ႏိုင္ငံျခားခရီးထြက္ရင္း ေထာင္မက်ခ်င္ရင္ သိထားသင့္တဲ့ ထူးျခား ဥပေဒ ၇ ခု
ကိုယ့္ရဲ႕ေန႔စဥ္ဘဝမွာ လုပ္ေနကိုင္ေနက်၊ ပံုမွန္လုပ္ငန္းေဆာင္ေတြေတြက တခ်ိဳ႕ႏို္င္ငံေတြမွာေတာ့ ႀကီးေလးတဲ့ျပစ္ဒဏ္ေပးၿပီး အေရးယူၾကပါတယ္။ ဒါေၾကာင့္ ကမၻာတစ္လႊားက ယဥ္ေက်းမႈမတူ၊ ဥပေဒျခားနားမႈေတြနဲ႔ ထူးျခားစြာ စည္းမ်ဥ္းစည္းကမ္းထုတ္ထားတဲ့ ထူးထူးျခားျခား ဥပေဒ ၇ ခု ကို ေဖာ္ျပေပးသြားမွာပါ။ သင္သြားလည္မယ့္ႏို္င္ငံေတြမွာ ေထာင္နန္းမစံဖို႔ေတာ့ လိုမယ္ေနာ့။ သင္သိထားသင့္တဲ့ ထူးထူးျခားျခား ဥပေဒ ၇ ခု ပါ။
စင္ကာပူမွာ ပီေကဝါးရင္
စင္ကာပူက လမ္းမေတြဟာ အံ့ျသစရာေကာင္းေလာက္ေအာင္ကို သန္႔႐ွင္းသပ္ရပ္ေနၾကၿပီး ဥပေဒအရကို လမ္းေပၚ အမႈိက္ပစ္တာ၊ တံေတြးေထြးတာ၊ လူသူၾကားထဲ ေဆးလိပ္ေသာက္တာ စသျဖင့္ စည္းကမ္းမဲ့လုပ္ရပပ္ေတြကို ဒဏ္ေငြႀကီးႀကီးမားမားနဲ႔ စိုးမိုးၾကပ္မတ္ထားပါတယ္။ ပိုထူးျခားတာက စင္ကာပူမွာ ပီေကကို လံုးဝတားျမစ္ထားပါတယ္။ ဝါးဖို႔မဆိုထားနဲ႔ ႏို္င္ငံထဲ ပီေကကိုယူလာရင္ေတာင္ ဒဏ္တပ္ခံရမွာပါ။ ေဆးဝါးအကူအညီအတြက္ ဝါးရတဲ့ ပီေကမ်ိဳးကိုသာ ေဆးဆိုင္ေတြမွာ တရားဝင္ခြင့္ျပဳထားပါတယ္။
အတိုအျပတ္ေတြဆိုတာ
တခ်ိဳ႕ႏိုင္ငံေတြမွာ အိေျႏၵသိကၡာ႐ွိ႐ွိ၊ နဲ႔ လံုလံုျခံဳျခံဳသာ ဝတ္စားဆင္ယင္မႈကိုသာ ခြင့္ျပဳပါတယ္။ အထူးတလည္ကေတာ့ မိန္းမသားေတြအတြက္ပါ။ လက္ေမာင္းထိပ္ကေန ေျခေထာက္အထိ အဝတ္ဖံုးေနရမယ္၊ အက်ပ္အထုပ္ေတြ ဝတ္မရ၊ အတြင္းခံကို မျမင္ေစရေအာင္ ဝတ္ရမယ္ စသျဖင့္ အင္မတန္တင္းၾကပ္တဲ့စည္းကမ္းေတြပါ။ အီရန္မွာဆိုရင္ မကိုက္ညီတဲ့သူကို သတိေပးမႈနဲ႔ ျပင္ဆင္ဝတ္ဆင္ေစၿပီး ေဆာ္ဒီလိုႏို္င္ငံမ်ိဳးမွာသာ ခ်ိဳးေဖာက္မႈရင္ေတာ့ ေထာင္ထဲတန္းခနဲပါပဲ။
မေျပးလိုက္နဲ႔
အုပ္စုလိုက္ ေျပးၾကတာကို အေ႐ွ႕အာဖရိကဘက္က Burundi ႏို္င္ငံမွာ တားျမစ္ထားပါတယ္။ ဆူပူေတာ္လွန္မႈ၊ ပုန္ကန္အံုႂကြမႈေတြကို ထိန္းခ်ဳပ္ထားျခင္းသေဘာပါ။ တစ္ေယာက္တည္းေျပးရင္ေတာ့ ခြင့္ျပဳၿပီး ၂ေယာက္ျဖစ္သြားရင္ေတာ့ အုပ္စုဖြဲ႕တယ္လို႔ သတ္မွတ္လိုက္ပါတယ္။ ေထာင္ပါက်ႏိုင္ပါတယ္။
