ဧရာမသေဘၤာႀကီးကို ဆြဲျပကာ ကမာၻ ့စံခ်ိန္သစ္တင္လိုက္သည့္ ႐ုရွားလူသန္ႀကီး !!!




ဗီဒီယိုကိုေအာက္ဆံုးမွာတြဲတင္ေပးထားပါတယ္


ကမၻာ့စံခ်ိန္ရွင္ ႐ုရွားလူသန္ႀကီးသည္ ကုန္တင္ကားႀကီးမ်ား၊ ဘတ္စကားမ်ား၊ ရထားမ်ား၊ ေလယာဥ္မ်ားႏွင့္ တင့္ ကားႀကီးမ်ား စသည့္အရာမ်ားကို ဆြဲျပ ခ်င္သည့္ အာသီသရွိသည္။ ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း ဗလာဒီေဗာ့စ္တို႔ခ္ေဒ သခံအိုင္ဗန္သည္ တန္ခ်ိန္ ၁၁၀၀၀ ရွိ သည့္ ကုန္တင္သေဘၤာႀကီးကို မီတာဝက္ အကြာသို႔ ေအာင္ေအာင္ျမင္ျမင္ဆြဲျပခဲ့ သည္။

ယင္းသည္ ၎တင္ခဲ့သည့္ ယခင္ စံခ်ိန္ထက္ တန္ ၅၀၀ ပိုသည္။ ၎သည္ ၂၀၁၈ ခုႏွစ္ မတ္လ ၁၇ ရက္တြင္ တန္ ခ်ိန္ ၁၀၅၀၀ ရွိသည့္ သေဘၤာကို ဆြဲျပ ခဲ့ျခင္းျဖစ္သည္။ လက္ရွိ ၎တင္လိုက္ သည့္စံခ်ိန္သစ္ကို အျခားမည္သူမွ မတင္ ႏိုင္ေသးေပ။



မၾကာမီက်ေရာက္မည့္ ပ႐ိုင္ ေမာ္စကီေဒသ တည္ေထာင္ျခင္း ႏွစ္ ၈၀ ျပည့္အထိမ္းအမွတ္ကို ဂုဏ္ျပဳေသာ အားျဖင့္ အိုင္ဗန္က ထိုသို႔လုပ္ျပခဲ့ျခင္း ျဖစ္သည္။ ၎က သေဘၤာက်င္းတစ္ခုတြင္စံခ်ိန္ကို တင္ႏိုင္ခဲ့ျခင္းျဖစ္သည္။ ထိုမၽွ သန္စြမ္းသည့္အတြက္လည္း ၎သည္႐ုရွားဟာက်ဴလီဟုပင္ အမည္တြင္ေနၿပီ ျဖစ္သည္။

သန္စြမ္းသည့္ေနရာတြင္ လက္ ဖ်ားခါေလာက္ဖြယ္ ထူးခၽြန္သည့္အျပင္ ၎သည္ ခ်က္စ္ကစားရာတြင္လည္း ဝါသနာထုံလွသည္။ အိုင္ဗန္သည္ လာ မည့္ႏွစ္တြင္ အႀကီးမားဆုံးေသာစိန္ေခၚ မႈႀကီးကိုစမ္းၾကည့္မည္ျဖစ္သည္။ ထိုစိန္ ေခၚမႈမွာ အေလးခ်ိန္ တန္ ၁၈၀၀၀ ရွိ သည့္ ကုန္တင္သေဘၤာႀကီးကို ဆြဲျပရန္ ျဖစ္သည္။

Credit  \\  original

ကမ္ဘာ့စံချိန်ရှင် ရုရှားလူသန်ကြီးသည် ကုန်တင်ကားကြီးများ၊ ဘတ်စကားများ၊ ရထားများ၊ လေယာဉ်များနှင့် တင့် ကားကြီးများ စသည့်အရာများကို ဆွဲပြ ချင်သည့် အာသီသရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဗလာဒီဗော့စ်တို့ခ်ဒေ သခံအိုင်ဗန်သည် တန်ချိန် ၁၁၀၀၀ ရှိ သည့် ကုန်တင်သင်္ဘောကြီးကို မီတာဝက် အကွာသို့ အောင်အောင်မြင်မြင်ဆွဲပြခဲ့ သည်။

ယင်းသည် ၎င်းတင်ခဲ့သည့် ယခင် စံချိန်ထက် တန် ၅၀၀ ပိုသည်။ ၎င်းသည် ၂၀၁၈ ခုနှစ် မတ်လ ၁၇ ရက်တွင် တန် ချိန် ၁၀၅၀၀ ရှိသည့် သင်္ဘောကို ဆွဲပြ ခဲ့ခြင်းဖြစ်သည်။ လက်ရှိ ၎င်းတင်လိုက် သည့်စံချိန်သစ်ကို အခြားမည်သူမှ မတင် နိုင်သေးပေ။

မကြာမီကျရောက်မည့် ပရိုင် မော်စကီဒေသ တည်ထောင်ခြင်း နှစ် ၈၀ ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုသော အားဖြင့် အိုင်ဗန်က ထိုသို့လုပ်ပြခဲ့ခြင်း ဖြစ်သည်။ ၎င်းက သင်္ဘောကျင်းတစ်ခုတွင်စံချိန်ကို တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုမျှ သန်စွမ်းသည့်အတွက်လည်း ၎င်းသည်ရုရှားဟာကျူလီဟုပင် အမည်တွင်နေပြီ ဖြစ်သည်။

သန်စွမ်းသည့်နေရာတွင် လက် ဖျားခါလောက်ဖွယ် ထူးချွန်သည့်အပြင် ၎င်းသည် ချက်စ်ကစားရာတွင်လည်း ဝါသနာထုံလှသည်။ အိုင်ဗန်သည် လာ မည့်နှစ်တွင် အကြီးမားဆုံးသောစိန်ခေါ် မှုကြီးကိုစမ်းကြည့်မည်ဖြစ်သည်။ ထိုစိန် ခေါ်မှုမှာ အလေးချိန် တန် ၁၈၀၀၀ ရှိ သည့် ကုန်တင်သင်္ဘောကြီးကို ဆွဲပြရန် ဖြစ်သည်။

Credit  \\  original

Recent Updates

Recent Posts Widget