ဗစ်တိုးရီးယားဖြစ်စဉ် အမှုမှန် မပေါ်ပါက အစိုးရအွန်လိုင်းစာမျက်နှာများကို ဟက်ကာတွေ တိုက်ခိုက်မည်




နေပြည်တော်မှ မူကြို ကလေးငယ် မဖွယ်မရာပြုကျင့်ခံရမှုကိစ္စ စောင့်ကြည့်မည် ဖြစ်ပြီး အမှုမှန် ပေါ်ပေါက်ခြင်း မရှိပါက အစိုးရ၏ အွန်လိုင်း စာမျက်နှာများကို တိုက်ခိုက်မည်ဟု မြန်မာ recovery အဖွဲ့ဖြစ်သည့် M4L Family က ပြောကြား သည်။

ဇွန် ၂၉ ရက်တွင် အဆိုပါ ဟက်ကာအဖွဲ့က ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာ၌ သက်ငယ် မုဒိမ်းမှုများ ပေါ်ပေါက်အောင် အများနှင့်လက်တွဲပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အမှုမှန် မပေါ်ပေါက်မချင်း အစိုးရ အွန်လိုင်း စာမျက်နှာများအား We Save You Victoria စာတန်းပါသည့် ကလေး တစ်ယောက်ပုံ (profile) အား ရသလောက် ချိန်းမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။



ဒီအမှုက တရားမျှတစွာ ပြီးဆုံးသွားမယ်လို့ ထင်ပါတယ်။ အခုထိလည်း ဘယ်အဖွဲ့ကမှ အစိုးရ အွန်လိုင်း စာမျက်နှာတွေ ကို တိုက်ခိုက်တာ မရှိသေးပါဘူး။ အဖြေကို စောင့်နေကြတာပါ။ ကျေနပ်စေလောက်တဲ့ တရားစီရင်မှု မဟုတ်ခဲ့ရင်တော့ M4L Family, M.I.H.T,9 MC အစရှိသည့် Recovery Team တွေက အစိုးရ အွန်လိုင်း စာမျက်နှာတွေအပေါ် တိုက်ခိုက်မှု တွေ လုပ်သွားပါ မယ် “ ဟု M4L Family မှ ပြောကြားသည်။

လက်ရှိအချိန်တွင် နေပြည်တော်မှ မူကြို ကလေးငယ် အဓမ္မပြုကျင့် ခံရမှုကိစ္စသည် အွန်လိုင်းတွင် လူအများ အာရုံစိုက် နေသော ကိစ္စတစ်ခုဖြစ်ပြီး နိုင်ငံတော် သမ္မတရုံး နှင့် နိုင်ငံတော် အတိုင်ပင်ခံရုံးတို့၏ လူမှုကွန်ရက် စာမျက်နှာများသို့ အမှုမှန် ပေါ်ပေါက်စေရန် တောင်းဆိုသည့် စာများကို လူအများအပြားက ပေးပို့နေပြီး အဆိုပါစာများကို လက်ခံရရှိ ကြောင်း၊ အမှုစစ်ဆေး ဖော်ထုတ်မှု ကြန့် ကြာနေရခြင်းနှင့် ပတ်သက်၍လည်း အသေးစိတ်အထိ မေးမြန်းထားပြီး အကြောင်းကြောင်းကြောင့် ကြန့်ကြာနေရခြင်းဖြစ်ကာ အမှုမှန်ပေါ်ပေါက်ရန် အချိန်အနည်းငယ် ပေးနေရခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောခွင့်ရှိသူ ဦးဇော်ဌေးက ၎င်း၏ Facebook အကောင့်တွင် ရေးသားထားသည်။

ထိုကဲ့သို့ ထုတ်ပြန်မှုအပေါ် သေချာစိစစ်နေသည်ဟု ကြားရသည့်အတွက် ဝမ်းသာကြောင်း၊ အချိန်ကာလအားဖြင့် တစ်လ ကျော် ကြာခဲ့ပြီ ဖြစ်သော်လည်း အချိန်ယူပြီး သေချာအောင် လုပ်ဆောင်နေသည့်အတွက် ၎င်းတို့အနေဖြင့် ဆက်လက် စောင့်ကြည့်မည် ဖြစ်ကြောင်း၊ ယခင်က ဖြစ်ခဲ့သည့် အမှုများကဲ့သို့ အချိန်တန်လျှင် ပြည်သူများ မေ့သွားမည်ဆိုသည့် အဖြစ်မျိုး အဖြစ်ခံမည် မဟုတ်ကြောင်း၊ အစိုးရအပေါ် တိုက်ခိုက်မှုများ ရပ်တန့်သွားစေချင်သဖြင့် ပြောကြားခြင်း မဟုတ်ဘဲ အမှန်တကယ် လုပ်ဆောင်နေသည့်အတွက် ယခုကဲ့သို့ သတင်းထုတ်ပြန်ခဲ့သည်ဟု ယုံကြည်ကြောင်း M4L Family အဖွဲ့မှ ပြောကြားသည်။

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိကကျောင်း တစ်ကျောင်းတွင် အသက် နှစ်နှစ် ရှစ်လအရွယ်ရှိ ကလေးငယ် တစ်ဦးမှာ အဓမ္မပြုကျင့်ခံရပြီး တစ်လကျော် ကြာသည်အထိ တရားခံကို ဖမ်းဆီးရမိခြင်း မရှိပေ။ ယင်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားခံ ဖမ်းဆီးရမိ စေရန်အတွက် နယ်ပယ်အသီးသီးမှ တောင်းဆိုမှုများ ပြုလုပ်လျက် ရှိသည်။

Credit  \\  original

Recent Updates

Recent Posts Widget