လက္မထပ္ဘဲ အတူေနျခင္း
ယူေအအီးႏိုင္ငံမွာ တင္းတင္းက်ပ္က်ပ္ကို ပိတ္ပင္ထားတဲ့ လုပ္ရပ္ပါ။ တကယ္လို႔ လက္ထပ္စာခ်ဳပ္မ႐ွိဘဲ အတူေနေနၿပီလို႔ သတင္းရရင္ေတာ့ ရဲက အိမ္တိုင္ရာေရာက္ ကြိခနဲ လာဖမ္းသြားမွာပါ။ လက္မထပ္ထားရင္ ဟိုတယ္ခန္းထဲမွာေတာင္ ကိုယ့္ခ်စ္သူရည္းစားနဲ႔ နစ္ေယာက္တည္းေနခံြင့္မ႐ွိပါဘူး။
ဗယ္လင္တိုင္းေဒး
ေဆာ္ဒီ နဲ႔ ပါကစၥတန္ႏို္င္ငံေတြမွာ ဗယ္လင္တိုင္းေဒးဆင္ႏႊဲတာကို မြတ္စလင္ဓေလ့မဟုတ္တာေၾကာင့္ ပိတ္ပင္ထားတယ္။ ဗယ္လင္တိုင္းေဒးနဲ႔ပတ္သက္ရင္ ကတ္၊ ေၾကျငာ၊ အင္တာနက္ meme ကအစ လံုးဝလုပ္ခြင့္မ႐ွိပါဘူး၊ ဥပေဒနဲ႔မညီၫြတ္လို႔ ေထာင္ဒဏ္ေပးခံႏိုင္တဲ့အထိပါပဲ။
လူျမင္ကြင္းမွာ နမ္း႐ွံု႔တာ
ဒါမ်ဳိးကို အီရန္၊ ယူေအအီး၊ ကာတာ၊ ပါကစၥတန္၊ နဲ႔ အိုမန္ႏိုိင္ငံေတြမွာ လုပ္ခြင့္မျပဳပါဘူး။ စိတ္မထိန္းနိင္ဘဲ လုပ္မိရင္ေတာ့ ျပသနာ႐ွင္းဖို႔သာျပင္ထားေပေတာ့။ ေထာင္က်ႏိုိင္တဲ့အထိပါ။ အိႏၵိယ၊ ထိုင္း နဲ႔ အင္ဒိုနီး႐ွားႏို္င္ငံမွာလည္း ဒါမ်ိဳးဥပေဒေတြသတ္မွတ္ထားပါတယ္။
လူျမင္ကြင္းမွာ အစာစားတာ
ရာမဒန္ဥပုသ္သီလေစာင့္ရတဲ့လေတြမွာေတာ့ ယူေအအီးမွာ ေန႔ခင္းဘက္ လူျမင္ကြင္းထဲ အစားစားတာကို ထိန္းခ်ဳပ္ထားပါတယ္။ ေရေရာ၊ အစားေရာ စားေသာက္ခြင့္မ႐ွိပါဘူး။ ယူေအအီးအစိုးရကေတာ့ ဒါကိုမလိုက္နာရင္ ဒဏ္တပ္၊ ေထာင္္ခ်ပစ္မွာပါ။
အရက္ေသာက္တာ
ဒါဟာ အစၥလာမ္ေတြရဲ႕စည္းကမ္းနဲ႔ ေျဖာင့္ေျဖာင့္ႀကီးတန္႔က်င္တဲ့လုပ္ရပ္ပါ။ ေဆာ္ဒီမွာ အရက္ေသစာေသာက္ျခင္းကို လံုးဝ လံုးဝပိတ္ပင္ထားပါတယ္။ ႏို္င္ငံထဲ အရက္ပုလင္းေတြပါလာမွာစိုးလို႔ ေလဆိပ္မွာကတည္းက ၾကပ္ၾကပ္တည္းတည္း ကို စစ္ေဆးခံရမွာပါ။ ဘယ္အရပ္မွာမွာ အရက္မေရာင္းသလို ေသာက္တာ လူမိရင္ေတာ့ ကိုယ့္ထိုက္နဲ႔ကိုယ္ကံ ေထာင္ႏွစ္႐ွည္က်ခံရမွာပါ။
Zaw (H2H)
Credit \\ original
