရာခံတဲ့ ကိစၥမ်ိဳးေတြ ရွိပါတယ္။ ပုံမွန္အားျဖင့္ေတာ့ သင္ရဲ႕မိုဘိုင္းဖုန္းမွာ စပိုင္ေဆာ့ဖ္ဝဲ ထည့္သြင္းၿပီး ကင္မရာကို တရားမဝင္ အသုံးျပဳခြင့္ ရယူလိုက္ပါတယ္။ အဲဒီကတစ္ဆင့္ ကင္မရာကို လိုသလို ထိန္းခ်ဳပ္တာေတြ ျပဳလုပ္တတ္ၾကပါတယ္။
၄။ Microphone
ဟက္ကာေတြက မိုက္ခ႐ိုဖုန္းေတြကိုလည္း ကင္မရာနည္းတူ တိုက္ခိုက္တတ္ပါတယ္။ မိုက္ခ႐ိုဖုန္းေတြကို အသုံးျပဳၿပီး အေဝးတစ္ေနရာကေန အသံခိုးနားေထာင္တာမ်ိဳး၊ ဖုန္းေျပာတာကို မွတ္တမ္းတင္ထားတာမ်ိဳးေတြ၊ ကိုယ္ေရးကိုယ္တာအခ်က္အလက္ ခိုးယူတာမ်ိဳးေတြ ျပဳလုပ္ေလ့ရွိပါတယ္။
၅။ Backdoor
သိပ္မၾကာေသးခင္က ထြက္ေပၚလာတဲ့သတင္းအရ တ႐ုတ္က ထုတ္လုပ္တဲ့ဖုန္းအခ်ိဳ႕မွာ ေနာက္ကြယ္မွာ အလုပ္လုပ္ေပးေနမယ့္ backdoor နည္းပညာကို ႀကိဳတင္ထည့္သြင္းထားတယ္လို႔ စြပ္စြဲခ်က္ေတြ ထြက္ေပၚလာတယ္လို႔ သိရပါတယ္။ ဒီ backdoor ေတြက ခြင့္ျပဳခ်က္မရွိဘဲ အသုံးျပဳသူေတြရဲ႕ အခ်က္အလက္ စုေဆာင္းေပးတာ၊ လႈပ္ရွားမႈ ေျခရာခံတာမ်ိဳးေတြ လုပ္ေဆာင္ႏိုင္ပါတယ္။ ယုံၾကည္ရေလာက္မယ့္ ကိုယ္ပိုင္တံဆိပ္မရွိတဲ့ တ႐ုတ္ဖုန္းအမ်ိဳးအစားေတြကို ဝယ္မိခဲ့ရင္ ဒီလိုမ်ိဳး ကိုယ့္ရဲ႕အခ်က္အလက္ေတြ ခိုးယူခံရဖို႔ ရာခိုင္ႏႈန္း သိပ္ကို မ်ားလြန္းတယ္လို႔ သိရပါတယ္။
ဒီေန႔ေခတ္မွာ ဖုန္းမရွိဘဲ ေနဖို႔က အေတာ္ေလး ခက္ခဲလွပါတယ္။ မိုဘိုင္းဖုန္းေတြမွာ ပါဝင္တဲ့ စြမ္းေဆာင္ရည္ေတြက တကယ္ကို အသုံးဝင္ေပမယ့္ ကၽြန္ေတာ္တို႔ရဲ႕ ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြကိုေတာ့ လုံၿခဳံေအာင္ ႀကိဳတင္ကာကြယ္ဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္ ယုံၾကည္မႈမရွိတဲ့ေနရာေတြကေန အပ္ပလီေကးရွင္းေတြ install မလုပ္မိဖို႔ အထူးသတိထားရပါမယ္။ (ဟက္ကာေတြ ခ်ဥ္းကပ္ဖို႔လမ္း ကိုယ္တိုင္ မေဖာက္သင့္ပါ။)
ဒုတိယတစ္ခ်က္အေနနဲ႔ သင့္ဖုန္းရဲ႕လုံၿခဳံေရးစနစ္ကို အၿမဲတမ္း up-to-date လုပ္ထားရပါမယ္။ ဟက္ကာေတြက အၿမဲတမ္း ဟာကြက္ေတြ ရွာေနတာမို႔ အကယ္၍မ်ား updateမလုပ္ထားမိရင္ သင့္ဖုန္း ဟာကြက္ကေနတစ္ဆင့္ ခိုးဝင္လာမွာ ျဖစ္ပါတယ္။
