“ဝတ္စားဆင္ယင္မႈေၾကာင့္ ေဆးကုသခြင့္ လိုင္စင္ပိတ္သိမ္းခံလိုက္ရတဲ ့နန္းေမြစံ”
နန္းေမြစံဆိုတဲ့ ေမာ္ဒယ္လွလွေလးကုိေတာ့ ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားသိၾကမွာပါ။ နန္းေမြစံဟာသူမရဲ႕ လွပတဲ့ခႏၶာကုိယ္ေကာက္္ေၾကာင္းေတြနဲ႔ ဆြဲေဆာင္မႈရွိတဲ့ဟန္ပန္ေတြေၾကာင့္ ပုရိသေတြအသည္းစြဲျဖစ္ေနရသလို ပရိသတ္အားေပးမႈကုိလည္းရရွိထားတဲ့ အနုပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။ ဒါ့အျပင္အနုပညာဘက္မွာထူးခြ်န္တဲ့ နန္းေမြစံက ပညာေရးပုိင္းမွာလည္းလစ္ဟင္းမႈမရွိပဲ ဆရာဝန္ဘဲြ႕ရထားသူလည္းျဖစ္ပါတယ္။ ဒါေပမယ့္္အခုမနက္မွာေတာ့ နန္းေမြစံရဲ႕ page ကေန စိတ္မေကာင္းစရာသတင္းတစ္ခုတက္လာခဲ့ပါတယ္။
အဲဒါကေတာ့ နန္းေမြစံတစ္ေယာက္ ေဆးကုသခြင့္လိုင္စင္ပိတ္သိမ္းခံလုိက္ရျပီဆိုတဲ့သတင္းပါပဲ။ နန္းေမြစံက အေထြေထြေဆးကုသခြင့္လို္င္စင္ကုိ ပိတ္သိမ္းလိုက္ေၾကာင္း အမိန္႔ေၾကာ္ျငာစာကုိ သူမရဲ႕ page မွာ “လူ႔အခြင့္အေရးဆိုတာဘာလဲ ဒီမိုကေရစီကေရာဘယ္မွာလဲ”လို႔ အဓိပၸါယ္ရတဲ့ စာသားနဲ႔အတူ တင္ထားခဲ့ပါတယ္။ ပရိသတ္ေတြကေတာ့ အဲဒီ ပို႔စ္ေအာက္မွာ နန္းေမြစံကုိအားေပးေနၾကျပီး စိတ္မေကာင္းျဖစ္ေနၾကတဲ့သူေတြ မေက်မခ်မ္းျဖစ္ေနၾကသူေတြလည္းရွိေနတာျမင္ရပါတယ္။
အမိန္႔စာထဲမွာပါဝင္တာကေတာ့ နန္းေမြစံဟာ ျမန္မာ့ယဥ္ေက်းမႈနဲ႔မသင့္ေလ်ာ္တဲ့ ဝတ္စားဆင္ယင္မႈေတြနဲ႔ facebook ေပၚမွာ ဓာတ္ပံုေတြတင္ထားတဲ့ နန္းေမြစံဟာ အဲဒီလိုလုပ္ရပ္ေတြမလုပ္ေတာ့ပါဘူးလို႔ တစ္လပုိင္း ဆယ့္ေလးရက္ကတည္းက ကတိကဝတ္ျပဳခဲ့ျပီးေနာက္မွာ ဆက္လက္လုပ္ေဆာင္ေနတာကုိေတြ႕ရတာေၾကာင့္ ၃၁.၅.၂၀၁၉ မွာက်င္းပတဲ့ ျမန္မာနုိင္ငံေဆးေကာင္စီအလုပ္အမႈေဆာင္အဖြဲ႕အစည္းအေဝးရဲ႕ဆံုးျဖတ္ခ်က္အရ နန္းေမြစံကုိ ေဆးကုသခြင့္လိုင္စင္ပိတ္သိမ္းလုိက္ေၾကာင္းပါရွိပါတယ္။
ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ နန္းေမြစံကုိအားေပးၾကလား။နန္းေမြစံကုိ ေဆးကုသခြင့္ပိတ္သိမ္းလုိက္တဲ့ကိစၥဟာ တရားမွ်တတယ္ထင္ၾကလား။ ေျပာခဲ့ၾကပါဦး။
