“တစ္တိုက္ထဲမွာေနတဲ့သူေတြကို မေက်နပ္လို႔ ေရတိုင္ကီထဲကိုဝင္ အီးပါၿပီး ဂလဲ့စားေခ်ခဲ့သူ”




ထိုင္ဝမ္ႏိုင္ငံ Taichung မွာရွိတဲ့ အေဆာက္အဦးတစ္ခုမွ ေနထိုင္သူေတြဟာ ေနမေကာင္းျဖစ္တဲ့သူေတြ မ်ားလာသလို နဲ႔ အေရျပားဓါတ္မတည့္မႈေတြ ခံစားေနရၿပီး ေရရဲ႕အနံ႔မေကာင္းမႈကို သတိျပဳမိလာၾကတာေၾကာင့္ ရဲစခန္းကိုတိုင္ၾကားခဲ့ပါတယ္။ ရဲစခန္းက အဆိုပါတိုက္တခုလုံးရဲ႕ CCTV ေတြကို စစ္ၾကည့္တဲ့အခါမွာေတာ့ အသက္၆၉ ႏွစ္အ႐ြယ္ရွိတဲ့ Lin ဆိုသူဟာ ပလပ္တစ္အိတ္တလုံးကို ကိုင္ၿပီး အမ်ားသုံးေရတိုင္ကီရွိတဲ့ တိုက္ေခါင္မိုးထိပ္ ေလွကားကိုတက္သြားတတ္ေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။



ေနာက္ထပ္ေဖာ္ထုတ္ခဲ့တာကေတာ့ သူဟာ အဆိုပါေရတိုင္ကီထဲမွာ ေရဝင္ခ်ိဳးယုံသာမက ေသးေပါက္တာေတြ အီးပါတာေတြကိုပါ ျပဳလုပ္ေၾကာင္းစစ္ေဆးေတြ႕ရွိခဲ့ပါတယ္။

သူဟာသူ႔ရဲ႕အိမ္အတြင္း တယ္လီကြန္းကုမၸဏီရဲ႕ ဆက္သြယ္ေရးပစၥည္းေတြတပ္ဆင္ဖို႔အတြက္ တစ္လကို ထိုင္ဝမ္ေဒၚလာ ၁၂၀၀၀ ($38) နဲ႔ငွားရမ္းခဲ့ေပမယ့္ သူ႔ရဲ႕အိမ္နီခ်င္းေတြက ဝိုင္းဝန္းကန္႔ကြက္ၾကတာေၾကာင့္ ပ်က္သြားခဲ့ပါတယ္။ ဒီလိုအိမ္နီးခ်င္းေတြနဲ႔ ျပႆနာတက္ၿပီးတဲ့ေနာက္မွာေတာ့ သူဟာဂလဲ့စားေခ်ဖို႔ ဆုံးျဖတ္ခဲ့ၿပီး ဇြန္လ ၂၀၁၇ကေနစၿပီး တစ္လကိုတႀကိမ္ အမ်ားသုံးတိုင္ကီထဲမွာ အညစ္အေၾကးေတြကို စြန္႔ခဲ့တာျဖစ္ပါတယ္။ ရဲေတြက ေရကိုစစ္ေဆးၾကည့္တဲ့အခါမွာေတာ့ အမိုးနီးယားပါဝင္မႈျမင့္မားေနေၾကာင္း အတည္ျပဳခဲ့ပါတယ္။



ယခုလို ေရညစ္ညမ္းမႈ မျဖစ္ခင္ ၂၀၁၈ ကလည္း သူဟာ အေဆာက္အဦးရဲ႕ ဓါတ္ေလွကားထိန္းခ်ဳပ္တဲ့ panal ကို ဖ်က္ဆီးခဲ့သလို ေရပိုက္ေတြကိုလည္း ဖ်က္ဆီးခဲ့တာ သိရပါတယ္။ သူကတရားသူႀကီးရဲ႕ေရွ႕မွာ ေသးကိုေသာက္သုံးျခင္းဟာ အသက္အႏၲရာယ္မရွိေၾကာင္း ေစာဒကတက္ခဲ့ေပမယ့္ တရားသူႀကီးကလက္မခံခဲ့ပါဘူး။ သူ႔ကို လေပါင္းႏွစ္ဆယ္ ေထာင္ဒဏ္နဲ႔ ေငြ ၁၆၀၀၀၀ ထိုင္ဝမ္ေဒၚလာ ဒါဏ္႐ိုက္ခဲ့ပါတယ္။

