အခုလက္ရွိျဖစ္ပြားေနတဲ့ အားလံုး သတိထားၾကရမယ့္ ဆင္တုပ္ေကြးေရာဂါ အႏၱရာယ္




ပဲခူးၿမိဳ႕မွာေရာ chikungunya ေခၚ ဆင္တုပ္ေကြး ျဖစ္ေနၿပီ???ပဲခူးျမိဳ႕မွာေတာ့ outbreak ျဖစ္ေနတယ္လို႔ေတာ့ၾကားတယ္။လြန္ခဲ့တဲ့တစ္ပတ္ေလာက္က ကြၽန္ေတာ့္အိမ္မွာ ဖ်ားတဲ့လူနာ၊၃ေယာက္ေလာက္မွာ အဖ်ားက ၁၀၃ ၊၁၀၄ အ႐ိုးအဆစ္ေတြမခံမရပ္ႏိုင္ေအာင္ကိုက္ၾကပါတယ္။တခ်ိဳ႕က ေထာ့နဲ႔နဲ႔ နဲ႔ေတာင္ေဆးခန္းထဲဝင္ျပပါတယ္။အဖ်ားက ၂ရက္၃ရက္ ေလာက္မွက် ၿပီး အ႐ိုးအဆစ္နာတာေတြကလည္း ၇ရက္ေလာက္မွ သက္သာပါတယ္။၄ေယာက္မွာ ၃ေယာက္ေလာက္က အဖ်ားက်ေတာ့ တစ္ကိုယ္လံုး အနီ အဖိန္းေတြထြက္ပါတယ္ အေတာ္အသင့္ယားတယ္ တစ္ပတ္ေလာက္ၾကာတတ္ပါတယ္ တစ္ကိုယ္လံုးျဖစ္ေတာ့ စိတ္ပူၿပီးျပန္လာၾကပါတယ္။


အသိေပးခ်င္တာက-ေရာဂါလကၡဏာကျပင္းထန္ပါတယ္၊အသက္ေသတဲ့အဆင့္ထိျဖစ္တာေတာ့႐ွားပါတယ္။၁ပတ္ေလာက္ၾကာပါတယ္။သူ႔ဟာသူေျဖးေျဖးခ်င္းျပန္ေကာင္းပါတယ္။ျဖစ္တဲ့လကၡဏာေတြသက္သာေအာင္ ဆရာဝန္နဲ႔ ျပသင့္ပါတယ္။အနားမ်ားမ်ားယူၿပီး ေရဓာတ္ ဆားဓာတ္ျပန္ျဖည့္ရပါမယ္။***ကာကြယ္ေဆးမ႐ွိပါ ခုထိုးေနျကတဲ့ ရာသီတုပ္ေကြးကာကြယ္ေဆးကလဲ ဆင္တုပ္ေကြးကို မကာကြယ္ႏိုင္ပါ***ျခင္မကိုက္ေအာင္ေနျခင္းကသာ ကာကြယ္ေပးႏိုင္ပါမယ္။ထို႔ေၾကာင့္မိဘျပည္သူမ်ားအေနျဖင့္ မိမိကိုယ္တိုင္ႏွင့္ မိမိတို႔ ကေလးငယ္မ်ားကို ျခင္မကိုက္ေအာင္ ေနျခင္းျဖင့္ ေသြးလြန္တုပ္ေကြးႏွင့္ ဆင္တုပ္ေကြး မျဖစ္ေအာင္ကာကြယ္ၾကပါလို႔တိုက္တြန္းပါတယ္။ျဖစ္လာၿပီဆိုရင္လဲ စပ္ေဆးေတြမေသာက္ပဲ ေဆးရံု၊ေဆးခန္းမွာ ကုသၾကပါလို႔တိုက္တြန္းပါတယ္။


