ေမြးေန ့တို္င္းမွာ အုန္းထမင္းစားေလ့ရွိတဲ့ ေဒၚေအာင္ဆန္းစုၾကည္
လက္ရွိ နိုင္ငံေတာ္ အတိုင္ပင္ခံ ရာထူး ရယူထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ဟာ စစ္အစိုးရ လက္ထက္ ေနအိမ္ အက်ယ္ခ်ဳပ္ က်ေနစဥ္ ဇြန္လ ၁၉ ရက္ ေရာက္တိုင္း ရိုးရွင္းတဲ့ ေမြးေန႔ပြဲ က်င္းပေလ့ ရွိတယ္လို႔ သူနဲ႔ အတူေနဖူးတဲ့ ေဒၚခင္ခင္၀င္းက ေျပာပါတယ္။
သမီး ျဖစ္သူနဲ႔ အတူ ေဒၚေအာင္ဆန္းစုၾကည္ အိမ္မွာ ေနထိုင္ခဲ့ၾကစဥ္ သုံးေယာက္သား အိမ္မွာ ရွိတဲ့ ပစၥည္းေတြ ၊ ေစ်းက မွာထားတဲ့ ပစၥည္းေတြနဲ႔ ေပါင္းၿပီး မ်ားေသာအားျဖင့္ ေဒၚေအာင္ဆန္း စုၾကည္ကို ေမြးေန႔ ေရာက္တိုင္း အုန္းထမင္း ခ်က္ေကၽြး ေလ့ရွိတယ္လို႔ သူက ဆိုပါတယ္။
အဲဒီေနာက္ ခ်က္ၿပီးသား အုန္းထမင္းကို ဘုရားဆြမ္းကပ္ကာ က်န္တာကို သုံးေယာက္သား စားၾကတယ္လို႔ ေဒၚခင္ခင္၀င္းက အတိတ္က ျဖတ္သန္းခဲ့ရတဲ့ အေၾကာင္းကို ျပန္ေျပာင္း ေျပာျပခဲ့ပါတယ္။
ဒါ့အျပင္ ကိုယ့္ရဲ့ ဗမာ ထုံးစံအတိုင္း မုန္႔လုံးေရေပၚနဲ႔ မုန္႔ၾကာေစ့ လုပ္ေကၽြးေလ့ ရွိၿပီး ဒီလို ဗမာ မုန္႔ေတြကို ေဒၚေအာင္ဆန္းစုၾကည္က သေဘာက်ေလ့ ရွိတယ္လို႔ သူက ေျပာပါတယ္။
မုန္႔ၾကာေစ့ကို ေဒၚေအာင္ဆန္းစုၾကည္က သေဘာက်ေလ့ ရွိၿပီး တခါတေလမွာ ရယ္ေမာစေနာက္ေလ့ ရွိတယ္လို႔ ေဒၚခင္ခင္၀င္း က ဆိုပါတယ္။
ဒီမုန္႔ကို ဘာေၾကာင့္ မုန္႔ၾကာေစ့ လို႔ ေခၚသလဲ ဆိုတာ ေမးေတာ့ ၾကာခြက္ထဲက ၾကာေစ့ ကေလးေတြနဲ႔ တူလို႔ ေခၚတာ ျဖစ္နိုင္ေၾကာင္း ၊ ေဒၚခင္ခင္၀င္း ကေတာ့ အတိတ္ေကာက္တဲ့ အေနနဲ႔ အခုလို အက်ယ္ခ်ဳပ္နဲ႔ ေနရတာ ႏွစ္ေတြ ၾကာလာလို႔ ေစ့ ဆိုတဲ့ သေဘာနဲ႔ မုန္႔ၾကာေစ့ လုပ္စားျဖစ္တာပါ ေျပာတဲ့ အခါ ေဒၚေအာင္ဆန္း စုၾကည္က သေဘာက်ၿပီး ရယ္ေနတယ္လို႔ ေျပာပါတယ္။
တကယ္ေတာ့ ဗမာမုန္႔ေတြ ဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္က သေဘာက်တဲ့ အတြက္ တခါတေလ မုန္႔လက္ေကာက္ေၾကာ္ ေကၽြးရင္လည္း ႀကိဳက္တယ္လို႔ အတူေနခဲ့ဖူးတဲ့ အခ်ိန္က အေၾကာင္းေတြကို ေဒၚခင္ခင္၀င္းက ေျပာျပခဲ့ပါတယ္။
အိမ္အက်ယ္ခ်ဳပ္ က်စဥ္ ကာလေတြမွာ ေမြးေန႔တိုင္းမွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ အခုကာလလို ကိတ္မုန္႔ႀကီးေတြ လွီးတာေတြ ဘာေတြ လုပ္ခဲတယ္လို႔ သူက ဆိုပါတယ္။
