ပိုင်ရှင်က ခွေးကိုသတ်ဖို့ သံလမ်းပေါ်မှာ ချည်ထားပေမယ့် စက်ခေါင်းမောင်းက ကယ်တင်နိုင်ခဲ့( ရုပ်သံ )
အလွန်ရက်စက်တဲ့ ခွေးပိုင်ရှင်တစ်ယောက်ဟာ သူရဲ့ခွေးကို သေစေလိုတဲ့သဘောနဲ့ သံလမ်းပေါ်မှာ ကြိုးနဲ့အသေချည်ထားခဲ့ပါတယ်။ ခွေးကို မျက်လုံးလျှင်တဲ့ စက်ခေါင်းမောင်းက ကိုက်(၁၀၀)လောက်အကွာကနေ လှမ်းမြင်လိုက်တာကြောင့် ရထားကို အချိန်မီရပ်တန့်နိုင်ခဲ့ပါတယ်။
ခွေးဟာ ကြောက်အားလန့်အားနဲ့ ဟောင်နေပြီး၊ တအီအီမြည်သံပြုပြီးတော့လည်း အသနားခံနေတာကို အားလုံး ဗွီဒီယိုဖိုင်လေးထဲမှာ တွေ့ရမှာပါ။ နောက်တော့ ခွေးလေးကို ဘေးလွတ်ရာ ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ သက်ဆိုင်ရာကတော့ ပိုင်ရှင်ကို စုံစမ်းနေပြီး-
ထိရောက်တဲ့ အရေးယူမှုတွေပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒီအဖြစ်အပျက် ဗွီဒီယိုကိုတော့ စက်ခေါင်းမောင်းကိုယ်တိုင် ရိုက်ယူခဲ့တာပါ။ သူက ” လူတွေက ဘာလို့ ဒီလောက် ရက်စက်ကြတာလဲဗျာ … ဘယ်သူကများ ဒီလို လုပ်ရက်တာလဲ “လို့ ညည်းတွားခဲ့ပါတယ်။
သူက ဆက်လက်ပြီး ” ခင်ဗျားတို့လည်း ဒီလို မလုပ်ကြပါနဲ့ဗျာ … ကျွန်တော်ထင်တယ် .. တစ်နေ့နေ့မှာ လူသားတွေရဲ့ လူသားဆန်မှုတွေ ပြောင်းလဲလာမယ်လို့ ထင်ပါတယ် “လို့ ပြောခဲ့ပါတယ်။ သတင်းမှာဖော်ပြချက်အရတော့ ခွေးလေးဟာ လွှတ်ပေးချင်းမှာပဲ နေရာကနေ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ ချီလီနိုင်ငံ၊ Llay-Llay မှာ ဖြစ်ခဲ့တာပါ။
https://videos.metro.co.uk/video/met/2019/06/19/8644124715330090765/480x270_MP4_8644124715330090765.mp4
Crdeit \\ original


