ရည္းစားမရွိေသးတဲ့ သူေတြကို ..ဘ၀လက္တြဲေဖာ္ရွာေပးခဲ့တဲ့…ဘုရားေက်ာင္း
ရည္း စား မ ရွိေသးတဲ့သူေတြကိုဘ၀လက္တြဲေဖာ္ရွာေပးတဲ့ဘုရားေက်ာင္း
အီတ လီမွာရွိတဲ့ စိန္႔အန္္သိုနီဘုရားေက်ာင္းဟာ ခ်စ္သူမရွိေသးတဲ့သူေတြအတြက္ ဘ၀လက္တြဲေဖာ္ရွာေဖြဖို႔ပြဲေတာ္တစ္ခုစီစဥ္ေပးထားပါတယ္။ အဲ့ဒီအစီအစဥ္ကို စိန္႔အန္သိုနီရဲ႕ေမြးရပ္ေျမ ေပၚတူဂီမွာရွိတဲ့ ဓေလ့ထံုးတမ္းတခုကေနမွီျငမ္းျပဳလုပ္ထားတာျဖစ္ျပီး ဘ၀လက္တြဲေဖာ္ရွာမေတြ႕ေသးတဲ့သူေတြအတြက္ျပဳလုပ္ေပးထားတဲ့အစီအစဥ္ျဖစ္ပါတယ္။
စိန္႔အန္သိုနီကိုယံုၾကည္သက္၀င္သူေတြဟာ ပစၥည္းဥစၥာေပ်ာက္ဆံုးမွဳေတြ၊ အခိုးခံလိုက္ရတဲ့ပစၥည္းေတြနဲ႔ အခ်စ္ကိုရွာေဖြဖို႔အတြက္ စိန္႔အန္သိုနီကိုယံုၾကည္ကိုးစားၾကတယ္လို႔ဆိုပါတယ္။ (မူရင္းသတင္းမွတိုက္ရိုက္ဘာသာျပန္ထားျခင္းျဖစ္ပါသည္။)
ယခုအပတ္စေနေန႔မွာ အသက္ ၂၀အရြယ္ကေန ၅၀အရြယ္အတြင္းလူလြတ္ေတြအတြက္ တစ္ေယာက္နဲ႔တေယက္အေၾကာင္းပိုမိုသိလာေစဖို႔ ေတြ႔ဆံုပြဲျပဳလုပ္ေပးျပီး ေတြ႔ဆံုပြဲအျပီးမွာ ဆုေတာင္စည္းေ၀းပြဲတခုျပုလုပ္ေပးပါတယ္။
အဲ့ဒီဆုေတာင္းပြဲမွာ ဘ၀ရဲ႕လက္တြဲေဖာ္ကိုရွာေတြ႔ဖို႔ဆုေတာင္းၾကတယ္လို႔ဆုိပါတယ္။ ညေနပိုင္းမွာေတာ့ အခ်စ္လို႔အမည္ေပးထားတဲ့ပြဲတစ္ခုကို က်င္းပဖို႔ျပင္ဆင္ထားတယ္လို႔ဆိုပါတယ္။
အဲ့ဒီပြဲေတာ္မွာပါ၀င္ဖို႔အတြက္ လူေပါင္းႏွစ္ရာေက်ာ္ဟာအမည္စာရင္းေပးသြင္းထားျပီးျပီျဖစ္ျပီး ဘုရားေက်ာင္းကတာ၀န္ရွိသူေတြကေတာ့ လာေရာက္မယ့္သူေတြနဲ႔ဘုရားေက်ာင္းမဆန္႔မွာကိုစိတ္ပူေနၾကပါတယ္။ ဒီပြဲကို တစ္ႏွစ္မွာတစ္ခါက်င္းပမွာျဖစ္ျပီး စတင္က်င္းပခဲ့တာက ၂၀၁၈ခုႏွစ္ကျဖစ္ပါတယ္။
၂၀၁၈ခုႏွစ္မွာ ပထမဆံုးက်င္းပခဲ့တုန္းက အခုလိုလူသိမမ်ားခဲ့ပဲ လူနည္းနည္းနဲ႔သာက်င္းပခဲ့ေပမယ့္ ခ်စ္သူစံုတြဲႏွစ္တြဲထြက္ေပၚလာခဲ့တယ္လို႔ဆိုပါတယ္။
အီတလီမွာ ၂၀၁၇ခုနွစ္က လူလြတ္ ၈သန္းေက်ာ္ရွိခဲ့ျပီး စစ္တမ္းေကာက္ယူခ်က္ေတြအရ ၂၀၁၂ကေနစလို႔ ၁.၅ရာခိုင္ႏွဳန္း တက္လာခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။
အခုပြဲေတာ္မွာခ်စ္သူဘ၀လက္တြဲေဖာ္ရွာဖို႔သာ က်င္းပေပးတာမဟုတ္ပဲ သူငယ္ခ်င္းမိတ္ေဆြအသစ္ေတြပါဖြဲ႕ႏိုင္ေၾကာင္းသိရပါတယ္။