Unicode
ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ လုပ်နေကိုင်နေကျ၊ ပုံမှန်လုပ်ငန်းဆောင်တွေတွေက တချို့နိုင်ငံတွေမှာတော့ ကြီးလေးတဲ့ပြစ်ဒဏ်ပေးပြီး အရေးယူကြပါတယ်။ ဒါကြောင့် ကမ္ဘာတစ်လွှားက ယဉ်ကျေးမှုမတူ၊ ဥပဒေခြားနားမှုတွေနဲ့ ထူးခြားစွာ စည်းမျဉ်းစည်းကမ်းထုတ်ထားတဲ့ ထူးထူးခြားခြား ဥပဒေ ၇ ခု ကို ဖော်ပြပေးသွားမှာပါ။ သင်သွားလည်မယ့်နိုင်ငံတွေမှာ ထောင်နန်းမစံဖို့တော့ လိုမယ်နော့။ သင်သိထားသင့်တဲ့ ထူးထူးခြားခြား ဥပဒေ ၇ ခု ပါ။
စင်ကာပူမှာ ပီကေဝါးရင်
စင်ကာပူက လမ်းမတွေဟာ အံ့သြစရာကောင်းလောက်အောင်ကို သန့်ရှင်းသပ်ရပ်နေကြပြီး ဥပဒေအရကို လမ်းပေါ် အမှိုက်ပစ်တာ၊ တံတွေးထွေးတာ၊ လူသူကြားထဲ ဆေးလိပ်သောက်တာ စသဖြင့် စည်းကမ်းမဲ့လုပ်ရပပ်တွေကို ဒဏ်ငွေကြီးကြီးမားမားနဲ့ စိုးမိုးကြပ်မတ်ထားပါတယ်။ ပိုထူးခြားတာက စင်ကာပူမှာ ပီကေကို လုံးဝတားမြစ်ထားပါတယ်။ ဝါးဖို့မဆိုထားနဲ့ နိုင်ငံထဲ ပီကေကိုယူလာရင်တောင် ဒဏ်တပ်ခံရမှာပါ။ ဆေးဝါးအကူအညီအတွက် ဝါးရတဲ့ ပီကေမျိုးကိုသာ ဆေးဆိုင်တွေမှာ တရားဝင်ခွင့်ပြုထားပါတယ်။
အတိုအပြတ်တွေဆိုတာ
တချို့နိုင်ငံတွေမှာ အိန္ဒြေသိက္ခာရှိရှိ၊ နဲ့ လုံလုံခြုံခြုံသာ ဝတ်စားဆင်ယင်မှုကိုသာ ခွင့်ပြုပါတယ်။ အထူးတလည်ကတော့ မိန်းမသားတွေအတွက်ပါ။ လက်မောင်းထိပ်ကနေ ခြေထောက်အထိ အဝတ်ဖုံးနေရမယ်၊ အကျပ်အထုပ်တွေ ဝတ်မရ၊ အတွင်းခံကို မမြင်စေရအောင် ဝတ်ရမယ် စသဖြင့် အင်မတန်တင်းကြပ်တဲ့စည်းကမ်းတွေပါ။ အီရန်မှာဆိုရင် မကိုက်ညီတဲ့သူကို သတိပေးမှုနဲ့ ပြင်ဆင်ဝတ်ဆင်စေပြီး ဆော်ဒီလိုနိုင်ငံမျိုးမှာသာ ချိုးဖောက်မှုရင်တော့ ထောင်ထဲတန်းခနဲပါပဲ။
မပြေးလိုက်နဲ့
အုပ်စုလိုက် ပြေးကြတာကို အရှေ့အာဖရိကဘက်က Burundi နိုင်ငံမှာ တားမြစ်ထားပါတယ်။ ဆူပူတော်လှန်မှု၊ ပုန်ကန်အုံကြွမှုတွေကို ထိန်းချုပ်ထားခြင်းသဘောပါ။ တစ်ယောက်တည်းပြေးရင်တော့ ခွင့်ပြုပြီး ၂ယောက်ဖြစ်သွားရင်တော့ အုပ်စုဖွဲ့တယ်လို့ သတ်မှတ်လိုက်ပါတယ်။ ထောင်ပါကျနိုင်ပါတယ်။
