“သက္ငယ္မုဒိမ္းမႈေတြကို အရမ္းမုန္းတီးတယ္ဆိုတဲ့ သက္မြန္ျမင့္”
သက္ငယ္မုဒိမ္းမႈနဲ႔ ပတ္သက္ၿပီး ခ်စ္သုေဝရဲ႕ ေျပာစကားေတြအေပၚ သက္မြန္ျမင့္က အျပည့္အဝ ေထာက္ခံခဲ့ပါတယ္။ သူကုိယ္တုိင္ကလည္း ကေလးခ်စ္တတ္သူ ျဖစ္တာေၾကာင့္ ဒီလုိ က်ဴးလြန္သူေတြကုိ ထိေရာက္တဲ့ အျပစ္ေပးသင့္တယ္လုိ႔ ဆုိပါတယ္။
သက္မြန္ျမင့္က သမီးေလးတစ္ေယာက္ပုိင္ဆုိင္ထားတဲ့ မိခင္ျဖစ္တာေၾကာင့္ သက္ငယ္မုဒိမ္းနဲ႔ ပတ္သက္ၿပီး က်ဴးလြန္သူေတြကုိ ေသဒဏ္ခ်မွတ္သင့္တယ္လုိ႔ ဆုိပါတယ္။ ဒါေၾကာင့္ သက္ငယ္မုဒိမ္းနဲ႔ ပတ္သက္ၿပီး အဆိုေတာ္ ခ်စ္သုေဝရဲ႕ ေျပာစကားေတြကုိလည္း အျပည့္အဝ ေထာက္ခံတယ္လုိ႔ ေျပာပါတယ္။
‘’ေမေမ ထရီဇာေျပာတာေတြ အႀကီးႀကီး ေထာက္ခံပါတယ္။ ကိုယ္တိုင္ ေနမေကာင္းတာေရာ အဲဒီလိုေတြ အေမးခံရ အေၾကာင္းရာေတြ ေျပာရင္ စိတ္ခံစားခ်က္ တအားျပင္းတဲ့သူမို႔ ခံႏိုင္ရည္ရွိမွာ မဟုတ္လို႔ အဲ့ပဲြေလး မတက္ခဲ့ပါဘူး။ ကေလးခ်စ္တတ္တဲ့သူ ဆိုေတာ့ မိခင္ဘဝမေရာက္ခင္ကတည္းက ကေလးေတြ မိန္းကေလးေတြအတြက္ အဲဒီကိစၥကို တအားမုန္းတီးခဲ့တာပါ။ ခုဆို တကယ္ လူမမယ္ေလးေတြ တကယ့္ကေလးေလးေတြကိုမွ က်ဴးလြန္ၾကတယ္။ သူတို႔ကို ေသဒဏ္ မေပးသင့္ဘူးလားရွင္!!!’’ လုိ႔ဆုိပါတယ္။
သက္မြန္ျမင့္ဟာ အခုလုိ သက္ငယ္မုဒိမ္းမႈေတြေၾကာင့္ အျပစ္မဲ့တဲ့ ကေလးေတြအတြက္ လုံျခဳံမႈ မရွိေတာ့ဘူးလုိ႔ ဆုိပါတယ္။
‘’အျပစ္မဲ့ လူမမယ္ ကေလးေလးေတြတြက္ တကယ္ကို လုံျခဳံစိတ္ခ်မႈ အျပည့္အဝ ရေစခ်င္ပါတယ္။ မိဘေတြလည္း ရင္က်ိဳးရျခင္းမွ ကင္းေဝးၾကေစခ်င္ပါတယ္။ တိုင္းျပည္လည္း ေအးခ်မ္းပါေစ။ ျပည္သူေတြလည္း ေဘးကင္းလုံျခဳံ စိတ္ေအးခ်မ္းၾကရပါေစရွင္’’ ဆုိၿပီးေတာ့ ဇြန္လ ၂၇ ရက္ေန႔ ည ၇ နာရီေက်ာ္က သက္ငယ္မုဒိမ္းနဲ႔ပတ္သက္ၿပီး အင္တာဗ်ဴးေျဖထားတဲ့ ခ်စ္သုေဝရဲ႕ ဗီဒီယုိဖုိင္ေလးကုို Share လုပ္ရင္း ေျပာခဲ့တာပါ။