အဲဒီ အခ်ိန္တုန္းကဆိုရင္ ၿခံအမွတ္ ၅၄ တကၠသိုလ္ ရိပ္သာလမ္း ေနအိမ္ကို ၀င္ထြက္ခြင့္ ရသူ တခ်ိဳ႕ ျဖစ္တဲ့ ဥပမာ ဦးထင္ေက်ာ္ တို႔လို သူေတြက ေမြးေန႔ လက္ေဆာင္ အျဖစ္ ေဒၚစု လိုအပ္တဲ့ အစားအေသာက္ ၊ အကၤ်ီ စ ေတြ စသျဖင့္ ေပးေလ့ ရွိတယ္လို႔ သူက ေျပာပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ဟာ အုန္းထမင္း ႀကိဳက္ေလ့ရွိၿပီး သူ႔ေမြးေန႔မွာ ခ်က္ေကၽြးတဲ့ အုန္းထမင္း ကို သီးသီးသန္႔သန္႔ ေရခဲေသတၱာထဲ သိမ္းထားေလ့ ရွိတယ္ ၊ သူစားခ်င္တဲ့အခါ ျပန္ထုတ္ေႏႊး စားေလ့ ရွိတယ္လို႔ ေဒၚခင္ခင္၀င္းက ဆိုပါတယ္။
တခါတရံ က်ရင္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေဒၚခင္ခင္၀င္းတို႔ သားအမိ ႏွစ္ေယာက္နဲ႔ အတူ ႐ုပ္ရွင္ ၾကည့္ေလ့ ရွိၿပီး အရင္တုန္းက ဂႏၲ၀င္ေျမာက္တဲ့ နိုင္ငံျခား ႐ုပ္ရွင္ေတြကို သူ႔ဆီမွာ စုထားတဲ့ အေခြျပား ေလးေတြ ဖြင့္ၿပီး အိမ္ထဲမွာ အတူၾကည့္ၾကတယ္လို႔ ေျပာပါတယ္။
Source_BBC
Credit \\ original
Unicode
လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံ ရာထူး ရယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ စစ်အစိုးရ လက်ထက် နေအိမ် အကျယ်ချုပ် ကျနေစဉ် ဇွန်လ ၁၉ ရက် ရောက်တိုင်း ရိုးရှင်းတဲ့ မွေးနေ့ပွဲ ကျင်းပလေ့ ရှိတယ်လို့ သူနဲ့ အတူနေဖူးတဲ့ ဒေါ်ခင်ခင်၀င်းက ပြောပါတယ်။
သမီး ဖြစ်သူနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာ နေထိုင်ခဲ့ကြစဉ် သုံးယောက်သား အိမ်မှာ ရှိတဲ့ ပစ္စည်းတွေ ၊ စျေးက မှာထားတဲ့ ပစ္စည်းတွေနဲ့ ပေါင်းပြီး များသောအားဖြင့် ဒေါ်အောင်ဆန်း စုကြည်ကို မွေးနေ့ ရောက်တိုင်း အုန်းထမင်း ချက်ကျွေး လေ့ရှိတယ်လို့ သူက ဆိုပါတယ်။
အဲဒီနောက် ချက်ပြီးသား အုန်းထမင်းကို ဘုရားဆွမ်းကပ်ကာ ကျန်တာကို သုံးယောက်သား စားကြတယ်လို့ ဒေါ်ခင်ခင်၀င်းက အတိတ်က ဖြတ်သန်းခဲ့ရတဲ့ အကြောင်းကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ကိုယ့်ရဲ့ ဗမာ ထုံးစံအတိုင်း မုန့်လုံးရေပေါ်နဲ့ မုန့်ကြာစေ့ လုပ်ကျွေးလေ့ ရှိပြီး ဒီလို ဗမာ မုန့်တွေကို ဒေါ်အောင်ဆန်းစုကြည်က သဘောကျလေ့ ရှိတယ်လို့ သူက ပြောပါတယ်။
