အေမျဖစ္သူအေနန႔ဲ ခ်စ္ေရးဆိုတာကိုျငင္းပယ္လိုက္လို႔ ကေလးကိုေသနတ္နဲ႕ပစ္သတ္လိုက္ေသာ အမ်ိဳးသား
အေမျဖစ္သူက ခ်စ္ေရးဆိုတာကိုျငင္းပယ္လိုက္လို႔ ကေလးကိုေသနတ္နဲ႕ပစ္သတ္လိုက္တဲ့အမ်ိဳးသား
အသက္ ၁၀လအရြယ္သာရွိေသးတဲ့ကေလးငယ္တစ္ေယာက္ဟာ ေသနတ္က်ည္ဆန္ေတာင့္ေတြကို ဦးေခါင္းခြံထဲကဖယ္ထုတ္ဖို႔အတြက္ ခြဲစိတ္ခန္းထဲမွာ အသက္လုေနရပါတယ္။ သံသယရွိသူအမ်ိဳးသားကိုေတာ့ လူသတ္ရန္ၾကံစည္မွဳနဲ႕တရားစြဲဆိုထားပါတယ္။
အသက္ ၂၃ႏွစ္အရြယ္ရွိျပီျဖစ္တဲ့တရားခံအမ်ိဳးသားဟာ ပါတီပြဲတစ္ခုမွာ ေသနတ္နဲ႕ပစ္ခံရတဲ့ကေလးငယ္ရဲ႕ မိခင္ျဖစ္သူကိုေတြ႔ဆံုခဲ့ျပီး လက္ကိုဆြဲကာ ကာယိအိေျႏၵပ်က္ျပားေအာင္ျပဳလုပ္ခဲ့တယ္လို႔သိရပါတယ္။ ဒါတင္မကေသးပဲ အျငင္းခံလိုက္ရတဲ့သူဟာ ပါတီပြဲကိုသမီးကေလးေခၚလာျပီးေစာေစာေရာက္ေနတဲ့မိန္းမငယ္ေလးကို အတင္းအဓမၼသူ႔ရဲ႕ေပါင္ေပၚထိုင္ေစဖို႔ၾကိဳးစားခဲ့ပါတယ္။
သူငယ္ခ်င္းမိတ္ေဆြေတြနဲ႕ မိသားစုေတြကိုျဖစ္ပ်က္ခဲ့သမွ်အေၾကာင္းစံုကိုျပန္ေျပာျပျပီး သမီးကေလးကို ေခၚကာခင္မင္သူအမ်ိဳးသားတစ္ေယာက္ကိုအိမ္ျပန္လိုက္ပို႕ခိုင္းခဲ့တာသူမဟာ ကံမေကာင္းခဲ့ရွာပါဘူး။ အိမ္ျပန္ေရာက္လို႔ကားရပ္တဲ့ေနရာေရာက္တဲ့အခါမွာ သူတို႔အေနာက္ကိုလိုက္လာခဲ့တဲ့တရားခံကို ကားတံခါးကေနျပီး ေသနတ္နဲ႔သံုးခ်က္တိုင္တိုင္ကေလးငယ္ကိုပစ္ခဲ့ပါတယ္။
တရားခံဟာ ကေလးငယ္ကားထဲမွာရွိေနခဲ့တာကိုသိရက္နဲ႕ ပစ္ခဲ့တာျဖစ္ျပီး ကေလးငယ္ဟာေလာေလာဆယ္မွာခြဲစိတ္မွဳေတြကိုျပဳလုပ္ေနရတုန္းလို႔ဆိုပါတယ္။ တရားခံျဖစ္သူဟာ ေနာက္ထပ္ျပစ္မွဳတစ္မွဳကိုလည္းက်ဴးလြန္ခဲ့ျပီး ရည္းစားေဟာင္းျဖစ္သူရဲ႕ခ်စ္သူအိမ္္ကို၀င္ျပီး ေသနတ္နဲ႔အခ်က္ေပါင္းမ်ားစြာပစ္ခတ္ခဲ့တာပါ။ အဲ့ဒီအမွဳမွာလည္း ေနာက္ထပ္ကေလးငယ္တစ္ေယာက္ဒဏ္ရာရရွိခဲ့တယ္္လို႔ဆိုပါတယ္။
