“ေရကန္ေဆာက္လုပ္ဖို႔ အလႉေငြ (၂၅)သိန္း လႉဒါန္းခဲ့တဲ့ ခန႔္စည္သူ”
ခန္႕စည္သူက ေက်ာက္ပန္းေတာင္းဘိုးဘြား ရိပ္သာျဖစ္ေျမာက္ေရးအဖြဲ႕အတြက္ လိိုအပ္ေနတဲ့ စက္ေရတြင္းနဲ႕ ေရကန္အတြက္ လိုအပ္တဲ့ ေငြေတြကို သြားေရာက္လွဴဒါန္းခဲ့တာပါ။ ဘာသာေရး လို္က္စားရံုသာမက အလွဴအတန္းမွာလည္း ရက္ေရာသူတစ္ေယာက္ပါ။
ဒီေန႕(ဇြန္လ၁၁ရက္)ေန႕က ခန္႕စည္သူရဲ႕ ေမြးေန႕ပါ။ ခန္႕စည္သူက သူ႕ရဲ႕ ေမြးေန႕ေလးမွာ အလွဴအတန္းေတြ ျပဳလုပ္လ်က္ရွိတာ ေတြ႕ရပါတယ္။ ခန္႕စည္သူဟာဆိုရင္ ဒီေန႕မွာ ေက်ာက္ပန္းေတာင္း ဘိုးဘြားရိပ္သာျဖစ္ေျမာက္ေရးအဖြဲ႕အတြက္ လိုအပ္ေနတဲ့ စက္ေရတြင္းနဲ႕ ေရကန္အတြက္ အလွဴေငြ သြားေရာက္လွဴဒါန္းခဲ့ပါတယ္။ အဲဒီလို သြားေရာက္လွဴဒါန္းတဲ့ ေနရာမွာ ေမတၱာသဂၤဟအဖြဲ႕ စက္ေရတြင္းအတြက္ လွဴဒါန္းခဲ့ၿပီး ခန္႕စည္သူကေတာ့ ေရကန္ေဆာက္လုပ္ဖို႕အတြက္ အလွဴေငြ (၂၅)သိန္း လွဴဒါန္းခဲ့တယ္လို႕ဆိုပါတယ္။
“ေက်ာက္ပန္းေတာင္းဘိုးဘြားရိပ္သာျဖစ္ေျမာက္ေရးအဖြဲ႕အတြက္လိုအပ္ေနေသာစက္ေရတြင္းကိုေမတၱာသဂၤဟအဖြဲ႕ကိုယ္စားလႉဒါန္း၍ ေရကန္ကို ယေန႔က်ေရာက္ေသာ ေမြးေန႔အထိမ္းအမွတ္အျဖစ္ (၂၅)သိန္းလႉဒါန္းခဲ့ပါတယ္။လႉဒါန္းမႈအစုစုတို႔အား (၇)ရက္သား၊သမီးအေပါင္းတို႔ကို မွ်ေဝပါတယ္။သာဓုေခၚဆိုႏိုင္ၾကပါေစခင္ဗ်ာ” ဆိုၿပီး ဇြန္လ(၁၁) ရက္ေန႕ သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာေတြ႕ရပါတယ္။
ခန္႕စည္သူဟာ ေမတၱာသဂၤဟအဖြဲ႕ကို တည္ေထာင္ထားသူ တစ္ဦးျဖစ္လည္း ျဖစ္ပါတယ္။ သူတည္ေထာင္ထားတဲ့ ေမတၱာသဂၤဟအဖြဲ႕မွာဆိုရင္ အႏုပညာရွင္ေတြလည္း ပါဝင္ထားၾကၿပီး လိုအပ္တဲ့ေနရာေတြမွာ ထိထိေရာက္ေရာက္လွဴဒါန္းမႈ ျပဳေနတဲ့ အဖြဲ႕ပါ။ ခန္႕စည္သူဟာ အဲဒီအဖြဲ႕နဲ႕အတူ အလွဴအတန္းေတြ စဥ္ဆက္မျပတ္ျပဳလု ပ္ေနလ်က္ရွိပါတယ္။ ေမြးေန႕မွာလည္း အလွဴအတန္းေတြနဲ႕ ျဖတ္သန္းေနတဲ့ ခန္႕စည္သူကိုၾကည့္ၿပီး ပရိသတ္ေတြ သာဓုေခၚဆိုေနၾကပါတယ္။
ခန္႕စည္သူဟာ လက္ရွိမွာ ရုပ္ရွင္ဇာတ္ကားႀကီးေတြ ရိုက္ကူးလ်က္ရိွိၿပီး ခိုင္သင္းၾကည္၊ ထြန္းအိျႏၵာဗိုလ္တိုနဲ႕အတူ တည္ေထာင္ထားတဲ့ “ခသံုးလံုး” ရုပ္ရွင္ထုတ္လုပ္ေရးကေန ရုပ္ရွင္ဇာတ္ကားႀကီးေတြ ရို္က္ကူးလ်က္ရွိပါတယ္။
Credit: Duwun