Credit \\ original
Unicode Version
ရည်းစားမရှိသေးတဲ့သူတွေကိုဘဝလက်တွဲဖော်ရှာပေးတဲ့ဘုရားကျောင်း
အီတလီမှာရှိတဲ့ စိန့်အန််သိုနီဘုရားကျောင်းဟာ ချစ်သူမရှိသေးတဲ့သူတွေအတွက် ဘဝလက်တွဲဖော်ရှာဖွေဖို့ပွဲတော်တစ်ခုစီစဉ်ပေးထားပါတယ်။ အဲ့ဒီအစီအစဉ်ကို စိန့်အန်သိုနီရဲ့မွေးရပ်မြေ ပေါ်တူဂီမှာရှိတဲ့ ဓလေ့ထုံးတမ်းတခုကနေမှီငြမ်းပြုလုပ်ထားတာဖြစ်ပြီး ဘဝလက်တွဲဖော်ရှာမတွေ့သေးတဲ့သူတွေအတွက်ပြုလုပ်ပေးထားတဲ့အစီအစဉ်ဖြစ်ပါတယ်။
စိန့်အန်သိုနီကိုယုံကြည်သက်ဝင်သူတွေဟာ ပစ္စည်းဥစ္စာပျောက်ဆုံးမှုတွေ၊ အခိုးခံလိုက်ရတဲ့ပစ္စည်းတွေနဲ့ အချစ်ကိုရှာဖွေဖို့အတွက် စိန့်အန်သိုနီကိုယုံကြည်ကိုးစားကြတယ်လို့ဆိုပါတယ်။ (မူရင်းသတင်းမှတိုက်ရိုက်ဘာသာပြန်ထားခြင်းဖြစ်ပါသည်။)
ယခုအပတ်စနေနေ့မှာ အသက် ၂ဝအရွယ်ကနေ ၅ဝအရွယ်အတွင်းလူလွတ်တွေအတွက် တစ်ယောက်နဲ့တယေက်အကြောင်းပိုမိုသိလာစေဖို့ တွေ့ဆုံပွဲပြုလုပ်ပေးပြီး တွေ့ဆုံပွဲအပြီးမှာ ဆုတောင်စည်းဝေးပွဲတခုပြုလုပ်ပေးပါတယ်။
အဲ့ဒီဆုတောင်းပွဲမှာ ဘဝရဲ့လက်တွဲဖော်ကိုရှာတွေ့ဖို့ဆုတောင်းကြတယ်လို့ဆိုပါတယ်။ ညနေပိုင်းမှာတော့ အချစ်လို့အမည်ပေးထားတဲ့ပွဲတစ်ခုကို ကျင်းပဖို့ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။
အဲ့ဒီပွဲတော်မှာပါဝင်ဖို့အတွက် လူပေါင်းနှစ်ရာကျော်ဟာအမည်စာရင်းပေးသွင်းထားပြီးပြီဖြစ်ပြီး ဘုရားကျောင်းကတာဝန်ရှိသူတွေကတော့ လာရောက်မယ့်သူတွေနဲ့ဘုရားကျောင်းမဆန့်မှာကိုစိတ်ပူနေကြပါတယ်။ ဒီပွဲကို တစ်နှစ်မှာတစ်ခါကျင်းပမှာဖြစ်ပြီး စတင်ကျင်းပခဲ့တာက ၂၀၁၈ခုနှစ်ကဖြစ်ပါတယ်။
၂၀၁၈ခုနှစ်မှာ ပထမဆုံးကျင်းပခဲ့တုန်းက အခုလိုလူသိမများခဲ့ပဲ လူနည်းနည်းနဲ့သာကျင်းပခဲ့ပေမယ့် ချစ်သူစုံတွဲနှစ်တွဲထွက်ပေါ်လာခဲ့တယ်လို့ဆိုပါတယ်။
အီတလီမှာ ၂၀၁ရခုနှစ်က လူလွတ် ၈သန်းကျော်ရှိခဲ့ပြီး စစ်တမ်းကောက်ယူချက်တွေအရ ၂၀၁၂ကနေစလို့ ၁.၅ရာခိုင်နှုန်း တက်လာခဲ့တာဖြစ်ကြောင်းသိရပါတယ်။
အခုပွဲတော်မှာချစ်သူဘဝလက်တွဲဖော်ရှာဖို့သာ ကျင်းပပေးတာမဟုတ်ပဲ သူငယ်ချင်းမိတ်ဆွေအသစ်တွေပါဖွဲ့နိုင်ကြောင်းသိရပါတယ်။
Credit \\ original