Credit \\ original
အမေဖြစ်သူက ချစ်ရေးဆိုတာကိုငြင်းပယ်လိုက်လို့ ကလေးကိုသေနတ်နဲ့ပစ်သတ်လိုက်တဲ့အမျိုးသား
အသက် ၁ဝလအရွယ်သာရှိသေးတဲ့ကလေးငယ်တစ်ယောက်ဟာ သေနတ်ကျည်ဆန်တောင့်တွေကို ဦးခေါင်းခွံထဲကဖယ်ထုတ်ဖို့အတွက် ခွဲစိတ်ခန်းထဲမှာ အသက်လုနေရပါတယ်။ သံသယရှိသူအမျိုးသားကိုတော့ လူသတ်ရန်ကြံစည်မှုနဲ့တရားစွဲဆိုထားပါတယ်။
အသက် ၂၃နှစ်အရွယ်ရှိပြီဖြစ်တဲ့တရားခံအမျိုးသားဟာ ပါတီပွဲတစ်ခုမှာ သေနတ်နဲ့ပစ်ခံရတဲ့ကလေးငယ်ရဲ့ မိခင်ဖြစ်သူကိုတွေ့ဆုံခဲ့ပြီး လက်ကိုဆွဲကာ ကာယိအိန္ဒြေပျက်ပြားအောင်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဒါတင်မကသေးပဲ အငြင်းခံလိုက်ရတဲ့သူဟာ ပါတီပွဲကိုသမီးကလေးခေါ်လာပြီးစောစောရောက်နေတဲ့မိန်းမငယ်လေးကို အတင်းအဓမ္မသူ့ရဲ့ပေါင်ပေါ်ထိုင်စေဖို့ကြိုးစားခဲ့ပါတယ်။
သူငယ်ချင်းမိတ်ဆွေတွေနဲ့ မိသားစုတွေကိုဖြစ်ပျက်ခဲ့သမျှအကြောင်းစုံကိုပြန်ပြောပြပြီး သမီးကလေးကို ခေါ်ကာခင်မင်သူအမျိုးသားတစ်ယောက်ကိုအိမ်ပြန်လိုက်ပို့ခိုင်းခဲ့တာသူမဟာ ကံမကောင်းခဲ့ရှာပါဘူး။ အိမ်ပြန်ရောက်လို့ကားရပ်တဲ့နေရာရောက်တဲ့အခါမှာ သူတို့အနောက်ကိုလိုက်လာခဲ့တဲ့တရားခံကို ကားတံခါးကနေပြီး သေနတ်နဲ့သုံးချက်တိုင်တိုင်ကလေးငယ်ကိုပစ်ခဲ့ပါတယ်။
တရားခံဟာ ကလေးငယ်ကားထဲမှာရှိနေခဲ့တာကိုသိရက်နဲ့ ပစ်ခဲ့တာဖြစ်ပြီး ကလေးငယ်ဟာလောလောဆယ်မှာခွဲစိတ်မှုတွေကိုပြုလုပ်နေရတုန်းလို့ဆိုပါတယ်။ တရားခံဖြစ်သူဟာ နောက်ထပ်ပြစ်မှုတစ်မှုကိုလည်းကျူးလွန်ခဲ့ပြီး ရည်းစားဟောင်းဖြစ်သူရဲ့ချစ်သူအိမ််ကိုဝင်ပြီး သေနတ်နဲ့အချက်ပေါင်းများစွာပစ်ခတ်ခဲ့တာပါ။ အဲ့ဒီအမှုမှာလည်း နောက်ထပ်ကလေးငယ်တစ်ယောက်ဒဏ်ရာရရှိခဲ့တယ််လို့ဆိုပါတယ်။
Credit \\ original