ဆင္တုပ္ေကြး (chikungunya)

chikungunya နာမည္ကုိ ေရာဂါစတင္ေတြ႔ရွိရာ တန္ဇန္းနီးယား ႏုိင္ငံ လူမိဳးစု ဘာသာစကားမွစတင္ျမစ္ဖ်ားခံခဲ႔ျပီး တြန္႔လိမ္ေကာက္ေကြးျခင္းလုိ႔အဓိပၸါယ္ ရပါတယ္ ။ ေရာဂါ ခံစားရသူမ်ား နာက်ဥ္ကုိက္ခဲ၍ေနျခင္းကုိဆုိလုိပါတယ္။ဘာေၾကာင္႔ျဖစ္တာလဲ?ေရာဂါပုိးသယ္ေဆာင္ထားေသာျခင္ကုိက္ခံရ၍ျဖစ္ပါသည္။ျခင္ကုိက္ခံရျပီး ၃ရက္မွ၅ရက္တြင္ လကၡဏာ စတင္ခံစားရပါသည္။ျခင္ အမ်ိဳးအစား(Aedes aegypti & Aedes albopictus) က ေသြးလြန္တုပ္ေကြး ျဖစ္ေစေသာ ျခင္ အမ်ိဳးအစားႏွင္႔အတူတူျဖစ္ပါတယ္။

ဘာေတြျဖစ္မွာလဲ ?အဓိိက လကၡဏာ ကေတာ႔ ဖ်ားပီး အဆစ္အျမစ္လြန္စြာ ကုိက္ခဲျခင္းျဖစ္ပါသည္။လူနာအမ်ားစု (၈၇%-၉၀%)မွာကုိက္ခဲ ၾကပါ တယ္ ။၄င္းအျပင္ ေခါင္းကုိက္ ျခင္း ၾကြက္သားမ်ားနာက်င္ျခင္း အဆစ္အျမစ္ေရာင္ျခင္း အေရျပား အကြက္ေပါ ္ ျခင္းမ်ားလဲျဖစ္တတ္ပါသည္။ မ်ားေသာအားျဖင္႔ ေသေစႏုိင္ေသာ ေရာဂါ မဟုတ္ပါ ။ လူအမ်ားစုတြင္ ရက္သတၱ ပါတ္ အနည္းငယ္အတြင္း ေရာဂါ ေပ်ာက္ကင္းသြားေလ႔ရွိျပီး အခ်ိဳ႔ေသာသူမ်ားတြင္ အဆစ္နာက်ဥ္ျခင္းအား လေပါင္းမ်ားစြာ ခံစားရႏုိင္ပါသည္။ေရာဂါ ျဖစ္ျပီးသူမ်ားအေနျဖင္႔ ခုခံစြမ္းအား ရရွိျပီး ေနာက္ထပ္ ထပ္မံမျဖစ္ႏုိင္ေတာ႔ပါ။ေသြးလြန္တုပ္ေကြးႏွင္႔မတူပဲ ၄င္းတြင္ မ်ိဳးကြဲ မရွိ၍ျဖစ္ပါသည္

ဘယ္လုိကူးစက္ႏုိင္လဲ?ေရာဂါကူးစက္ခံရသူ၏ ကုိယ္တြင္း မွာ ဗုိင္းရပ္စ္ ပုိးသည္၅ -၇ ရက္ ရွိေနႏုိင္သျဖင္႔ ထုိအခ်ိန္အတြင္း ကုိက္ေသာျခင္တဆင္႔ အျခားသူအား ကုိက္ခံရပါက ကူးစက္ႏုိင္ပါသည္။ လူတစ္ဦး မွ တစ္ဦးသုိ႔ တုိက္ရုိက္မကူးစက္ႏုိင္ပါ ျခင္ကုိက္ခံရျခင္းမွ သာကူးစက္ျခင္းျဖစ္ပါသည္။

ဘယ္လုိကုသရမလဲ?အနားယူ ပါ အရည္မ်ားမ်ားေသာက္ပါ အဖ်ားအနာသက္သာေအာင္ ပါရာစီတေမာေဆးကုိ ညႊန္ၾကားခ်က္အတုိင္းေသာက္ပါ (အက္စပရင္ ႏွင္႔ အျခားအကုိက္အခဲေပ်ာက္ေဆးမ်ားကုိ ဆရာဝန္ညႊန္ၾကား ခ်က္မပါဘဲ မသုံးသင့္ပါ) ပထမ တစ္ပါတ္အတြင္းျခင္ကုိက္မခံရေအာင္ ဂရုစုိက္ပါ(အျခားသူမ်ားမကူးစက္ႏုိင္ရန္

