(၅) ဝိတ်ကျစေတယ်
Credit : Aunty May
Unicode ဖြင့်ဖတ်ရန်
နေ့တိုင်း ကြက်ဥ(၂)လုံး စားပေးခြင်းဖြင့် ရရှိလာမယ့် အံ့မခန်းအကျိုးကျေးဇူး (၇) မျိုး
ကြက်ဥရဲ့ အာနိသင်နဲ့အစွမ်းထက်ပုံတွေကို လူတော်တော်များများက သိချင်ကြသလို၊ အကြိမ်ကြိမ်အမေးခံရတဲ့
မေးခွန်းတစ်ခုလည်းဖြစ်ပါတယ်။ ကြက်ဥရဲ့အာနိသင်တွေကို ရှင်းရှင်းလင်းလင်း သိရှိနိုင်အောင်လို့ ခုပဲဖော်ပြပေးလိုက်ပါတယ်။
တစ်နေ့ကိုကြက်ဥ (၂) လုံးပုံမှန်စားပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲဆိုတာ ကြည့်လိုက်ပါနော်။
(၁) ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်တက်စေတယ်
ဦးနှောက်ဆဲလ်တစ်ခုနဲ့တစ်ခု ချိတ်ဆက်ရာမှာ coline ဆိုတဲ့ ဗီတာမင်လေးလည်း ပါဝင်ပါတယ်။ အဲ့ဒီ့ဗီတာမင်လေးကို
ကြက်ဥ(၂)လုံး စားသုံးပေးခြင်းဖြင့် လုံလောက်တဲ့ပမာဏကို ရရှိစေနိုင်တာကြောင့် ကြက်ဥဟာဉာဏ်ရည်ကိုဖွံ့ဖြိုးစေပြီး
မှတ်ဉာဏ်ကောင်းမွန်စေပါတယ်။
(၂) အမြင်အာရုံကောင်းမွန်စေတယ်
ကြက်ဥထဲမှာပါဝင်တဲ့ Lutein ဟာဆိုရင် အမြင်အာရုံကိုကြည်လင်စေပြီး မျက်လုံးအတွက်အထူးကောင်းမွန်ပါတယ်။ ဒါကြောင့်
မျက်လုံးအားနည်းတဲ့သူတွေအတွက်လည်း အထူးသင့်လျော်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။
(၃) Calcium ကိုစုပ်ယူပေးတယ်
ကြက်ဥထဲမှာ ပါဝင်တဲ့ ဗီတာမင် D ဟာဆိုရင် Calcium ဓာတ်ကို ကိုပိုမိုစုပ်ယူပေးနိုင်တာကြောင့်
အရိုးနဲ့သွားတွေကိုခိုင်မာစေနိုင်ပါတယ်။
(၄) အသားအရေ၊ ဆံပင်နဲ့ အသည်းကိုကာကွယ်ပေးတယ်
ကြက်ဥထဲမှာပါဝင်တဲ့ Biotin, ဗီတာမင် B12, နဲ့ ကြွယ်ဝတဲ့ အသားဓာတ်တွေက ဆံပင်ကို သန်စွမ်းစေရုံသာမက အသားအရေကို
ကြည်လင်ဝင်းပစေပါတယ်။ ကြက်ဥထဲမှာပါဝင်တဲ့ ဓာတ်တွေဟာ အသည်းက အဆိပ်အတောက်တွေကို
ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။
(၅) ဝိတ်ကျစေတယ်
အမေရိကန်က သုတေသနပညာရှင်တွေရဲ့ ပြောကြားချက်အရ သင့်ရဲ့ မနက်စာမှာ ကြက်ဥထည့်ပြီးစားသုံးပေးခြင်းဖြင့် သာမန်ထက်
၂ဆ ဝိတ်ကျစေတယ်လို့ ဆိုပါတယ်။ နောက်ပြီး ကြက်ဥဟာ ဗိုက်ပြည့်လွယ်တာကြောင့် နေ့စဉ်စားသုံးပေးခြင်းဖြင့်
စားသုံးတဲ့ပမာဏလည်း လျော့နည်းသွားမှာဖြစ်သလို၊ အမြန်ဆုံးပိန်သွားမှာဖြစ်ပါတယ်။
(၆) ကင်ဆာဖြစ်နှုန်းကိုလျော့ကျစေတယ်
ကြက်ဥထဲမှာပါဝင်တဲ့ Choline ဟာဆိုရင် ဦးနှောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့အပြင်
ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကိုပါ လျှော့ချပေးပါတယ်။ ကြက်ဥ နေ့တိုင်းစားတဲ့အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ
ပိုမိုနည်းပါးတာကိုလည်း တွေ့ရှိရပါတယ်။
(၇) အိုမင်းရင့်ရော်မှုကိုတားဆီးပေးတယ်
Dutch နိုင်ငံက သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှမှုအရ ကြက်ဥဟာ အိုမင်းရင့်ရော်မှုကို တားဆီးကာကွယ်ပေးရုံသာမက
အရွယ်တင်နုပျိုစေတာကိုလည်း တွေ့ရှိရပါတယ်။
Credit : Aunty May
Recent Updates
Recent Posts Widget