ျမန္မာ့ကမ္းရုိးတန္းႏွင့္ ပင္လယ္ျပင္တြင္ လႈိင္းႀကီးၿပီး အျမင့္ ၁၂ ေပခန္႔ရွိ လႈိင္းလံုးမ်ား ျဖစ္ေပၚမည္





ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာ္တို႔မွာ မုတ္သုံေလ အားေကာင္းေနၿပီး ျမန္မာ့ကမ္း႐ုိးတန္းနဲ႔ ကမ္းလြန္ပင္လယ္ျပင္တုိ႔မွာ လႈိင္းႀကီးမယ္လုိ႔ မုိးဇလက ထုတ္ျပန္ပါတယ္။

ဒီညေနအထိခန္႔မွန္းခ်က္အရ စစ္ကိုင္းတိုင္းေအာက္ပိုင္း၊ မႏၲေလးတိုင္းနဲ႔ မေကြးတိုင္း တို႔မွာ ေနရာကြက္က်ား၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းအထက္ပိုင္း၊ ရွမ္း၊ ခ်င္းနဲ႔ ကယားျပည္နယ္တို႔မွာ ေနရာက်ဲက်ဲ၊ ကခ်င္ျပည္နယ္မွာ ေနရာစိပ္စိပ္ဈ က်န္တိုင္းနဲ႔ျပည္နယ္တို႔မွာ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာမယ္လုိ႔ ဆုိပါတယ္။


ရန္ကုန္တိုင္း၊ ဧရာ၀တီတိုင္း၊ တနသၤာရီတိုင္း ရခိုင္၊ ကရင္နဲ႔ မြန္ျပည္နယ္တို႔မွာ ေနရာကြက္ၿပီး မိုးႀကီးႏိုင္ပါတယ္။ ျမန္မာ့ကမ္း႐ိုးတန္းတေလၽွာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ တခါတရံ မိုး သက္ေလျပင္းေတြ က်ေရာက္ၿပီး လႈိင္းႀကီးႏိုင္ပါတယ္။ ေရျပင္/ေျမျပင္ေလဟာ ၁ နာရီ ၃၅ မိုင္မွ မိုင္ ၄၀ အထိ တိုက္ခတ္ႏိုင္ၿပီး လႈိင္းအျမင့္ ၉ ေပမွ ၁၂ ေပခန္႔ ရွိႏိုင္ပါတယ္။

ေနာက္ ၂ ရက္အတြင္းမွာလည္း ရန္ကုန္တိုင္း၊ ဧရာ၀တီတိုင္း၊ တနသၤာရီတိုင္း၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔တြင္ မိုးဆက္လက္ပိုေနမယ္လို႔ ဆုိပါတယ္။ ေနျပည္ေတာ္၊ ရန္ကုန္နဲ႔ မႏၱေလးၿမိဳ႕တုိ႔နဲ႔ အနီးတ၀ုိက္ေတြမွာ ေနရာကြက္က်ားနဲ႔ မိုးအသင့္အတင့္ ထစ္ခ်ဳန္း႐ြာမယ္လုိ႔ ခန္႔မွန္းထားပါတယ္။

Credit  \\  original

Unicode

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းကြီးမယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ဒီညနေအထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်း တို့မှာ နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်း၊ ချင်းနဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ကချင်ပြည်နယ်မှာ နေရာစိပ်စိပ်ဈ ကျန်တိုင်းနဲ့ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုး သက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ ရေပြင်/မြေပြင်လေဟာ ၁ နာရီ ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါတယ်။

နောက် ၂ ရက်အတွင်းမှာလည်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမယ်လို့ ဆိုပါတယ်။ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တို့နဲ့ အနီးတဝိုက်တွေမှာ နေရာကွက်ကျားနဲ့ မိုးအသင့်အတင့် ထစ်ချုန်းရွာမယ်လို့ ခန့်မှန်းထားပါတယ်။

Credit  \\  original


Recent Updates

Recent Posts Widget