ဘယ္လုိကာကြယ္ႏုိင္မလဲ?အဓိက ျခင္ကုိက္မခံရေအာင္ေနျခင္းျဖစ္ပါတယ္။သတိျပဳရမည္႔အခ်က္ ?ေသြးလြန္တုပ္ေကြး ေရာဂါ ႏွင္႔ေရာဂါ လကၡဏာ ဆင္တူသည္။ထို႔ေၾကာင့္ ဂ႐ုစိုက္ကုသင့္ပါသည္။ဆင္တုပ္ေကြးျဖစ္ရင္ အရည္ျပားမွာ အဲသလိုအနီစက္ေတြထြက္တတ္ပါတယ္။

Credit-မူရင္းေရးသားသူ

Unicode

ပဲခူးမြို့မှာရော chikungunya ခေါ် ဆင်တုပ်ကွေး ဖြစ်နေပြီ???ပဲခူးမြို့မှာတော့ outbreak ဖြစ်နေတယ်လို့တော့ကြားတယ်။လွန်ခဲ့တဲ့တစ်ပတ်လောက်က ကျွန်တော့်အိမ်မှာ ဖျားတဲ့လူနာ၊၃ယောက်လောက်မှာ အဖျားက ၁၀၃ ၊၁၀၄ အရိုးအဆစ်တွေမခံမရပ်နိုင်အောင်ကိုက်ကြပါတယ်။တချို့က ထော့နဲ့နဲ့ နဲ့တောင်ဆေးခန်းထဲဝင်ပြပါတယ်။အဖျားက ၂ရက်၃ရက် လောက်မှကျ ပြီး အရိုးအဆစ်နာတာတွေကလည်း ရရက်လောက်မှ သက်သာပါတယ်။၄ယောက်မှာ ၃ယောက်လောက်က အဖျားကျတော့ တစ်ကိုယ်လုံး အနီ အဖိန်းတွေထွက်ပါတယ် အတော်အသင့်ယားတယ် တစ်ပတ်လောက်ကြာတတ်ပါတယ် တစ်ကိုယ်လုံးဖြစ်တော့ စိတ်ပူပြီးပြန်လာကြပါတယ်။

အသိပေးချင်တာက-ရောဂါလက္ခဏာကပြင်းထန်ပါတယ်၊အသက်သေတဲ့အဆင့်ထိဖြစ်တာတော့ရှားပါတယ်။၁ပတ်လောက်ကြာပါတယ်။သူ့ဟာသူဖြေးဖြေးချင်းပြန်ကောင်းပါတယ်။ဖြစ်တဲ့လက္ခဏာတွေသက်သာအောင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။အနားများများယူပြီး ရေဓာတ် ဆားဓာတ်ပြန်ဖြည့်ရပါမယ်။***ကာကွယ်ဆေးမရှိပါ ခုထိုးနေကြတဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးကလဲ ဆင်တုပ်ကွေးကို မကာကွယ်နိုင်ပါ***ခြင်မကိုက်အောင်နေခြင်းကသာ ကာကွယ်ပေးနိုင်ပါမယ်။ထို့ကြောင့်မိဘပြည်သူများအနေဖြင့် မိမိကိုယ်တိုင်နှင့် မိမိတို့ ကလေးငယ်များကို ခြင်မကိုက်အောင် နေခြင်းဖြင့် သွေးလွန်တုပ်ကွေးနှင့် ဆင်တုပ်ကွေး မဖြစ်အောင်ကာကွယ်ကြပါလို့တိုက်တွန်းပါတယ်။ဖြစ်လာပြီဆိုရင်လဲ စပ်ဆေးတွေမသောက်ပဲ ဆေးရုံ၊ဆေးခန်းမှာ ကုသကြပါလို့တိုက်တွန်းပါတယ်။

