ချစ်စရာကောင်းတဲ့ ခွေးကြီးကိုဖက်ပြီး ချစ်မဝဖြစ်နေတဲ့ ဝင့်ယမုံလှိုင်
အချစ်သင်္ကေတ” ဇာတ်လမ်းတွဲမှာကတည်းက ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်က အခုထိတိုင် ဇာတ်လမ်းတွဲတွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ သူမသရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတိုင်းကလည်း အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြီး ပရိသတ်တွေ အကြိုက်တွေ့ခဲ့တာချည်းပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဝင့်ယမုံနိုင်က အားပေးသူအခိုင်အမာနဲ့ တစ်စထက်တစ်စ အောင်မြင်မှုတွေ ရရှိနေတဲ့ မင်းသမီးလေး ဖြစ်လို့နေတာပဲ ဖြစ်ပါတယ်။
ဝင့်ယမုံနိုင်က လက်ရှိမှာတော့ “အခန်းနံပါတ် ၁၈” ဆိုတဲ့ ဇာတ်လမ်းတွဲကို ကျော်ဆု၊ နေခြည်ရွှန်းလက်၊ သက်ဦးကို၊ လင်းမြတ်၊ ရန်လင်းအောင်၊ မြနှင်းရည်လွင်နဲ့ အခြားသောသရုပ်ဆောင်ပေါင်းများစွာနဲ့ အတူတူ သရုပ်ဆောင်ဖို့ တောင်ကြီးမြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။
တောင်ကြီးမှာ ဇာတ်လမ်းတွဲရိုက်ကူးခိုက် ဝင့်ယမုံနိုင်က အရမ်းကို ချစ်စရာကောင်းးတဲ့ ခွေးကြီးနဲ့ အတူတူ ဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။ ဝင့်ယမုံနိုင်က “သမီးချောကြီး 😘” ဆိုပြီး ထိုခွေးကြီးကို ချစ်မဝဖြစ်နေတာကို တွေ့ရပါတယ်။
ဝင့်ယမုံနိုင်ကတော့ ပရိသတ်တွေအတွက် အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို ကြိုးစားပန်းစား ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးနေပြီး ပရိသတ်နဲ့ အဆက်မပြတ်အောင် အခြားသော အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေလျက်ရှိပါတယ်။
ဝင့်ယမုံနိုင်ကတော့ တစ်နေ့တစ်ခြား ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို များစွာ ရရှိနေသူလေးပဲ ဖြစ်ပါတယ်။ ဒီ “အခန်းနံပါတ် ၁၈” ဆိုတဲ့ ဇာတ်လမ်းတွဲလေး ပြသရင်လည်း ဝင့်ယမုံနိုင်ကို အားပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Credit \\ original





