ထဲမှာရှိတယ်။သူ့ကို block လိုက်တယ်။
အစကတော့မသိဘူး။ ဒေါသထွက်တယ်။
Credit \\ original
Unicode
ကိုယ့်ကိုဆဲတာမေတ္တာရှိလို့ပဲမှတ်တယ်ဆိုတဲ့ သုသု
သုသုလို့ချစ်စနိုးခေါ်ကြတဲ့ ညီညီမောင်(စမ်းချောင်း)ဟာဆိုရင်
စကားပြောရင်ပွင့်ပွင့်လင်းလင်းပြောတတ်ပြီးချစ်ဖို့လည်းကောင်းလို့ ပရိသတ်တွေကဝိုင်းချစ်နေကြရတဲ့
မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်ပါတယ်။
သုသုရဲ့ တစ်ခါတစ်ခါထထလုပ်တဲ့ Video အတိုလေးတွေကလည်း ပရိသတ်တွေကို ရယ်မောစေပြီး
အချစ်တွေပိုတိုးစေတာပါ။
သုသုက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ဝိုင်းပြီးဆဲကြတာတွေနဲ့ပတ်သက်ပြီးတော့ ဖြေကြားသွားပါတယ်။
သုသုက ပရိသတ်တွေသဘောကျတဲ့ video အတိုလေးတွေတင်ဖြစ်တာနဲ့ပတ်သက်ပြီး “တင်ဖြစ်ပါတယ်။ သုသုက tiktok
ထက်ကိုယ်ပိုင် idea နဲ့လုပ်ထားတဲ့ video လေးတွေတင်ဖြစ်တယ်။
ဒီရက်ပိုင်းလည်း အလုပ်တွေနည်းနည်းရှုပ်နေတယ်။ နောက်ပိုင်း မိုးတွင်းဆိုတော့
အလုပ်တွေနည်းနည်းပါးသွားရင်တော့တင်ဖြစ်မှာပါ။ ပျော်ချင်တယ်လေ”လို့ ပြောထားပါတယ်။
တိုက်ခိုက်နေကြတာနဲ့ပတ်သက်ပြီးတော့လည်း သုသုက “အွန်လိုင်းမှာ မိန်းမလျာတစ်ယောက်ဆို
သုသုရဲ့ဓာတ်ပုံတွေဆေ့ပြီးတော့ သရော်သလိုလို လှောင်သလိုလိုနဲ့တင်နေတာတွေရှိတယ်။အရင်က account
ထဲမှာရှိတယ်။သူ့ကို block လိုက်တယ်။
သူ့မှာမခံမရပ်နိုင်တွေဖြစ်ပြီးတော့ အခြား account တွေနဲ့ဝင်ကြည့်တယ်နဲ့တူပါတယ်။ သူ share တယ်ဆိုတော့
ကိုယ့်ကိုမေတ္တာရှိလို့ပါ။ ကိုယ့်ကိုချစ်လို့လို့ပဲမြင်ပါတယ်။
လူနည်းစုဝုန်းနေတယ်ဆိုလည်း အဲဒီဝုန်းနေတဲ့လူတွေက ကိုယ့်ကိုချစ်လို့ပါ”လို့ ဖြေကြားထားပါတယ်။
Facebook မှာ ပရိသတ်တွေသဘောကျနေကြတဲ့ သုသုရဲ့ comment reply တွေအကြောင်းကိုတော့ “တကယ်တော့
ကိုယ့်ကိုရိုင်းရိုင်းစိုင်းစိုင်း comment တွေပဲပေးပေးဘာပဲပေးပေးအဓိကက သုသုရဲ့ reply ကိုလိုချင်ကြတာ။
အစကတော့မသိဘူး။ ဒေါသထွက်တယ်။
reply တွေလျှောက်ပြန်ပေ့ါနော်။ အဲဒီလို reply တွေရရင်သူတို့က ပျော်တာ။ reply စပြန်ပြီပေ့ါနော်။ အဲ့လိုမျိုးဆိုတော့
ဘာပဲပြောပြောကိုယ့်ကိုချစ်တယ်ခင်တယ်။
စတာတွေပျော်သွားတယ်ဆိုတော့ လူတစ်ယောက်ရဲ့စိတ်ကိုကောင်းအောင်လုပ်ပေးနိုင်တာ။
ကောင်းတဲ့ဘက်သွားတယ်ဆိုတော့ သုသုကတော့ ပျော်တယ်”လို့ ဖြေကြားထားပါတယ်။
Credit \\ original