လက်မထပ်ဘဲ အတူနေခြင်း
ယူအေအီးနိုင်ငံမှာ တင်းတင်းကျပ်ကျပ်ကို ပိတ်ပင်ထားတဲ့ လုပ်ရပ်ပါ။ တကယ်လို့ လက်ထပ်စာချုပ်မရှိဘဲ အတူနေနေပြီလို့ သတင်းရရင်တော့ ရဲက အိမ်တိုင်ရာရောက် ကွိခနဲ လာဖမ်းသွားမှာပါ။ လက်မထပ်ထားရင် ဟိုတယ်ခန်းထဲမှာတောင် ကိုယ့်ချစ်သူရည်းစားနဲ့ နစ်ယောက်တည်းနေခွံင့်မရှိပါဘူး။
ဗယ်လင်တိုင်းဒေး
ဆော်ဒီ နဲ့ ပါကစ္စတန်နိုင်ငံတွေမှာ ဗယ်လင်တိုင်းဒေးဆင်နွှဲတာကို မွတ်စလင်ဓလေ့မဟုတ်တာကြောင့် ပိတ်ပင်ထားတယ်။ ဗယ်လင်တိုင်းဒေးနဲ့ပတ်သက်ရင် ကတ်၊ ကြေငြာ၊ အင်တာနက် meme ကအစ လုံးဝလုပ်ခွင့်မရှိပါဘူး၊ ဥပဒေနဲ့မညီညွတ်လို့ ထောင်ဒဏ်ပေးခံနိုင်တဲ့အထိပါပဲ။
လူမြင်ကွင်းမှာ နမ်းရှုံ့တာ
ဒါမျိုးကို အီရန်၊ ယူအေအီး၊ ကာတာ၊ ပါကစ္စတန်၊ နဲ့ အိုမန်နိုင်ငံတွေမှာ လုပ်ခွင့်မပြုပါဘူး။ စိတ်မထိန်းနိင်ဘဲ လုပ်မိရင်တော့ ပြသနာရှင်းဖို့သာပြင်ထားပေတော့။ ထောင်ကျနိုင်တဲ့အထိပါ။ အိန္ဒိယ၊ ထိုင်း နဲ့ အင်ဒိုနီးရှားနိုင်ငံမှာလည်း ဒါမျိုးဥပဒေတွေသတ်မှတ်ထားပါတယ်။
လူမြင်ကွင်းမှာ အစာစားတာ
ရာမဒန်ဥပုသ်သီလစောင့်ရတဲ့လတွေမှာတော့ ယူအေအီးမှာ နေ့ခင်းဘက် လူမြင်ကွင်းထဲ အစားစားတာကို ထိန်းချုပ်ထားပါတယ်။ ရေရော၊ အစားရော စားသောက်ခွင့်မရှိပါဘူး။ ယူအေအီးအစိုးရကတော့ ဒါကိုမလိုက်နာရင် ဒဏ်တပ်၊ ထောင်ချပစ်မှာပါ။
အရက်သောက်တာ
ဒါဟာ အစ္စလာမ်တွေရဲ့စည်းကမ်းနဲ့ ဖြောင့်ဖြောင့်ကြီးတန့်ကျင်တဲ့လုပ်ရပ်ပါ။ ဆော်ဒီမှာ အရက်သေစာသောက်ခြင်းကို လုံးဝ လုံးဝပိတ်ပင်ထားပါတယ်။ နိုင်ငံထဲ အရက်ပုလင်းတွေပါလာမှာစိုးလို့ လေဆိပ်မှာကတည်းက ကြပ်ကြပ်တည်းတည်း ကို စစ်ဆေးခံရမှာပါ။ ဘယ်အရပ်မှာမှာ အရက်မရောင်းသလို သောက်တာ လူမိရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ်ကံ ထောင်နှစ်ရှည်ကျခံရမှာပါ။
Zaw (H2H)
Credit \\ original