မုန့်ကြာစေ့ကို ဒေါ်အောင်ဆန်းစုကြည်က သဘောကျလေ့ ရှိပြီး တခါတလေမှာ ရယ်မောစနောက်လေ့ ရှိတယ်လို့ ဒေါ်ခင်ခင်၀င်း က ဆိုပါတယ်။
ဒီမုန့်ကို ဘာကြောင့် မုန့်ကြာစေ့ လို့ ခေါ်သလဲ ဆိုတာ မေးတော့ ကြာခွက်ထဲက ကြာစေ့ ကလေးတွေနဲ့ တူလို့ ခေါ်တာ ဖြစ်နိုင်ကြောင်း ၊ ဒေါ်ခင်ခင်၀င်း ကတော့ အတိတ်ကောက်တဲ့ အနေနဲ့ အခုလို အကျယ်ချုပ်နဲ့ နေရတာ နှစ်တွေ ကြာလာလို့ စေ့ ဆိုတဲ့ သဘောနဲ့ မုန့်ကြာစေ့ လုပ်စားဖြစ်တာပါ ပြောတဲ့ အခါ ဒေါ်အောင်ဆန်း စုကြည်က သဘောကျပြီး ရယ်နေတယ်လို့ ပြောပါတယ်။
တကယ်တော့ ဗမာမုန့်တွေ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က သဘောကျတဲ့ အတွက် တခါတလေ မုန့်လက်ကောက်ကြော် ကျွေးရင်လည်း ကြိုက်တယ်လို့ အတူနေခဲ့ဖူးတဲ့ အချိန်က အကြောင်းတွေကို ဒေါ်ခင်ခင်၀င်းက ပြောပြခဲ့ပါတယ်။
အိမ်အကျယ်ချုပ် ကျစဉ် ကာလတွေမှာ မွေးနေ့တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုကာလလို ကိတ်မုန့်ကြီးတွေ လှီးတာတွေ ဘာတွေ လုပ်ခဲတယ်လို့ သူက ဆိုပါတယ်။
အဲဒီ အချိန်တုန်းကဆိုရင် ခြံအမှတ် ၅၄ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်ကို ၀င်ထွက်ခွင့် ရသူ တချို့ ဖြစ်တဲ့ ဥပမာ ဦးထင်ကျော် တို့လို သူတွေက မွေးနေ့ လက်ဆောင် အဖြစ် ဒေါ်စု လိုအပ်တဲ့ အစားအသောက် ၊ အင်္ကျီ စ တွေ စသဖြင့် ပေးလေ့ ရှိတယ်လို့ သူက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အုန်းထမင်း ကြိုက်လေ့ရှိပြီး သူ့မွေးနေ့မှာ ချက်ကျွေးတဲ့ အုန်းထမင်း ကို သီးသီးသန့်သန့် ရေခဲသေတ္တာထဲ သိမ်းထားလေ့ ရှိတယ် ၊ သူစားချင်တဲ့အခါ ပြန်ထုတ်နွှေး စားလေ့ ရှိတယ်လို့ ဒေါ်ခင်ခင်၀င်းက ဆိုပါတယ်။
တခါတရံ ကျရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်ခင်ခင်၀င်းတို့ သားအမိ နှစ်ယောက်နဲ့ အတူ ရုပ်ရှင် ကြည့်လေ့ ရှိပြီး အရင်တုန်းက ဂန္တ၀င်မြောက်တဲ့ နိုင်ငံခြား ရုပ်ရှင်တွေကို သူ့ဆီမှာ စုထားတဲ့ အခွေပြား လေးတွေ ဖွင့်ပြီး အိမ်ထဲမှာ အတူကြည့်ကြတယ်လို့ ပြောပါတယ်။
Credit \\ original


