သူ့လိုအရူးမကို ဘယ်သူကလာယူမှာလဲဆိုတဲ့ ဖြူဖြူကျော်သိန်း





ဟိုးအရင်ကတည်းက ပရိသတ်တွေ အခိုင်အမာ ရရှိထားတဲ့ ဖြူဖြူကျော်သိန်းကတော့ လုံးဝကို အဖီးလ်တလိုင်း သီချင်းတွေပဲ ဆိုတာကြောင့် သူ့ရဲ့သီချင်းတွေကတော့ နာမည်ကြီးခဲ့ပါတယ်။



လက်ရှိမှာတော့ ဖြူဖြူဟာ သူ့ရဲ့ အဖီးလ်သီချင်းလေးတွေကို ဒွန့်လို့ရမယ့် Remix လေးတွေလုပ်ပြီး အခွေတခွေ ထုတ်ပြီး ပရိသတ်တွေကို ချပြလိုက်ပြီဖြစ်ပါတယ်။ ဖြူဖြူကတော့သူ့ရဲ့ အခွေသစ်အကြောင်းနဲ့ အချစ်ရေးအကြောင်းကို ပြောကြားသွား ခဲ့ပါတယ်။ဖြူဖြူကျော်သိန်းကတော့ 8Day နဲ့ အင်တာဗျူးမှာတော့ အိမ်ထောင်ပြုဖို့ရော အစီစဉ်ရှိလားဆိုတဲ့ မေးခွန်းကိုတော့ “အမယ်လေး မုန်းလိုက်တာဟယ်။




ကျုပ်ကို ဘယ်သူက ကောက်ခါ ငင်ခါ ယူမှာလဲ။ ဒီအရူးမကို။ မဟုတ်ဘူးလား”ခွေသစ်ထွက်လာမှာနဲ့ ပတ်သက်ပြီး “Feel ချင်တဲ့သူတွေအတွက် Feel တဲ့ သီချင်းလေးတွေ လုပ်ပေးသွားပါပြီ။ အခုကတော့ ဒွန့်တဲ့အလှည့်ပေါ့။ ခွေတခွေထွက်ဖို့ဆိုတာကလည်း ဒီခေတ်ကြီးထဲမှာ မလွယ်ပါဘူး။ ဝေ့ဝါတာရဲ့ ပံ့ပိုးမှုသာမပါရင် ဖြူဖြူတို့ ဒီအခွေကို သင်္ကြန်မတိုင်ခင် ပစ်လွှတ်နိုင်မှာ မဟုတ်ပါဘူး။ ဖြူဖြူအနေနဲ့ ဒီခွေကို သင်္ကြန်အတွက်ဆိုပြီး လုပ်တာလဲ မဟုတ်ပါဘူး။ အခွင့်ရေးပေးရင်တော့ ဒီသီချင်းတွေကို ကြိုက်တဲ့အချိန်မှာ ထုတ်ဖြစ်မှာပါ။ ဘာလို့လဲဆိုတော သင်္ကြန်ရာသီ သီချင်းတွေ မဟုတ်ပါဘူး။ ဒါပေမယ့်လည်ဒ ၂၄ ရာသီပတ်လုံးဖွင့်လို့ရပါတယ်။ ဒွန့်ချင်တဲ့ ပွဲတွေမှာ ဖွင့်လို့ရပါတယ်။ ပျော်တတ်တဲ့ ပရိသတ်တွေဆိုရင်လည်း ဒီသီချင်းလေးတွေကို နားထောင်ပြီး ခုန်နေလို့ရပါတယ်”April Fool မှာဘာလုပ်ဖို့ ရှိလဲဆိုတဲ့ အပေါ်မှာတော့ “April Fool မှာတော့ မပြောတတ်ဘူး။ သီချင်းဆိုနေမလားတော့ မပြောတတ်ပါဘူး။ ဖြူဖြူကို အဲ့ရက်တွေမှာ ပွဲလေးတွေဆိုဖို့ ပြောထားတယ်ဆိုတော့ ဘယ်မြို့မှာ ရောက်မလဲ မသိသေးဘူး”ပရိသတ်တွေကို ပြောချင်တဲ့စကားနဲ့ ပတ်သက်ပြီး “၂၄ နာရီ ၁၂ ရာသီ နားထောင်လို့ရတဲ့ အခွေလေး ဖြစ်သလို သင်္ကြန်အမှီထွက်လာတဲ့ အခွေလေး ဖြစ်တာကြောင့် အင်္ဂလိပ်သီချင်းတွေကြားမှာ ကိုယ့်ရဲ့ မြန်မာသံစဉ် Remix အခွေလေး ထွက်လာတာကြောင့် ဂုဏ်ယူလို့ရတဲ့ အခွေလေးလည်း ဖြစ်တယ်ဆိုတာကို ဖြူဖြူကြော်ငြာထိုးပါရစေလို့။ ပြီးတော့ အဒွန့်တလိုင်း ပရိသတ်တွေအတွက် ဒွန့်ဖို့အတွက် အိတ်ထဲထည့်ထားလို့ ရတဲ့ အခွေလေးလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

Credit  \\   original

Recent Updates

Recent Posts Widget