Unicode Version
ခန့်စည်သူက ကျောက်ပန်းတောင်းဘိုးဘွား ရိပ်သာဖြစ်မြောက်ရေးအဖွဲ့အတွက် လိုအပ်နေတဲ့ စက်ရေတွင်းနဲ့ ရေကန်အတွက် လိုအပ်တဲ့ ငွေတွေကို သွားရောက်လှူဒါန်းခဲ့တာပါ။ ဘာသာရေး လိုက်စားရုံသာမက အလှူအတန်းမှာလည်း ရက်ရောသူတစ်ယောက်ပါ။
ဒီနေ့(ဇွန်လ၁၁ရက်)နေ့က ခန့်စည်သူရဲ့ မွေးနေ့ပါ။ ခန့်စည်သူက သူ့ရဲ့ မွေးနေ့လေးမှာ အလှူအတန်းတွေ ပြုလုပ်လျက်ရှိတာ တွေ့ရပါတယ်။ ခန့်စည်သူဟာဆိုရင် ဒီနေ့မှာ ကျောက်ပန်းတောင်း ဘိုးဘွားရိပ်သာဖြစ်မြောက်ရေးအဖွဲ့အတွက် လိုအပ်နေတဲ့ စက်ရေတွင်းနဲ့ ရေကန်အတွက် အလှူငွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။ အဲဒီလို သွားရောက်လှူဒါန်းတဲ့ နေရာမှာ မေတ္တာသင်္ဂဟအဖွဲ့ စက်ရေတွင်းအတွက် လှူဒါန်းခဲ့ပြီး ခန့်စည်သူကတော့ ရေကန်ဆောက်လုပ်ဖို့အတွက် အလှူငွေ (၂၅)သိန်း လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။
“ကျောက်ပန်းတောင်းဘိုးဘွားရိပ်သာဖြစ်မြောက်ရေးအဖွဲ့အတွက်လိုအပ်နေသောစက်ရေတွင်းကိုမေတ္တာသင်္ဂဟအဖွဲ့ကိုယ်စားလှူဒါန်း၍ ရေကန်ကို ယနေ့ကျရောက်သော မွေးနေ့အထိမ်းအမှတ်အဖြစ် (၂၅)သိန်းလှူဒါန်းခဲ့ပါတယ်။လှူဒါန်းမှုအစုစုတို့အား (၇)ရက်သား၊သမီးအပေါင်းတို့ကို မျှဝေပါတယ်။သာဓုခေါ်ဆိုနိုင်ကြပါစေခင်ဗျာ” ဆိုပြီး ဇွန်လ(၁၁) ရက်နေ့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
ခန့်စည်သူဟာ မေတ္တာသင်္ဂဟအဖွဲ့ကို တည်ထောင်ထားသူ တစ်ဦးဖြစ်လည်း ဖြစ်ပါတယ်။ သူတည်ထောင်ထားတဲ့ မေတ္တာသင်္ဂဟအဖွဲ့မှာဆိုရင် အနုပညာရှင်တွေလည်း ပါဝင်ထားကြပြီး လိုအပ်တဲ့နေရာတွေမှာ ထိထိရောက်ရောက်လှူဒါန်းမှု ပြုနေတဲ့ အဖွဲ့ပါ။ ခန့်စည်သူဟာ အဲဒီအဖွဲ့နဲ့အတူ အလှူအတန်းတွေ စဉ်ဆက်မပြတ်ပြုလု ပ်နေလျက်ရှိပါတယ်။ မွေးနေ့မှာလည်း အလှူအတန်းတွေနဲ့ ဖြတ်သန်းနေတဲ့ ခန့်စည်သူကိုကြည့်ပြီး ပရိသတ်တွေ သာဓုခေါ်ဆိုနေကြပါတယ်။
ခန့်စည်သူဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလျက်ရှိပြီး ခိုင်သင်းကြည်၊ ထွန်းအိန္ဒြာဗိုလ်တိုနဲ့အတူ တည်ထောင်ထားတဲ့ “ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလျက်ရှိပါတယ်။
Credit: Duwun