Credit: Can’t Wait To Say
Unicode Versio
နန်းမွေစံဆိုတဲ့ မော်ဒယ်လှလှလေးကိုတော့ ပရိသတ်တွေတော်တော်များများသိကြမှာပါ။ နန်းမွေစံဟာသူမရဲ့ လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ဟန်ပန်တွေကြောင့် ပုရိသတွေအသည်းစွဲဖြစ်နေရသလို ပရိသတ်အားပေးမှုကိုလည်းရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင်အနုပညာဘက်မှာထူးချွန်တဲ့ နန်းမွေစံက ပညာရေးပိုင်းမှာလည်းလစ်ဟင်းမှုမရှိပဲ ဆရာဝန်ဘွဲ့ရထားသူလည်းဖြစ်ပါတယ်။ ဒါပေမယ့်အခုမနက်မှာတော့ နန်းမွေစံရဲ့ page ကနေ စိတ်မကောင်းစရာသတင်းတစ်ခုတက်လာခဲ့ပါတယ်။
အဲဒါကတော့ နန်းမွေစံတစ်ယောက် ဆေးကုသခွင့်လိုင်စင်ပိတ်သိမ်းခံလိုက်ရပြီဆိုတဲ့သတင်းပါပဲ။ နန်းမွေစံက အထွေထွေဆေးကုသခွင့်လိုင်စင်ကို ပိတ်သိမ်းလိုက်ကြောင်း အမိန့်ကြော်ငြာစာကို သူမရဲ့ page မှာ “လူ့အခွင့်အရေးဆိုတာဘာလဲ ဒီမိုကရေစီကရောဘယ်မှာလဲ”လို့ အဓိပ္ပါယ်ရတဲ့ စာသားနဲ့အတူ တင်ထားခဲ့ပါတယ်။ ပရိသတ်တွေကတော့ အဲဒီ ပို့စ်အောက်မှာ နန်းမွေစံကိုအားပေးနေကြပြီး စိတ်မကောင်းဖြစ်နေကြတဲ့သူတွေ မကျေမချမ်းဖြစ်နေကြသူတွေလည်းရှိနေတာမြင်ရပါတယ်။
အမိန့်စာထဲမှာပါဝင်တာကတော့ နန်းမွေစံဟာ မြန်မာ့ယဉ်ကျေးမှုနဲ့မသင့်လျော်တဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ facebook ပေါ်မှာ ဓာတ်ပုံတွေတင်ထားတဲ့ နန်းမွေစံဟာ အဲဒီလိုလုပ်ရပ်တွေမလုပ်တော့ပါဘူးလို့ တစ်လပိုင်း ဆယ့်လေးရက်ကတည်းက ကတိကဝတ်ပြုခဲ့ပြီးနောက်မှာ ဆက်လက်လုပ်ဆောင်နေတာကိုတွေ့ရတာကြောင့် ၃၁.၅.၂၀၁၉ မှာကျင်းပတဲ့ မြန်မာနိုင်ငံဆေးကောင်စီအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ နန်းမွေစံကို ဆေးကုသခွင့်လိုင်စင်ပိတ်သိမ်းလိုက်ကြောင်းပါရှိပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော နန်းမွေစံကိုအားပေးကြလား။နန်းမွေစံကို ဆေးကုသခွင့်ပိတ်သိမ်းလိုက်တဲ့ကိစ္စဟာ တရားမျှတတယ်ထင်ကြလား။ ပြောခဲ့ကြပါဦး။
Credit: Can’t Wait To Say





