ေဆးလိပ္ေသာက္လုိ႔ အသက္ (၁၅)ႏွစ္အရြယ္ညီကုိ အစ္ကိုက လက္သီးနဲ႔ထုိး၊ ညီေသဆုံး
အေမရိကန္ အင္ဒီယာနာျပည္နယ္၊ La Porte County မွာ ဇြန္လ(၇)ရက္ေန႔က လူသတ္မႈတစ္ခု ျဖစ္ပြားခဲ့ပါတယ္။ အခင္းျဖစ္ပြားပုံမွာ ညီျဖစ္သူက Vaping လုိ႔ေခၚတဲ့ E-စီးကရက္ ေသာက္ေနတာကို အစ္ကုိက အျပစ္ေျပာဆုိ တာဆီးရင္း အခုလုိ ျဖစ္ခဲ့ရတာပါ။
တရားခံရဲ႕အမည္မွာ Tyler Kiger ျဖစ္ၿပီး၊ အသက္ကေတာ့ (၂၁)ႏွစ္ ျဖစ္ပါတယ္။ ေသဆုံးသူ ညီကေတာ့ Michael Kiger ျဖစ္ၿပီး သူကေတာ့ (၁၅)ႏွစ္ပါ။ Michael ဟာ အဖြားျဖစ္သူရဲ႕ ေနအိမ္အတြင္းမွာ E-စီးကရက္ ေသာက္သုံးခဲ့တာျဖစ္လုိ႔ အဖြားဒုကၡေရာက္မွာစုိးလုိ႔ အျပင္ထြက္ေသာက္ခုိင္းတာပါ။
တကယ္ဆုိရင္ Michael ရဲ႕ အသက္အရြယ္က ေဆးလိပ္ေသာက္ရမယ့္ အရြယ္မဟုတ္ေသးတဲ့အတြက္၊ Tyler က ေစာေစာပုိင္းကတည္းက ညီျဖစ္သူရဲ႕ အခ်ိဳးေတြကို မၾကည္ခဲ့ပါဘူး။ ဒါေၾကာင့္ အဖြားအိမ္ထဲမွာ ညီအစ္ကိုႏွစ္ေယာက္ စကားမ်ားၾကရင္း၊ ညီျဖစ္သူရဲ႕ ေခါင္းကို အစ္ကိုက လက္သီးနဲ႔ ထုိးလိုက္ပါတယ္။
Michael ဟာ ေနရာကေန ခ်က္ခ်င္းျပန္မထႏုိင္ပါဘူး။ ဒါေပမယ့္ မိနစ္ပုိင္းအၾကာမွာပဲ့ ယိုင္တိယိုင္တုိင္နဲ႔ အိမ္ကို ျပန္သြားခဲ့တာပါ။ ေနာက္ရက္မနက္မွာပဲ Michael ေသဆုံးသြားပါတယ္။ ေသမႈေသခင္းအရ လက္သီးေၾကာင့္ သူရဲ႕ ဦးေခါင္းခြံ ေက်မြသြားၿပီး၊ ဦးေနွာက္တြင္း ေသြးယုိစိမ့္မႈ ျဖစ္ခဲ့တာပါ။
Tyler ကုိ ရည္ရြယ္ခ်က္မပါေသာ လူေသေစမႈနဲ႔ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ပါတယ္။ လာမယ့္အပတ္မွာ သူ႕အမႈကို ၾကားနာဖုိ႔ ရွိပါတယ္။ သူ႕အေနနဲ႔ အာမခံအခ်ဳပ္လႊတ္ျဖင့္ အမႈကို ထုေခ်လုိပါက La Porte County Jail မွာ အာမခံေၾကး ေဒၚလာ (၁၅၀၀၀) ေပးသြင္းရမွာလုိ႔ သိရပါတယ္။
Credit \\ original
ယူနီကုဒ်ဖြင့် ဖတ်ရန်-
အမေရိကန် အင်ဒီယာနာပြည်နယ်၊ La Porte County မှာ ဇွန်လ(၇)ရက်နေ့က လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အခင်းဖြစ်ပွားပုံမှာ ညီဖြစ်သူက Vaping လို့ခေါ်တဲ့ E-စီးကရက် သောက်နေတာကို အစ်ကိုက အပြစ်ပြောဆို တာဆီးရင်း အခုလို ဖြစ်ခဲ့ရတာပါ။
တရားခံရဲ့အမည်မှာ Tyler Kiger ဖြစ်ပြီး၊ အသက်ကတော့ (၂၁)နှစ် ဖြစ်ပါတယ်။ သေဆုံးသူ ညီကတော့ Michael Kiger ဖြစ်ပြီး သူကတော့ (၁၅)နှစ်ပါ။ Michael ဟာ အဖွားဖြစ်သူရဲ့ နေအိမ်အတွင်းမှာ E-စီးကရက် သောက်သုံးခဲ့တာဖြစ်လို့ အဖွားဒုက္ခရောက်မှာစိုးလို့ အပြင်ထွက်သောက်ခိုင်းတာပါ။
တကယ်ဆိုရင် Michael ရဲ့ အသက်အရွယ်က ဆေးလိပ်သောက်ရမယ့် အရွယ်မဟုတ်သေးတဲ့အတွက်၊ Tyler က စောစောပိုင်းကတည်းက ညီဖြစ်သူရဲ့ အချိုးတွေကို မကြည်ခဲ့ပါဘူး။ ဒါကြောင့် အဖွားအိမ်ထဲမှာ ညီအစ်ကိုနှစ်ယောက် စကားများကြရင်း၊ ညီဖြစ်သူရဲ့ ခေါင်းကို အစ်ကိုက လက်သီးနဲ့ ထိုးလိုက်ပါတယ်။
Michael ဟာ နေရာကနေ ချက်ချင်းပြန်မထနိုင်ပါဘူး။ ဒါပေမယ့် မိနစ်ပိုင်းအကြာမှာပဲ့ ယိုင်တိယိုင်တိုင်နဲ့ အိမ်ကို ပြန်သွားခဲ့တာပါ။ နောက်ရက်မနက်မှာပဲ Michael သေဆုံးသွားပါတယ်။ သေမှုသေခင်းအရ လက်သီးကြောင့် သူရဲ့ ဦးခေါင်းခွံ ကျေမွသွားပြီး၊ ဦးနှောက်တွင်း သွေးယိုစိမ့်မှု ဖြစ်ခဲ့တာပါ။
Tyler ကို ရည်ရွယ်ချက်မပါသော လူသေစေမှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ လာမယ့်အပတ်မှာ သူ့အမှုကို ကြားနာဖို့ ရှိပါတယ်။ သူ့အနေနဲ့ အာမခံအချုပ်လွှတ်ဖြင့် အမှုကို ထုချေလိုပါက La Porte County Jail မှာ အာမခံကြေး ဒေါ်လာ (၁၅၀၀၀) ပေးသွင်းရမှာလို့ သိရပါတယ်။
Credit \\ original