ဆင်တုပ်ကွေး (chikungunya)

chikungunya နာမည်ကို ရောဂါစတင်တွေ့ရှိရာ တန်ဇန်းနီးယား နိုင်ငံ လူမိုးစု ဘာသာစကားမှစတင်မြစ်ဖျားခံခဲ့ပြီး တွန့်လိမ်ကောက်ကွေးခြင်းလို့အဓိပ္ပါယ် ရပါတယ် ။ ရောဂါ ခံစားရသူများ နာကျဉ်ကိုက်ခဲ၍နေခြင်းကိုဆိုလိုပါတယ်။ဘာကြောင့်ဖြစ်တာလဲ?ရောဂါပိုးသယ်ဆောင်ထားသောခြင်ကိုက်ခံရ၍ဖြစ်ပါသည်။ခြင်ကိုက်ခံရပြီး ၃ရက်မှ၅ရက်တွင် လက္ခဏာ စတင်ခံစားရပါသည်။ခြင် အမျိုးအစား(Aedes aegypti & Aedes albopictus) က သွေးလွန်တုပ်ကွေး ဖြစ်စေသော ခြင် အမျိုးအစားနှင့်အတူတူဖြစ်ပါတယ်။

ဘာတွေဖြစ်မှာလဲ ?အဓိိက လက္ခဏာ ကတော့ ဖျားပီး အဆစ်အမြစ်လွန်စွာ ကိုက်ခဲခြင်းဖြစ်ပါသည်။လူနာအများစု (၈၇%-၉၀%)မှာကိုက်ခဲ ကြပါ တယ် ။၄င်းအပြင် ခေါင်းကိုက် ခြင်း ကြွက်သားများနာကျင်ခြင်း အဆစ်အမြစ်ရောင်ခြင်း အရေပြား အကွက်ပေါ ် ခြင်းများလဲဖြစ်တတ်ပါသည်။ များသောအားဖြင့် သေစေနိုင်သော ရောဂါ မဟုတ်ပါ ။ လူအများစုတွင် ရက်သတ္တ ပါတ် အနည်းငယ်အတွင်း ရောဂါ ပျောက်ကင်းသွားလေ့ရှိပြီး အချို့သောသူများတွင် အဆစ်နာကျဉ်ခြင်းအား လပေါင်းများစွာ ခံစားရနိုင်ပါသည်။ရောဂါ ဖြစ်ပြီးသူများအနေဖြင့် ခုခံစွမ်းအား ရရှိပြီး နောက်ထပ် ထပ်မံမဖြစ်နိုင်တော့ပါ။သွေးလွန်တုပ်ကွေးနှင့်မတူပဲ ၄င်းတွင် မျိုးကွဲ မရှိ၍ဖြစ်ပါသည်

ဘယ်လိုကူးစက်နိုင်လဲ?ရောဂါကူးစက်ခံရသူ၏ ကိုယ်တွင်း မှာ ဗိုင်းရပ်စ် ပိုးသည်၅ -၇ ရက် ရှိနေနိုင်သဖြင့် ထိုအချိန်အတွင်း ကိုက်သောခြင်တဆင့် အခြားသူအား ကိုက်ခံရပါက ကူးစက်နိုင်ပါသည်။ လူတစ်ဦး မှ တစ်ဦးသို့ တိုက်ရိုက်မကူးစက်နိုင်ပါ ခြင်ကိုက်ခံရခြင်းမှ သာကူးစက်ခြင်းဖြစ်ပါသည်။

ဘယ်လိုကုသရမလဲ?အနားယူ ပါ အရည်များများသောက်ပါ အဖျားအနာသက်သာအောင် ပါရာစီတမောဆေးကို ညွှန်ကြားချက်အတိုင်းသောက်ပါ (အက်စပရင် နှင့် အခြားအကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြား ချက်မပါဘဲ မသုံးသင့်ပါ) ပထမ တစ်ပါတ်အတွင်းခြင်ကိုက်မခံရအောင် ဂရုစိုက်ပါ(အခြားသူများမကူးစက်နိုင်ရန်)

ဘယ်လိုကာကွယ်နိုင်မလဲ?အဓိက ခြင်ကိုက်မခံရအောင်နေခြင်းဖြစ်ပါတယ်။သတိပြုရမည့်အချက် ?သွေးလွန်တုပ်ကွေး ရောဂါ နှင့်ရောဂါ လက္ခဏာ ဆင်တူသည်။ထို့ကြောင့် ဂရုစိုက်ကုသင့်ပါသည်။ဆင်တုပ်ကွေးဖြစ်ရင် အရည်ပြားမှာ အဲသလိုအနီစက်တွေထွက်တတ်ပါတယ်။

Credit-မူရင်းရေးသားသူ

Recent Updates

Recent Posts Widget