ရုပ္သံၾကည့္ရန္


Source – Lifestyle_Myanmar

Credit  \\  original

Unicode Version

ထိုင်ဝမ်နိုင်ငံ Taichung မှာရှိတဲ့ အဆောက်အဦးတစ်ခုမှ နေထိုင်သူတွေဟာ နေမကောင်းဖြစ်တဲ့သူတွေ များလာသလို နဲ့ အရေပြားဓါတ်မတည့်မှုတွေ ခံစားနေရပြီး ရေရဲ့အနံ့မကောင်းမှုကို သတိပြုမိလာကြတာကြောင့် ရဲစခန်းကိုတိုင်ကြားခဲ့ပါတယ်။ ရဲစခန်းက အဆိုပါတိုက်တခုလုံးရဲ့ CCTV တွေကို စစ်ကြည့်တဲ့အခါမှာတော့ အသက်၆၉ နှစ်အရွယ်ရှိတဲ့ Lin ဆိုသူဟာ ပလပ်တစ်အိတ်တလုံးကို ကိုင်ပြီး အများသုံးရေတိုင်ကီရှိတဲ့ တိုက်ခေါင်မိုးထိပ် လှေကားကိုတက်သွားတတ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

နောက်ထပ်ဖော်ထုတ်ခဲ့တာကတော့ သူဟာ အဆိုပါရေတိုင်ကီထဲမှာ ရေဝင်ချိုးယုံသာမက သေးပေါက်တာတွေ အီးပါတာတွေကိုပါ ပြုလုပ်ကြောင်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။

သူဟာသူ့ရဲ့အိမ်အတွင်း တယ်လီကွန်းကုမ္ပဏီရဲ့ ဆက်သွယ်ရေးပစ္စည်းတွေတပ်ဆင်ဖို့အတွက် တစ်လကို ထိုင်ဝမ်ဒေါ်လာ ၁၂၀၀၀ ($38) နဲ့ငှားရမ်းခဲ့ပေမယ့် သူ့ရဲ့အိမ်နီချင်းတွေက ဝိုင်းဝန်းကန့်ကွက်ကြတာကြောင့် ပျက်သွားခဲ့ပါတယ်။ ဒီလိုအိမ်နီးချင်းတွေနဲ့ ပြဿနာတက်ပြီးတဲ့နောက်မှာတော့ သူဟာဂလဲ့စားချေဖို့ ဆုံးဖြတ်ခဲ့ပြီး ဇွန်လ ၂၀၁၇ကနေစပြီး တစ်လကိုတကြိမ် အများသုံးတိုင်ကီထဲမှာ အညစ်အကြေးတွေကို စွန့်ခဲ့တာဖြစ်ပါတယ်။ ရဲတွေက ရေကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ အမိုးနီးယားပါဝင်မှုမြင့်မားနေကြောင်း အတည်ပြုခဲ့ပါတယ်။
ယခုလို ရေညစ်ညမ်းမှု မဖြစ်ခင် ၂၀၁၈ ကလည်း သူဟာ အဆောက်အဦးရဲ့ ဓါတ်လှေကားထိန်းချုပ်တဲ့ panal ကို ဖျက်ဆီးခဲ့သလို ရေပိုက်တွေကိုလည်း ဖျက်ဆီးခဲ့တာ သိရပါတယ်။ သူကတရားသူကြီးရဲ့ရှေ့မှာ သေးကိုသောက်သုံးခြင်းဟာ အသက်အန္တရာယ်မရှိကြောင်း စောဒကတက်ခဲ့ပေမယ့် တရားသူကြီးကလက်မခံခဲ့ပါဘူး။ သူ့ကို လပေါင်းနှစ်ဆယ် ထောင်ဒဏ်နဲ့ ငွေ ၁၆၀၀၀၀ ထိုင်ဝမ်ဒေါ်လာ ဒါဏ်ရိုက်ခဲ့ပါတယ်။

ရုပ်သံကြည့်ရန်
Source – Lifestyle_Myanmar


Credit  \\  original

Recent Updates

Recent Posts Widget