ဒါ့အျပင္ သင္က အမ်ားသုံးဝိုင္ဖိုင္ေတြ အသုံးျပဳေလ့ရွိတယ္ (သို႔) အမည္မသိဝက္ဆိုဒ္ေတြထဲ မၾကာခဏ ဝင္ေရာက္တတ္တယ္ဆိုရင္ေတာ့ anti-virus ေဆာ့ဖ္ဝဲကို မျဖစ္မေန ထည့္ထားသင့္ပါတယ္။ Anti-virus ေဆာ့ဖ္ဝဲေတြက သင့္ကို ပိုလုံၿခဳံေစမွာပါ။
Source: Scarlett (yoyarlay)
(Unicode)
ကျွန်တော်တို့တွေရဲ့ လူနေမှုဘဝတွေမှာ မိုဘိုင်းဖုန်းတွေဟာ မရှိမဖြစ်တဲ့အရာတစ်ခု ဖြစ်လာကြတာကို သိကြမယ်ထင်ပါတယ်။ “ဖုန်းမရှိဘဲ နေနိုင်လား” လို့ မေးရင် အဖြေအများစုက “မနေနိုင်ဘူး” ဆိုတာပါပဲ။
ဒီဖုန်းတွေကနေပဲ ကျွန်တော်တို့တွေရဲ့လှုပ်ရှားမှုတွေ၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ထောက်လှမ်းလို့ ရပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားဖို့ လိုပါတယ်။
မိုဘိုင်းဖုန်းကို အသုံးပြုပြီး သင် မသိအောင် ထောက်လှမ်းမှုပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကတော့
၁။ Geo-tracking
စမတ်ဖုန်းအတော်များများက သူတို့ဘာသာ တည်နေရာကို ရှာဖွေနိုင်စွမ်းရှိကြပြီး ဒါကလည်း အကယ်၍များ ဖုန်း ပျောက်သွားတာ (သို့) အခိုးခံလိုက်ရတာတွေ ရှိလာရင် ပြန်ရှာနိုင်အောင် လုပ်ပေးထားတာပါ။ ဒါပေမယ့်လည်း ဒီစွမ်းဆောင်ရည်ကို သင့်ဖုန်းထဲက malicious အပ်ပလီကေးရှင်းတွေက ယူသုံးလိုက်တဲ့အခါ GPS ကို ပိတ်ထားတောင် သင် ဘယ်ရောက်နေလဲဆိုတာ သိရှိနိုင်မှာဖြစ်ပါတယ်။
၂။ Wi-Fi Tracking
အများသုံးဝိုင်ဖိုင်တွေက လူအများရဲ့ သဘောကျနှစ်ခြိုက်မှုကို ရရှိပြီး သူတို့တွေက ဟက်ကာတွေရဲ့ အဓိကပစ်မှတ်လည်း ဖြစ်ပါတယ်။ ဟက်ကာတွေက သူတို့ပစ်မှတ်ထားဖို့ လွယ်ကူတဲ့ အများသုံးဝိုင်ဖိုင်နဲ့ ချိတ်ဆက်ထားတဲ့ဖုန်းတွေမှာ ပျော့ကွက်ကို ရှာဖွေတတ်ကြပါတယ်။ ဟက်ကာတွေအတွက် အများသုံးဝိုင်ဖိုင်နဲ့ ချိတ်ဆက်ထားတဲ့အချိန် သင်ရဲ့ဖုန်းကို ထောက်လှမ်းဖို့က မခက်ခဲလှပါဘူး။
၃။ Camera
ဟက်ကာတွေက မိုဘိုင်းဖုန်းအသုံးပြုသူရဲ့ လှုပ်ရှားမှုတွေကို ကင်မရာမှတစ်ဆင့် ခြေရာခံတဲ့ ကိစ္စမျိုးတွေ ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ သင်ရဲ့မိုဘိုင်းဖုန်းမှာ စပိုင်ဆော့ဖ်ဝဲ ထည့်သွင်းပြီး ကင်မရာကို တရားမဝင် အသုံးပြုခွင့် ရယူလိုက်ပါတယ်။ အဲဒီကတစ်ဆင့် ကင်မရာကို လိုသလို ထိန်းချုပ်တာတွေ ပြုလုပ်တတ်ကြပါတယ်။