သက္မြန္ျမင့္ဟာ ခ်စ္စရာေကာင္းတဲ့ သားႀကီး အားခ်စ္နဲ႔ သမီးငယ္ေလး လဝန္းေမ တို႔ကုိ ပုိင္ဆုိင္ထားတဲ့ ေမေမ ျဖစ္ပါတယ္။ အားခ်စ္ကေတာ့ အခုခ်ိန္မွာ မူႀကိဳတက္တဲ့ အရြယ္ကုိ ေရာက္ေနၿပီျဖစ္ပါတယ္။ သမီးငယ္ေလး လဝန္းေမ ကေတာ့ အသက္ ၂ ႏွစ္ေက်ာ္အရြယ္ကုိ ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။ ခ်စ္စရာလည္းေကာင္းၿပီး လည္လြန္းတတ္လြန္းၾကတဲ့ ကေလးေလး ႏွစ္ေယာက္ျဖစ္ပါတယ္။
သက္မြန္ျမင့္ဟာ လက္ရွိမွာ မိသားစုကို အခ်ိန္ေပးရင္း သူမခ်စ္တဲ့အႏုပညာအလုပ္ေတြကို လုပ္ကိုင္လ်က္ရွိပါတယ္။ အကယ္ဒမီ သက္မြန္ ကေတာ့၂၀၁၄ခုႏွစ္ ေဖေဖာ္ဝါရီ(၁၄) ရက္ေန႕က ခင္ပြန္းျဖစ္သူ ကိုစစ္ႏိုင္နဲ႕ လက္ထပ္ခဲ့ၿပီး အခုဆုိရင္ သားေလးအားခ်စ္နဲ႕ သမီးေလး လဝန္းေမတို႕နဲဲ႕အတူ ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘဝကို ပိုင္ဆိုင္ထားသူလည္း ျဖစ္ပါတယ္။ သက္မြန္ျမင့္က မၾကာခဏဆုိသလုိ သားနဲ႔ သမီးတုိ႔ရဲ႕ လည္လြန္း၊ တတ္လြန္းတဲ့ အေၾကာင္းေတြကုိ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးေလ့ရွိသလုိ မီဒီယာ အင္တာဗ်ဴးေတြမွာလည္း ေျဖဆုိေလ့ရွိပါတယ္။ ေမေမ သက္မြန္ျမင့္ကုိ ခ်စ္ၾကတဲ့ ပရိသတ္ေတြ ကလည္း သားႀကီး အားခ်စ္နဲ႔ သမီးငယ္ လဝန္းတုိ႔ အေပၚမွာလည္း အခ်စ္ပုိလုိ႔ေနပါတယ္။
Credit: Duwun
Unicode Version
သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ချစ်သုဝေရဲ့ ပြောစကားတွေအပေါ် သက်မွန်မြင့်က အပြည့်အဝ ထောက်ခံခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း ကလေးချစ်တတ်သူ ဖြစ်တာကြောင့် ဒီလို ကျူးလွန်သူတွေကို ထိရောက်တဲ့ အပြစ်ပေးသင့်တယ်လို့ ဆိုပါတယ်။
သက်မွန်မြင့်က သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ မိခင်ဖြစ်တာကြောင့် သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို သေဒဏ်ချမှတ်သင့်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး အဆိုတော် ချစ်သုဝေရဲ့ ပြောစကားတွေကိုလည်း အပြည့်အဝ ထောက်ခံတယ်လို့ ပြောပါတယ်။
‘’မေမေ ထရီဇာပြောတာတွေ အကြီးကြီး ထောက်ခံပါတယ်။ ကိုယ်တိုင် နေမကောင်းတာရော အဲဒီလိုတွေ အမေးခံရ အကြောင်းရာတွေ ပြောရင် စိတ်ခံစားချက် တအားပြင်းတဲ့သူမို့ ခံနိုင်ရည်ရှိမှာ မဟုတ်လို့ အဲ့ပွဲလေး မတက်ခဲ့ပါဘူး။ ကလေးချစ်တတ်တဲ့သူ ဆိုတော့ မိခင်ဘဝမရောက်ခင်ကတည်းက ကလေးတွေ မိန်းကလေးတွေအတွက် အဲဒီကိစ္စကို တအားမုန်းတီးခဲ့တာပါ။ ခုဆို တကယ် လူမမယ်လေးတွေ တကယ့်ကလေးလေးတွေကိုမှ ကျူးလွန်ကြတယ်။ သူတို့ကို သေဒဏ် မပေးသင့်ဘူးလားရှင်!!!’’ လို့ဆိုပါတယ်။
သက်မွန်မြင့်ဟာ အခုလို သက်ငယ်မုဒိမ်းမှုတွေကြောင့် အပြစ်မဲ့တဲ့ ကလေးတွေအတွက် လုံခြုံမှု မရှိတော့ဘူးလို့ ဆိုပါတယ်။
‘’အပြစ်မဲ့ လူမမယ် ကလေးလေးတွေတွက် တကယ်ကို လုံခြုံစိတ်ချမှု အပြည့်အဝ ရစေချင်ပါတယ်။ မိဘတွေလည်း ရင်ကျိုးရခြင်းမှ ကင်းဝေးကြစေချင်ပါတယ်။ တိုင်းပြည်လည်း အေးချမ်းပါစေ။ ပြည်သူတွေလည်း ဘေးကင်းလုံခြုံ စိတ်အေးချမ်းကြရပါစေရှင်’’ ဆိုပြီးတော့ ဇွန်လ ၂၇ ရက်နေ့ ည ၇ နာရီကျော်က သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး အင်တာဗျူးဖြေထားတဲ့ ချစ်သုဝေရဲ့ ဗီဒီယိုဖိုင်လေးကို Share လုပ်ရင်း ပြောခဲ့တာပါ။
သက်မွန်မြင့်ဟာ ချစ်စရာကောင်းတဲ့ သားကြီး အားချစ်နဲ့ သမီးငယ်လေး လဝန်းမေ တို့ကို ပိုင်ဆိုင်ထားတဲ့ မေမေ ဖြစ်ပါတယ်။ အားချစ်ကတော့ အခုချိန်မှာ မူကြိုတက်တဲ့ အရွယ်ကို ရောက်နေပြီဖြစ်ပါတယ်။ သမီးငယ်လေး လဝန်းမေ ကတော့ အသက် ၂ နှစ်ကျော်အရွယ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ချစ်စရာလည်းကောင်းပြီး လည်လွန်းတတ်လွန်းကြတဲ့ ကလေးလေး နှစ်ယောက်ဖြစ်ပါတယ်။
သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ သက်မွန်မြင့်က မကြာခဏဆိုသလို သားနဲ့ သမီးတို့ရဲ့ လည်လွန်း၊ တတ်လွန်းတဲ့ အကြောင်းတွေကို ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးလေ့ရှိသလို မီဒီယာ အင်တာဗျူးတွေမှာလည်း ဖြေဆိုလေ့ရှိပါတယ်။ မေမေ သက်မွန်မြင့်ကို ချစ်ကြတဲ့ ပရိသတ်တွေ ကလည်း သားကြီး အားချစ်နဲ့ သမီးငယ် လဝန်းတို့ အပေါ်မှာလည်း အချစ်ပိုလို့နေပါတယ်။
Credit: Duwun