၄။ Microphone
ဟက်ကာတွေက မိုက်ခရိုဖုန်းတွေကိုလည်း ကင်မရာနည်းတူ တိုက်ခိုက်တတ်ပါတယ်။ မိုက်ခရိုဖုန်းတွေကို အသုံးပြုပြီး အဝေးတစ်နေရာကနေ အသံခိုးနားထောင်တာမျိုး၊ ဖုန်းပြောတာကို မှတ်တမ်းတင်ထားတာမျိုးတွေ၊ ကိုယ်ရေးကိုယ်တာအချက်အလက် ခိုးယူတာမျိုးတွေ ပြုလုပ်လေ့ရှိပါတယ်။
၅။ Backdoor
သိပ်မကြာသေးခင်က ထွက်ပေါ်လာတဲ့သတင်းအရ တရုတ်က ထုတ်လုပ်တဲ့ဖုန်းအချို့မှာ နောက်ကွယ်မှာ အလုပ်လုပ်ပေးနေမယ့် backdoor နည်းပညာကို ကြိုတင်ထည့်သွင်းထားတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်လာတယ်လို့ သိရပါတယ်။ ဒီ backdoor တွေက ခွင့်ပြုချက်မရှိဘဲ အသုံးပြုသူတွေရဲ့ အချက်အလက် စုဆောင်းပေးတာ၊ လှုပ်ရှားမှု ခြေရာခံတာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။ ယုံကြည်ရလောက်မယ့် ကိုယ်ပိုင်တံဆိပ်မရှိတဲ့ တရုတ်ဖုန်းအမျိုးအစားတွေကို ဝယ်မိခဲ့ရင် ဒီလိုမျိုး ကိုယ့်ရဲ့အချက်အလက်တွေ ခိုးယူခံရဖို့ ရာခိုင်နှုန်း သိပ်ကို များလွန်းတယ်လို့ သိရပါတယ်။
ဒီနေ့ခေတ်မှာ ဖုန်းမရှိဘဲ နေဖို့က အတော်လေး ခက်ခဲလှပါတယ်။ မိုဘိုင်းဖုန်းတွေမှာ ပါဝင်တဲ့ စွမ်းဆောင်ရည်တွေက တကယ်ကို အသုံးဝင်ပေမယ့် ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုတော့ လုံခြုံအောင် ကြိုတင်ကာကွယ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ယုံကြည်မှုမရှိတဲ့နေရာတွေကနေ အပ်ပလီကေးရှင်းတွေ install မလုပ်မိဖို့ အထူးသတိထားရပါမယ်။ (ဟက်ကာတွေ ချဉ်းကပ်ဖို့လမ်း ကိုယ်တိုင် မဖောက်သင့်ပါ။)
ဒုတိယတစ်ချက်အနေနဲ့ သင့်ဖုန်းရဲ့လုံခြုံရေးစနစ်ကို အမြဲတမ်း up-to-date လုပ်ထားရပါမယ်။ ဟက်ကာတွေက အမြဲတမ်း ဟာကွက်တွေ ရှာနေတာမို့ အကယ်၍များ updateမလုပ်ထားမိရင် သင့်ဖုန်း ဟာကွက်ကနေတစ်ဆင့် ခိုးဝင်လာမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သင်က အများသုံးဝိုင်ဖိုင်တွေ အသုံးပြုလေ့ရှိတယ် (သို့) အမည်မသိဝက်ဆိုဒ်တွေထဲ မကြာခဏ ဝင်ရောက်တတ်တယ်ဆိုရင်တော့ anti-virus ဆော့ဖ်ဝဲကို မဖြစ်မနေ ထည့်ထားသင့်ပါတယ်။ Anti-virus ဆော့ဖ်ဝဲတွေက သင့်ကို ပိုလုံခြုံစေမှာပါ။
Source: Scarlett (yoyarlay)







